“မဆလ”ခေတ် အစိုးရကတောင် လက်ဖျားခါရလောက်တဲ့ “နအဖ” ရဲ့ဒီမိုကရေစီလမ်းပြမြေပုံ

maungmoenyoJanuary 12, 20111min1297

“ဒီမိုကရေစီ” ဆိုတဲ့ဝေါဟာရအဓိပ္ပါယ် ကို “အများပြည်သူရဲ့သဘောဆန္ဒကိုအလေးဂရုပြုလိုက်နာခြင်း” လို့ဘဲ မောင်မိုးညိုက ရိုးသားစွာ နားလည်သဘောပေါက်မိပါတယ်။ မနေ့က မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ အမည်ခံ စစ်အစိုးရက ကြေငြာချက် (၃) ခုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး နေပြည်တော် နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ လွှတ်တော်အသီးသီးကို ဒီဇင်ဘာ (၃၁) ရက်မှာ ကျင်းပကြဘို့ ထုတ်ပြန်ခဲ့တာကိုဖတ်လိုက်မိပါတယ်။ ထုံးစံအတိုင်းလူထုအများက စစ်အစိုး၇ရဲ့ လုပ်နေကျလှည့်ကွက် လုပ်ဇာတ်တွေကိုသိပြီးမို့ သိပ်အလေးမထားကြပါဘူး။ ဒါတွေဖြစ်လာမဲ့အရေးကိုသိပြီးဖြစ်နေတဲ့နိုင်ငံတကာအသိုင်းအဝန်းကလည်း စစ်အစိုး၇ရဲ့ လုပ်ရပ်တွေကို ရှုတ်ချတာ၊ အပြစ်တင်တာတွေကလွဲလို့သိပ်လုပ်နိုင်တဲ့အနေအထားမတွေ့ရပါဘူး။ မြန်မာရဲ့အဓိကမိတ်ဖက်တွေဖြစ်တဲ့ တရုတ်နဲ့အာဆီယံ နိုင်ငံတွေကလည်းစစ်အစိုး၇ရဲ့လုပ်ရပ်တွေကို ကွယ်ရာမှာတိုးတိုးတိပ်တိပ်လက်တို့သတိပေးပေမဲ့ သူတို့ရဲ့အကြံပေးချက်၊ မေတ္တာရပ်ခံချက်တွေ အားလုံးလိုလိုကလဲ အဟောသိကံ ဖြစ်ပေါင်းမနဲတော့တာ အဲ့ဒီနိုင်ငံတွေကလဲသိပြီးသားပါ။

အမျိုးသားညီလာခံကစပြီး ခုလွှတ်တော်တွေခေါ်ယူတဲ့အချိန်အထိ သွားတဲ့ လမ်းပြမြေပုံ (၇)ချက်မှာ (နိုင်ငံတကာစံနှုန်းနဲ့) တိုင်းတာတဲ့ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကိုဖေါ်ဆောင်တဲ့ အချက်တချက် တလေကိုတောင်မှ မမြင်ရပါဘူး။ အမျိုးသားညီလာခံကျင်းပစဉ်ကလဲ သူတို့စိတ်ကြိုက်ကိုယ်စားလှယ်များကိုရုပ်ပြကောင်းအောင် “အလွှာစုံ၊ လူတန်းစား ပေါင်းစုံ နဲ့ တိုင်းရင်းသားပေါင်းစုံ” အမည်ခံ ခါတော်မှီကိုယ်စားလှယ်တွေ ထဲ့ပြီး လက်ညှိုးထောင်ခေါင်းညှိမ့်လုပ်စေခဲ့တာ အထင်အရှားပါ။ စကားများတဲ့ကိုယ်စားလှယ်တွေကိုလဲ နည်းမျိုးစုံနဲ့ အကြောင်းရှာပြီး ညီလာခံကနေကန်ထုတ်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ရှင်းပါတယ်…အများကိုယ်စားလှယ်တွေရဲ့ ဆန္ဒသဘောထားကို လေးစားလိုက်နာခြင်းမရှိဘူးဆိုတဲ့ ပြစ်ချက်တွေပါဘဲ။ အဲ့ဒီညီလာခံကနေ စစ်အုပ်ချုပ်ရေးအသွင်ကိုတရားဝင်အသက်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလဲ (၂၀၀၈) မှာတနိုင်ငံလုံးနီးပါးကခံစားခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ဒါဏ်ဖြစ်တဲ့ “နာဂစ်”မုန်တိုင်းကြောင့်အလူးအလဲ ခံရချိန်ရက်ပိုင်းတွေအတွင်းမှာ၊ (မဲထဲ့ဘို့နေနေသာသာ အသက်အတွက်ဖက်နဲ့ထုပ်နေရချိန်) မှာ ထောက်ခံမဲ (၉၀) ကျော်နဲ့ ခတ်တည်တည်ဘဲ အတည်ပြုခဲ့ပါတယ်။

ရွေးကောက်ပွဲကိုလဲ ကြိမ်းသေပေါက်နိုင်နိုင်တဲ့ နည်း(၂)နည်းဖြစ်တဲ့ – ကြိုတင်မဲနည်း နဲ့ ကျန်ကိုယ်စားလှယ်လောင်းတွေကိုရက်နဲနဲဘဲအချိန်ပေးတဲ့နည်းတွေ နဲ့ (၇၀%) ကျော်မဲဆန္ဒနယ်တွေမှာ စစ်အစိုးရ ကိုယ်စားလှယ်တွေဖြစ်တဲ့ ကြံ့ဖွံ့ ပါတီက အနိုင်နဲ့ပိုင်းခဲ့ပါတယ်။ စစ်အစိုး၇ရဲ့ အစွမ်းထက်တဲ့ နည်းဗျူဟာတခုဖြစ်တဲ့ ရက်နဲနဲဘဲလူထုကိုကြိုတင်အသိပေးတဲ့နည်းက တော်တော်ခရီး ရောက်အောင်မြင်နေပုံရနေတာအမှန်ပါဘဲ။ ပြီးခဲ့တဲ့ လမ်းပြမြေပုံရဲ့အဓိက ကိစ္စတိုင်းလိုလိုမှာ ကိစ္စမှန်သမျှလျို့ဝှက်စည်းဝါးရိုက်ပြီး ပြည်သူလူထုကို ရက်နဲ့နဲသာကြိုတင်အသိပေးပြီး ချိန်ကိုက်လုပ်ဇာတ်ခင်းတာတွေ ဟာ နိုင်ငံတကာရဲ့အမြင်မှာအထင်သေးစရာ၊ အပြစ်ပြောစရာဖြစ်ခဲ့ပေမဲ့ စစ်အစိုး၇ရဲ့ လိုချင်တဲ့ရည်မှန်းချက်ကိုတော့ကွက်တိ ဝင်သွားအောင် ဆောင်ရွက်သွားနိုင်တာကိုမြင်ရပါတယ်။ အမြင်ဆိုးပေမဲ့အတော်ခရီးရောက်တဲ့ကိစ္စပါ။

မဆလအစိုးရခေတ်က တပါတီစနစ်ဖြစ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေဆုံးဖြတ်ရတဲ့ကိစ္စတွေကို ဗဟိုကော်မီတီအစည်းအဝေးမှာတင်ပြအတည်ပြုချက် ယူရပါတယ်။ ပြီးမှနောက်တနေ့လွှတ်တော်မှာအဆုံးအဖြတ်ရယူရတာမို့၊ တပါတီစနစ်ပင်ဖြစ်သော်ငြားလဲဘဲ၊ သူ့ စနစ်နဲ့သူ နည်းလမ်းတကျလုပ်ရပါသေးတယ်။ ခုကတော့ရှင့်းပါတယ်။ ကြံ့ဖွံ့ပါတီ ကနေပြည်တော်မှာလက်သိပ်ထိုးလျှို့ဝှက်အစည်းအဝေးတွေနေ့မီးညမီးနဲ့ ပြီးခဲ့တဲ့လပိုင်းတွေကလုပ်ပြီး (အမှန်တော့ ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့ ကဆုံးဖြတ်ပြီးသားကိစ္စတွေ) ကို လာမဲ့ ဒီဇင်ဘာ(၃၁) လွှတ်တော်ပေါင်းစုံအစည်းအဝေးမှာ ဆွေးနွေးသူမရှိ၊ ကန့်ကွက်သူမရှိနေ့ချင်းညချင်းအတည်ပြုကြမဲ့အစီအစဉ်တွေ စည်းဝါးရိုက်ပြီးသားပါ။ ပါတီစုံဒီမိုကရေစီစနစ် ကိုဦးတည်တဲ့ စစ်အစိုးရသဘောထာအမှန် ဆိုတာကိုယုံအောင်ဘယ်လိုပြောပြော လက်ခံနားထောင်တဲ့သူရယ်လို့ မတွေ့မိပေါင်။ ဘာတဲ့..မောင်မိုးညိုရဲ့ရင်းနှီးတဲ့သူငယ်ချင်းတယောက်ကတောင်ဒီလိုမှတ်ချက်ပေးတာကြားဘူးပါရဲ့…..”ခုခေတ်စစ်အစိုး၇ရဲ့ဖေါက်ပြန်မှုတွေကိုကြည့်လိုက်တော့ မဆလအစိုးရခေတ်ကသူတွေက၊ saint လို့ခေါ်တဲ့ ရဟန္တာတွေနဲ့တောင်ခိုင်းနှိုင်းလို့ရနေပါပေါ့လား”…လို့။ ဒါတွေကြည့်ပြီး မဆလတဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကခေါင်းဆောင်ပိုင်း ကတောင် (တချိန်ကအာဏာပိုင်ဘုန်းမီးနေလတောက်ခဲ့ကြသူတွေ) ဩချရအောင်လက်ဖျားခါကြမယ်ဆိုတာ ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနဲ့သိသာထင်ရှားလှကြောင်းပါခင်ဗျား…။

7 comments

  • phantom

    January 12, 2011 at 6:47 am

    ကြံ့ဖွတ်ရဲ့ လုပ်ရပ်တွေကတော့ မပြောချင်လောက်အောင် လွန်တယ် ကျွန်တော် အင်းလေး ဖောင်တော်ဦးဘုရားပွဲ သွားတဲ့အချိန်တုန်းက ဘုရားဖောင်ကိုဆွဲတဲ့ ဆွဲလှေတွေမှာ ကြံ့ဖွတ်အလံတွေထူခိုင်းပြီး ဆွဲခဲ့ကြတယ် ဘုရားပွဲမှာ မဲဆွယ်တာ တရားလွန်ပါတယ်။ အရုပ်လည်းဆိုးပါတယ်။ အဲဒီတုန်းက ဓါတ်ပုံရိုက်ပြီး အွန်လိုင်းတင်ဖို့ လုပ်ခဲ့ပေမယ့် ကွန်တွေက သိတဲ့အတိုင်း ပြတ်နေတော့ တင်လို့မရခဲ့ဘူး အခုတော့ အဲဒီပုံတွေဖျက်တဲ့အထဲပါသွားလို့ ကံကောင်းသွားတယ် သူတို့တွေ အာဏာကို ဘယ်လက်ကနေ ညာလက်ပြောင်းပြီး ကိုင်တဲ့ကိစ္စကို ပါတီစုံ ဘာညာနဲ့ လူကြားကောင်းအောင် ဟစ်ခဲ့တာ။

  • zaw min

    January 12, 2011 at 8:29 am

    ‘ရ’ ဟုရိုက်ရာတွင် ‘၇’ကို Shift ခံ၍ရိုက်ပါ။
    ၁၉၆၂ မှ ၁၉၈၈ အထိ မ.ဆ.လ…….၁၉၈၈ မှ နောင်ဘယ်တော့ အထိ မသိပါ။ န.အ.ဖ ဘောင်းဘီ ချွတ် ကြံ့ ဖွတ် ….တို့အာဏာတည်မြဲရေး….ပြည်သူအများတိုင်းပြည်အတွင်း မနေနိုင်အောင်ဆောင်ရွက်ရေး….တရုပ်နှင့်ကုလားတို့၏တိုင်း ပြည်အဖြစ်တည်ဆောက်ရေး…..ဇီးကွက်စီးပွါးရေးကိုဖေါ်ဆောင်၍ နိုက်ကလလ်များတည်ဆောက်ရေး…နိုင်ငံတော်စီးပွါးရေးတစ်ရပ်လုံးကို ဖန်တည်းနိုင်မူသည် တေဇ နှင့် ဇော်ဇော် တို့၏လက်ဝယ်တွင်ရှိရေး….

  • လင်းဝေကျော်

    January 12, 2011 at 9:38 am

    ဦးနေဝင်းကို မကြိုက်ပါဘူးဆိုမှ
    သူရဲ့ အဆိုးဆုံး စည်းကမ်းအမဲ့ဆုံး တပည့်နဲ့လာတွေ့နေတယ်

  • timothy

    January 12, 2011 at 2:02 pm

    မဆလတက်ပြီးအာဏာသိမ်းတဲ့ မတ်ချ်၂ ရက်နေ့မှာတနိုင်ငံလုံးငါ့ကျွန်ဘဝအရှင်လတ်လတ်ကျဆင်းရတာ ရာစုတဝက်ကြိုးလုနီးပါပြီ။
    တဆိပ်တုံးထုခေါင်းညှိတ်လွှတ်တော်အဖွင့်၊အမေစုကိုဖမ်းဖို့ဥပဒေတွေဘွားကနဲပေါ်လာမယ်။
    လက်ညှိုးထောင်ခေါင်းညှိတ်နဲ့ဖမ်းဖို့ဥပဒေက တရားဝင်သတင်းစာမှာတသီကြီးပါလာမယ်။
    လူထုကြီးအနေနဲ့ကတော့ညိမ်မခံဘဲအားလုံးအပြစ်ခံ၊အသေခံ၊အရိုက်ခံပြီးတော်လှန်ရေး၊လူထုလှိုင်းလုံး
    ကြီးနဲ့စစ်အစိုးရဖက်ဆစ်များကိုဖြုတ်ချဘို့အသင့်ပြင်ထားကြပါ။
    အဲဒီနေ့ရောက်ပါတော့မယ်။
    လူတိုင်းလူတိုင်းရဲ့တာဝန်ဘဲ။ ငါတို့တိုင်းပြည်နဲ့ငါတို့အမေစုကိုရန်လုပ်တဲ့သူတွေ၊တွေ့ရာသင်းချိုင်းဒါးမဆိုင်းဘဲဟေ့။

  • ဒီစောက်ရူးကောင်တွေကတော့ကွာ။ ပြည်သူတွေကို ဒီလောက်မညှင်းဆဲရင်လည်း သူတို့ဘာမှမဖြစ်ပါဘူး။ ပြည်သူတွေအပေါ်ကို နည်း နည်းလေးကောင်းပေးရင်ကိုပဲ ဒို့ဗမာဆိုတာမျိုးက ကျေးဇူးတွေတင်ပြီး ပြီးပစ်လိုက်ကြမယ့်လူတွေပါ။ ဒါကိုမသိတတ်နိုင်လွန်းတာ၊ မောက်မာလွန်းတာ၊ လူတွေကို လူမထင်တာ။ မဟုတ်မတရား ယုတ်မာလွန်းတာ။ တနေ့ဒါတွေအတွက် ပြန်ပေးဆပ်ရမယ်။ သီပေါမင်းလို ဘုရားတရားဖက်တဲ့ သူတော်ကောင်းတောင် သူကိုယ်တိုင် မကျူးလွန်ခဲ့တာတွေအတွက် ဝဋ်လိုက်ခဲ့တယ်။ မျိုးဆက်တုံးခဲ့ရတယ်။ ဒီစစ်အစိုးရတပြုံလုံး တနေ့ ပိုးစိုးပက်စက်သေရမယ်။ ဒင်းတို့ တစ်မျိုးလုံး မျိုးဆက်တုံးစေရမယ်။

  • maungmoenyo

    January 13, 2011 at 5:11 am

    မဆလခေတ်က ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အခွင့်အရေးယူကြတာတွေ၊ အထက်ဖားအောက်ဖိ လုပ်ကြတာတွေ လွန်လွန်းလို့ မကြေနပ်သူတဦးကရင်ဖွင့်တာကြားဘူးပါရဲ့…. ဘာတဲ့ ……ဦးနေဝင်းကိုရန်ကုန်ဗန္ဓုလပန်းခြံက လွတ်လပ်ရေးကျောက်တိုင်မှာ ကြိုးနဲ့ချီပြီး သူ့ကိုမုန်းတီးတဲ့ပြည်သူသူတွေက တယောက်ချင်းတံတွေးနဲ့ထွေးရင်တောင် ဦးနေဝင်း တယောက်ပြည်သူရဲ့တံတွေး ပင်လယ်မှာနစ်သေနိုင်တယ်…ဆိုတာလေးကိုပါဗျာ။
    ခုနေများကတော့……..

Leave a Reply