အဝလွန် အဆီများသူများအတွက် ဆေးကောင်းတစ်လက်

manawphyulayJanuary 12, 20111min21114

မှန်ကန်သော ဆေးနည်းဖြစ်ကြောင်း ဦးစွာ ပြောပါရစေ။ အမျိုးသားကော အမျိုးသမီးပါ လွယ်ကူစွာ သုံးစွဲနိုင်ပါတယ်။ ဒီဆေးနည်းဟာ ငွေကုန်သက်သာတဲ့အပြင် လျင်မြန်စွာ ပျောက်ကင်းပါတယ်။ ရှောက်ရွက်နှင့် ရှောက်သီးရဲ့အခွံတွင် အဖိုးတန်တဲ့ အဆီဓာတ်တစ်မျိုး ပါရှိပါတယ်။ ထိုအဆီဓာတ်ဟာ လေရောဂါများ၊ အသည်းနှလုံးကို အဆီဖုံးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အဝလွန်သူများ၊ ဗိုက်ခေါက်ထူပြီး အလှပျက်အောင် ဝမ်းဗိုက်ရွှဲလာသော အမျိုးသမီး၊ အမျိုးသားများအတွက် အလွယ်တကူ ဖော်စပ်သုံးနိုင်တဲ့နည်းကို တင်ပြလိုက် ပါတယ်။ ပထမ ရှောက်ရွက်ကြမ်းတွေကို အရင်ရှားထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း (ဟင်းစားဇွန်း) စီ ထည့်ရပါမယ်။ ပြီးရင် ပုလင်းတစ်လုံးစီမှာ ရှောက်ရွက်ကိုးရွက်စီ ထည့်ပေးပါ။ နောက် ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်ပြီး နေပူထဲ တွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ထိုရှောက်ရွက်စိမ်ထားသော ပုလင်းများကို ဆေးအဖြစ် အသုံးပြုလို့ ရပါပြီ။ နံနက်တစ်ကြိမ် ညတစ်ကြိမ်တို့၌ အဆိုပါ ရှောက်ရွက်ဆေးရည် ပုလင်းကို လှုပ်ပြီး လက်ဖက်ရည်အကြမ်းပန်းကန်တစ်ဝက်ခန့်ကို မှန်မှန်သောက်သုံးပေးပါ။ တစ်လမှ နှစ်လခန့်ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွဲမှုများကျပြီး အသားအရေစစ်သွားပါလိမ့်မယ်။
ဒီနည်းက အဆီကျဆေးတို့ ဘာတို့ စားခြင်းထက် စိတ်ချရတဲ့ မြန်မာရိုးရာ ဆေးနည်း ဖြစ်ပါတယ်။ အဲဒီဆေးရည်ကို မှန်မှန်သောက်သုံးပေးခြင်းကြောင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်းကြောင်း သတင်းကောင်းပါးလိုက်ပါ ရစေရှင်။

14 comments

  • အာဖျံ ကွီး

    January 12, 2011 at 7:45 am

    oh …! really nice post indeed. i’ll copy it for my fatty (…). 😛

  • ဆူး

    January 12, 2011 at 12:53 pm

    ဒါကြောင့် မမက လှနေတာကိုး…

  • computer

    January 12, 2011 at 1:27 pm

    (ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း (ဟင်းစားဇွန်း) စီ ထည့်ရပါမယ်။ ပြီးရင် ပုလင်းတစ်လုံးစီမှာ ရှောက်ရွက်ကိုးရွက်စီ ထည့်ပေးပါ။) လို့ရေးထားပါတယ်။
    သိချင်တာက ပုလင်းရဲ့(အရွယ်အစား)ပါ။ ဘယ်လို အရွယ်အစားရှိတဲ့ပုလင်းမျိုးကို သုံးရမှာပါလဲ ဆိုတာကို ကျေးဇူးပြုပြီး ဖြေပေးပါ။

  • soeshinn

    January 12, 2011 at 2:40 pm

    ဟုတ်တယ်… ပုလင်းရဲ့အရွယ်ကိုသိချင်တယ်….ဒါမှကျွန်တော်လဲ သူများ ဆရာလုပ်လို့ရမှာလေ…ဟီး..ဟီး…
    သူငယ်ချင်းတစ်ယောက်လဲ ဘီယာတွေလိမ့်သောက်ပြီး ဗိုက်ကြီးပူနေလို့ ညစ်နေတာလေ….ဒီနည်းလေးမျှလိုက်ပါ့မယ်..
    ကျေးဖူးပါဗျ။

  • unclegyi1974

    January 12, 2011 at 2:50 pm

    အရွက်နဲ့တင်ဒီလောက်ကောင်းနေရင်ရှောက်သီး
    တလုံး လုံးဆိုပိုကောင်းသွားပါမယ်
    ဆေးနည်းလေးဆက်ရေးလိုက်ပါရစေ
    ကိုယ်တိုင်ပို့စ်ရေးရင်အဆင်မပြေလို့ပါ
    ရှောက်သီးကြီးတလုံးကိုရေစင်အောင်ဆေးပါ
    ရေအနေတော်ထည့်ပြီးနူးအောင်ပြုတ်ပါ
    ပြီးရင်ထန်းဖိုထညက် ၁ ပိသာခန့်ကိုရေအနေတော်
    ထည့်ပြီးကြိုပါ နောက်ရှောက်သီးကိုထည့်ပြီးဆက်
    မွှေပါညောင်စေးမကျတကျရလျှင်ဖိုမှချပါ
    အအေးခံ၍စားသုံးနိုင်ပါသည်
    အကျိုးရလဒ်က
    ဝမ်းမီးကောင်းစေပါတယ် ကိုယ်တွင်းလေအား
    ကောင်းစေပါတယ် လေးဖြတ်ခြင်းကိုကာကွယ်
    ပေးပါတယ် ကိုယ်တွင်းအဆီများကျစေပါတယ်
    ငွေကုန်သိပ်မများပဲ သဘာဝအသီးအရွက်များဖြင့်
    ဘေးထွက်ဆိုးကျိုးမရှိစေပဲ ကျမ္မာရေးကောင်း
    နိုင်ကြပါစေ
    မနောရေ နောင်လဲအခုလိုသဘာဝဆေးနည်းလေး
    တွေရေးပါအုန်းကွယ်

  • ဆူး

    January 12, 2011 at 3:00 pm

    အန်ကယ်ကြီး ပြောတဲ့ နည်းက ဟုတ်တယ်.. ဝမ်းမီးကောင်း လေကြေ အတွင်းအဆီကျ သွေးလေညှိတယ်။ ဝယ်စားလို့ရတယ် အဲဒီ ရှောက်သီးချက်ဆေး ရွှေဘုံသာလမ်းက ပရဆေးဆိုင်ကြီးတွေမှာ ရတယ်။ အရင်က ကျန်းမာရေး မကောင်းတဲ့ လူမမာ ရှိလို့ ဝယ်ကျွှေးဘူးတယ်။ ဆေးညွန်းကတော့ ၉၆ပါး ရောဂါ ကောင်းသလိုဘဲ.. အမှန်တော့ ဓါတ်ဆာပေါ့. အစာလည်း ဆေး ဆေးလည်း အစာ.. မျှတအောင် စားသင်ပါတယ်။

  • unclegyi1974

    January 12, 2011 at 3:18 pm

    ဆူး ရေ ဓာတ်စာပါကွယ် ဆာ ဆိုတာဗိုက်ဆာတာ
    ကိုပြောတာပါ သူများသာပြောရတယ်ကိုယ်တိုင်လဲ
    ရေရင်းမှား မှားရင်းရေးပဲ

  • eainsoemay

    January 13, 2011 at 5:30 am

    အန်ကယ်ကြီးရေ ကျေးဇူးပြုပြီး ထန်းဖိုဆိုတာ ကို မသိလို့ ရှင်းပြပေးပါ

  • bigchef

    February 9, 2011 at 1:40 am

    lime leaves လို.ခေါ် တဲ. သံ ပ ရာ ရွက် ကော မ ရ ဘူး လား။ ချက် ကြီးရောက်နေ တဲ.နေ ရာ မှာ ရှောက်ရွက် မ ရှိ လို ့ ပါ။

  • shwe

    February 9, 2011 at 4:36 am

    ်အဲဒီ အရည် က ရှောက်ရေ(ရည်) လိုပဲ ။ မေမေကိုတော့ အသက် ၆ဝ ကျော်လာတော့ လေဖြန်းတာ ကာကွယ်တယ်ဆိုလို့လုပ်ပေး ဘူးတယ် ။ အတွင်းအဆီကျ ချင်ရင် ကြွက်နားရွက်မှိူလည်း ကောင်းတယ် ။ အသုတ်သုတ် စားပါရှင် ။(ဆီတော့ နဲနဲထည့်နော်) 🙂

  • Sweethome

    February 9, 2011 at 6:23 am

    ကျေးဇူးတင်ပါတယ်..ပုလင်းအရွယ်အစားနဲ့ထည့်ရမယ့်ရေပမာဏ လေးကိုလည်းသိရရင်ပိုအဆင်ပြေမယ်လို့ထင်ပါတယ်..

  • mihninlay

    March 8, 2011 at 2:44 am

    ကိုယ်တိုင်လုပ်ကြည့်နေပြီးသောက်နေပြီ အဲဒီထဲမှာဖြူဖြူအဖတ်ကလေးတွေထွက်လာတယ်နော်…မှိုတက်သလိုဖြစ်တာလားပုလင်းကတော့ဝိုင်ပုလင်းနဲ ့လုပ်တာပါ

Leave a Reply