စစ်ထဲမဝင်မနေရနဲ့ နောက်ဆက်တွဲ အတွေးများ

တေစၧJanuary 12, 20111min12712

ကျွန်တော် ဒီထဲက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်မယ် ဆိုတာကို ဖတ်လိုက်ရတဲ့အခါ တစ်ခုတွေးမိတယ် သူတို့တွေက ဒီမိုကရေစီဆိုတာကို လူတွေကြောက်အောင် ဖြဲခြောက်နေတာများလားလို့ ဒီမိုကရေစီက ဘယ်နားနေတယ်မသိသေးဘူး စစ်မှု မထမ်းမနေရဆိုတာက ဖြစ်လာပြီ တိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာ စစ်မှုမထမ်းမနေရစနစ် ရှိတယ် ဆိုတာ ဟုတ်ပေမယ့် ဒီလိုအပြောင်းအလဲကာလမှာ မကျေနပ်လို့ ပုန်ကန်တဲ့သူတွေလည်း ရှိလာမှာပဲ ဒီလို ရှိလာတဲ့အခါ ပြည်သူတွေထဲက စစ်သားတွေကို တိုက်ခိုင်းပြီး သူတို့က အချင်းချင်းသတ်ပွဲကို စည်းစိမ်ယစ်ပြီး မှတ်ပြီလား ဆိုတဲ့ပုံနဲ့ ကြည့်နေကြမှာ တကယ်တန်းက သူများနိုင်ငံ ဥပမာ အင်္ဂလန်ဆိုရင် မင်းသားဟယ်ရီလည်း တိုက်ပွဲဖြစ်နေတဲ့ အာဖဂန်ကို သွားရပါတယ် ချုပ်ချုပ်ကြီးရဲ့ မြေးချစ်လေးကရော အဲဒီလိုလုပ်နိုင်မှာလား နောက်ဆုံးတော့ သူတို့က သက်သာတဲ့နေရာကနေ “တက်” “ချ” ဆိုတဲ့ စကားတွေနဲ့ မြှောက်ပေးကြမှာ တကယ်လို့အခြေအနေမကောင်းရင် မင်းသားလေးကို အသေခံကာကွယ်ပေးရလိမ့်မယ်။ ဒါမှမဟုတ် စစ်မတိုက်ခိုင်းပါဘူးဆိုရင် ပြည်သူတွေကို စစ်သားတွေမကောင်းဘူး မကောင်းဘူးလို့ မင်းတို့ပြောကြတယ် မင်းတို့စစ်သားလုပ်ကြည့်ဆိုတဲ့ အပေါက်မျိုးနဲ့ စစ်ထဲဝင်ခိုင်းပြီး နှိပ်စက်ဦးမယ် စစ်မိန့်ဆိုတာ အထက်ကို ဘာမှပြန်လုပ်လို့မရဘူး မကျေနပ်လို့ ပါးရိုက်ရင်လဲ ခံရုံပဲ ပြည်သူကိုတော့ ဘလိုင်း ပါးရိုက်လို့မရဘူးလေ စစ်တပ်ထဲရောက်မှ အသေဆော်ပေါ့။ နောက်ဆုံးအခြေခံကျကျ တွေးကြည့်မယ်ဆိုရင် စစ်ထဲဝင်တဲ့ ၃ နှစ်မှာ နောက်က မိသားစုကို ဘယ်သူထောက်ပံ့မှာလဲ ပုဂ္ဂလိက ဝန်ထမ်းဆိုရင် အဲဒီ ၃ နှစ်ကို ကိုယ့်နေရာမှာ တခြားသူမခန့်ပဲ စောင့်ပြီးအလုပ်လုပ်မှာလား သူများတွေက တကယ်တန်းစားဝတ်နေရေး အဆင်ပြေကြတော့ မိသားစုထဲက တစ်ယောက်ယောက် စစ်ထဲဝင်ရင် နောက်လူက လုပ်ပေးနိုင်တယ် ဒီမှာ ဖြစ်နိုင်မလား သေချာစဉ်းစားကြည့်ပါဦး။ သူတို့လို နာမည်တပ်လို့ရသမျှ ဝင်ငွေစာရင်းထဲထည့်လို့ရတဲ့သူမပါဘူး။ တိုင်းပြည်ရဲ့အခြေအနေနဲ့ မိသားစုတွေမှာ ဘယ်လို ရုန်းကန်နေရတယ်ဆိုတာ နောက်ပြန်လှည့်ကြည့်လိုက်ဦးလို့ ပြောသင့်တယ်။ သူတို့လို နောက်ဆုံးပေါ်ကားတွေ စီးပြီး အကောင်းစားတွေစား နိုင်ငံခြားကို ခဏခဏ သွားနိုင်တာ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းမပြည့်ပါဘူး။ တရုတ်၊ ကုလား မပါရင်ဒီထက်နည်းဖို့ပဲရှိတယ်။ ဘယ်လိုလုပ်ပြီး လုပ်ပေးနိုင်မလဲ မတော်လို့ တိုက်ပွဲမှာ ကျသွားရင် နောက်ကမိသားစုက အငတ်နေရမှာလား ဦးနှောက်ရှီရင် ဒီလိုစစ်ထဲမဝင်မနေရဆိုတဲ့ ဥပဒေမျိုးက ထွက်လာစရာမရှိဘူး။ ထွက်လာရတာကတော့ လူလူချင်းနှိပ်စက်ဖို့၊ မင်းတို့ငါ့နေရာဝင်ကြည့်ဆိုတဲ့ အောက်တန်းကျတဲ့စိတ်နဲ့ လုပ်လို့ ထွက်လာတာပါ။ နည်းနည်းပါးပါးလဲ ပြန်ပြီးဆန်းစစ်ကြပါဦးလို့ သူများလုပ်လို့လုပ်တယ် ဒီမိုကရေစီလိုချင်ရင် ဒီလိုလုပ်ရမယ် သေရဲရမယ် ဆိုရင်တော့ အောက်တန်းကျလွန်းပါတယ်။ သေရဲတယ်ဆိုရင်တောင် ကို်ယ့်အတွက်လည်း အကျိုးမရှိ အများအတွက်လည်းအကျိုးမရှိ ချုပ်ချုပ်ကြီးရဲ့ ကိုယ်ကျိုးအတွက် သေပေးရမယ် ဆိုရင်တော့ ဆောရီး ……………………….

12 comments

  • cobra

    January 12, 2011 at 8:55 am

    အဆင့်အတန်းမရှိတဲ့လုပ်ရပ်တွေပါ……ဒီမိုကရေစီဆိုတာဘာမှန်းတောင်မသိရသေးခင်
    အရင်ဆုံးစစ်မှုထမ်းခိုင်းနေပီ……..သူတို့ဘက်ကနာမယ့်ကိစ္စတွေတော့ဘာမှလုပ်သေးဘူး….။

  • ကြယ်လေး

    January 12, 2011 at 10:03 am

    မြန်မာနိုင်ငံတွင် မိသားစုများသည် အရွယ်ကောင်း သားသမီးတို့ ၁ ယောက် သို့ နှစ် ယောက်၏ လုပ်ကိုင် ကျွေးမှုများအပေါ်တွင်သာ ကျန်မိသားစုဝင်အားလုံးမှီခိုနေရသည်မှာ များပါသည်။ မလုပ်မနေရ၊ မဝယ်မနေရ၊ မလာမနေရ၊ မပါမနေရ အပြင် ယခုအခါ မထမ်းမနေရ အစရှိသည့် အဓမ္မ အကြပ်ကိုင် အကြမ်းဖက်မှုတွေ ကြောင့် မှီခိုနေရသည့် အဘိုး အဘွား၊ ကလေး သူငယ်၊ ကျောင်းနေမောင်မယ်၊ ကိုယ်ဝန်ဆောင် သားသည်မိခင်၊ မိသားစုဝင်တွေ ဒုက္ခဆင်းရဲ ရောက်ကြရပါတော့မည်။ စစ်မှု့မထမ်းမနေရ အမိန့်ကို တနိုင်ငံလုံးဆန်ကျင့်ကြပါစို့။

  • လင်းဝေကျော်

    January 12, 2011 at 10:19 am

    ကြားတာကတော့ အရံတပ်ဖွဲ့လို့ပဲကြားပါတယ်။
    တကယ်လုပ်ရမှာမဟုတ်လို့ လည်း ဆိုလာပြန်တယ်။

  • moesung

    January 12, 2011 at 12:04 pm

    အတင်းဝင်ခိုင်းရင် သေနတ်ကိုင်ရတာနဲ့
    ပစ်မှာပဲ သတိထားကြပေါ့
    နေမထူး သေမထူးလေ
    (၁၀)ယောက် တစ်ယောက်တော့ ရင်းမှာပဲ
    သူငယ်ချင်းတို့လည်း အကြံတူမယ်ထင်တယ်နော်

  • Hello Everyone

    January 12, 2011 at 4:42 pm

    လခ ရော ပေးနိုင် မှာ မို့လို့လား။ ခုရှိတဲ့ သူတွေ တောင် မပေး နိုင်လို့ အမျိုးမျိုး လုပ်စား၊ တောင်းစား (ဥပမာ- ယဉ်ထိန်းရဲ) နေကြတာ။

  • :)

    January 12, 2011 at 6:06 pm

    တွေးမိသော အတွေးများက လုံးဝကို ရာနှုန်းပြည့်မှန်ကန်သော၊တွေးသင့်သော၊ဟုတ်မှန်သော အတွေးများ ဖြစ်သည်ဟု ယူဆပါသည်။ ဟူး………………စိတ်ပျက်ပါသည်။

  • bigcat

    January 13, 2011 at 1:52 am

    ချုပ်ချုပ်မြေးတော်လေးကို သိပ်လည်းမြောက်မပေးကြပါနဲ့။ နဂိုထဲကမှ ဖိုက်တာဂျက်ကို တက်မောင်းချင်နေတာ။ ဒါကိုအကြောင်းပြပြီး စစ်ထဲဝင်ပါလိမ့်မယ်၊ လေတပ်ထဲမှာ လေယာဉ်ပျံမောင်းဖို့လေ။

  • R Ga

    January 13, 2011 at 9:44 am

    ဒီဥပဒေကို တကယ် ဆန့်ကျင်ပါတယ်။ ငတ်နေရတဲ့အထဲ…သေတွင်းထဲပါ အတင်း ဆွဲပို့နေသလိုခံစားရတယ်။ နောက် မိန်းမတွေ ပါ မဝင်မနေရလို့ဆိုတော့ နည်းနည်းတော့ စဉ်းစားစရာပဲ..။ လက်နက်တော့ ပေးကိုင်ခိုင်းမယ်မထင်ဘူး ။ အနည်းဆုံးလေဂွလောက်တော့ရမယ်ထင်တယ်။ နေပြည်တော်က ရဲတွေတောင် လေးခွလေးတွေ ခါးမှ ချိတ်လို့…နေတာ..။

  • zaw min

    January 13, 2011 at 1:09 pm

    အင်း….ပြည်သူတွေ စားဝတ်နေရေး ရင်မအေးရသည့်ကြားထဲ စစ်ရေးကပါတိုးလို့လာ…အဘယ်ဘဝက ဝတ်ကြွေးပါလိမ့်။

  • naywoonni

    January 13, 2011 at 3:11 pm

    မိန်းကလေးတွေ သတိထားကြပါ အဆုံးစွန်ဆုံးထိတွေးမိသလောက်ပြောရရင် မကောင်းပါဘူး လုံးဝကိုကောင်းနိုင်စရာ မရှိတာပါ ။ ဒီကောင်တွေ ကဘာကိုမှ ယုံလို့မရပါဘူး။ အတည်ဖြစ်ရင်ထပ်ပြီး သတိပေးပါဦးမယ်။ ခုတော့ ဘာမှန်းမသိရသေးဘူး။ ဒီလောက် ပွက်လောညံနေရင် သူ့တို့က မမှန်သတင်းပါ ဆိုပြီး ပြန်သိမ်းသွားတတ်လို့ပါ

Leave a Reply