စစ်မှုထမ်းဖို့ဆိုပြီး စည်းရုံးခြိမ်းခြောက်မှုတွေရှိလာ

နွယ်ပင်January 13, 20111min560

မန်မာနိုင်ငံမှာ စစ်မှုမထမ်း မနေရ အမိန့်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက နအဖက အမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းမှာ လူငယ်တွေကို ဆင့်ခေါ်ကာ စစ်မှုထမ်းဖို့ စည်းရုံး ပြောဆိုတာတွေ၊ ခြိမ်းခြောက် ပြောဆိုတာ ရှိနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ငပြေမကျေးရွာအုပ်စု နဲ့ ပေါင်းတည်ကျေးရွာအုပ်စုတွေမှာ သက်ဆိုင်ရာ ရာအိမ်မှုး ဆယ်အိမ်းမှုးတွေက အသက် (၁၈) ကနေ (၄၅) နှစ်အတွင်း လူငယ်တချို့ကို မလာမနေရ ဆင့်ခေါ်ပြီး စစ်မှုထမ်းဖို့ ပြောဆိုတဲ့အကြောင်း အဲဒီဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီဆင့်ခေါ်မှုအတွက် လူငယ်တစ်ရာလောက် တတ်ရောက်ခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ စစ်မှုထမ်းဖို့ အမိန့်နဲ့ ပြောဆိုတာထက် စစ်သားစုစောင်းတဲ့ ပုံစံမျိုး တွေ့ရတယ်လို့ သိရပါတယ်။

နောက်ပြီး ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာတော့ အသက် (၁၈) နှစ်ကနေ (၄၅)နှစ် အတွင်းရှိသူတွေကို စာရင်း စကောက်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောဆို ဆောင်ရွက်တာမျိုးတော့ မရှိဘူးလို့ ဒေသခံ ကျောင်းသားတစ်ဦးက ပြောပါတယ်။

စစ်မှုမထမ်း မနေရ ဆိုတဲ့သတင်းဟာ ပြန့်နှံ့နေပေမယ့် အစိုးရကနေ နိုင်ငံပိုင်မီဒီယာတွေကတဆင့် ထုတ်ပြန်ကြေငြာတာတော့ မတွေ့ရသေးပါဘူး။

http://www.ngunngemoe.net/feeds/posts/default