ေဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ မင်္ဂလာအခမ်းအနားတခုက သတို့သား လုပ်ငန်းခွင်မှာ ဖိအားပေးခံရ

နွယ်ပင်January 12, 20111min1178

ဇန်နဝါရီလ ၁ ရက်နေ့မှာ မောင်မင်းဆုမွန် နဲ့ မခင်ဝါဝါလှိုင် တို့ရဲ့ မင်္ဂလာအခမ်းအနားကို အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အတွက် Movie5 မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်မင်းဆုမွန် ဟာ သူ့အလုပ်တာဝန်ထဲမှာ အထက်အာဏာပိုင်တွေရဲ့ ဖိအားပေးခြင်းကို ခံရပါတယ်။

သတိုးသား မောင်မင်းဆုမွန်ဟာ Movie5 မှာ တာယူဝန်ဆောင်ရွက်လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။ အဆိုတော် ထူးအိမ်သင် နဲ့ ညီအကိုတော်စပ်သူလည်းဖြစ်ပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မိသားစုခြင်း ရင်းနှီးသူတဦးလည်း ဖြစ်ပါတယ်။ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ သူ့ရဲ့ မင်္ဂလာပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လာတဲ့အတွက် အာဏာပိုင်တွေဘက်က အမြတ်ဒေါသဖြစ်ပြီး မောင်မင်းဆုမွန်ကို လက်ရှိလုပ်ကိုင်နေတဲ့ တာဝန်မှ နှုတ်ထွက်စာတင်ခိုင်းတာကို ခံခဲ့ရပါတယ်။

Movie5 မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မောင်မင်းဆုမွန်ရဲ့ အပေါင်းအသင်းအသိုင်းအဝိုင်းတွေက သူ့ကို အလုပ်က ထုပ်ပစ်မယ်ဆိုရင် သူတို့ပါ မလုပ်တော့ဘူးဆိုပြီး ထွက်စာဝိုင်းတင်ကြပါတယ်။ ခုဆိုရင် ရုံးသူရုံးသား အပေါင်းအသင်း တွေအားလုံး အလုပ်ထွက်စာဝိုင်းတင်ကြတဲ့အတွက် အထက်အာဏာပိုင်တွေက မောင်မင်းဆုမွန် အပါအဝင် ထွက်စာ တင်သူအားလုံးကို အလုပ်မှာ ပြန်လည်ခန့်အပ်ထားလိုက်ရတယ်လို့ Movie5 အသိုင်းအဝိုင်းမှ ပြောပြလာတဲ့အတွက် သိရှိရပါတယ်။

naytthit.net မှဖော်ပြပါသည် ။

8 comments

  • phantom

    January 12, 2011 at 5:10 am

    တကယ်လား တကယ်ဆိုရင်တော့ ဆိုးတယ် ဘာဖြစ်လဲ ဒီလိုမျိုးလုပ်ကြေးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတယ်ဆိုပြီးတော့ လူတောပေးမတိုးဘူးပေါ့ ဒီလိုလား သူလဲလူမှုရေးရှိတာပဲ ဒီမိုကရေစီပေးမယ်ဆိုပြီး ဒီလောက်လေးတောင် ဟိုပိတ်ပင် ဒီပိတ်ပင်ဆိုရင် ဘာလဲ ဒီမိုကရေစီ ????????? အရူးပဲ

  • yuyu

    January 12, 2011 at 5:38 am

    အေးလေဒါတော့မကောင်းဘူးပေါ့ အခုအေးဆေးပြန်ဖြစ်သွားပြီမဟုတ်လား
    ဒါပဲလေ

  • etone

    January 12, 2011 at 6:22 am

    မိုက်ရိုင်းတာက လွန်လွန်းတယ် ။ သူများ သာရေး ၊ နာရေးသွားလည်း သိပ်စိတ်ဝင်စားတာပဲနော် … ။ အားလုံးလူညီဖို့ အရေးကြီးပါတယ် .. အခုပဲကြည့် စည်းလုံးခြင်းရဲ့ အင်အားကြောင့် ဘယ်လိုဖြစ်လဲဆိုတာ …

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 12, 2011 at 6:35 am

    ကျုပ်တို ့US မှာဆိုရင်တော့
    ဒါကို ဟိုလိုလုပ်
    ဟိုကို ဒါကိုလုပ်
    ( တဂျီး အချားကြောပေးဒါ )
    လုပ်ပါဦး
    သဂျီးရဲ ့US မှာဆို ဘယ်လိုလဲဆိုတာ

    • kai

      January 12, 2011 at 9:55 am

      ပြီးခဲ့တဲ့တပါတ်ကတော့ အာရီဇိုးနားပြည်နယ်မှာ .. လုပ်ထားတာရှိတယ်..။
      ့ပြည်သူတယောက်က .. အစိုးရလုပ်တာမကျေနပ်တော့ .. သေနတ်ဝယ်.. ကျည်အပြည့်ထည့်ပြီး ဥပဒေပြုလွတ်တော်အမတ်ပစ်သတ်တာပဲ..။

      မြန်မာပြည်ကလူတွေကတော့ .. သေနတ်ဘယ်ဝယ်လို့ရမလဲ..။ ဒီတော့..
      ဈေးသွားပြီး .. သနပ်(ပိုချဉ်အောင် သံပုရာသီးသနပ်) ဝယ်ပြီး ပစ်ထည့်လိုက်..။

  • u u

    January 12, 2011 at 7:14 am

    အခုတော့အားလုံးပြန်ခန့်လိုက်မယ် ပြီးမှ….. ပြီးမှ……..

  • cobra

    January 12, 2011 at 8:34 am

    မဆိုင်လိုက်တာဗျာ……..
    ဒီအစိုးကဘာတွေလုပ်နေတာလဲ….။

  • လင်းဝေကျော်

    January 12, 2011 at 9:44 am

    သူခိုးတွေ လူလိမ်တွေ ခေါ်ပြီး မင်္ဂလာပွဲတက်ခိုင်းရင်တော့ ဘာမှမဖြစ်ပါဘူး။
    မိုက်….. သူဂျီးကို ဘာသွား ခလုတ်တိုက်တာတုန်း။
    USမှာဆိုရင် ဒါမျိုးကို Discriminate လုပ်တယ်ဆိုပြီး company ကို ပြန်တရားစွဲလို့ရတယ်။

Leave a Reply