gmail password ကို တစ်ယောက်ယောက်ကို ပေးသိထားသူများအတွက်။

myohan006January 12, 20111min18410

google
သူငယ်ချင်းတစ်ယောက်က လာမေးပါတယ်။

“ငါ့ကောင်မလေးကို Gmail password ပေးသိထားတယ်ကွာ။ နောက် ငါ တစ်နေ့ တစ်နေ့ ချက်သမျှတွေလဲ ပြီးတာနဲ့ Trash ထဲထိလိုက်ဖျက်တော့ သူဘာမှ မသိဘူး” အားလုံးအဆင်ပြေတယ်။ မပြေတာက ငါ တစ်နေ့တစ်နေ့ အင်တာနက် သုံးပြီး ကြည့်သမျှ Web Site အားလုံးနီးပါး သူသိနေတယ်။ ဘာလို့လဲ။

အဲလိုမေးတော့ ကျွန်တော်သဘောကျသွားပါတယ်။ တော်တော်များများလဲ သိပြီးဖြစ်မှာပါ။ Google account စဖွင့်ကတည်းက “Enable  Web History ” ဆိုတာလေးကို ကျွန်တော်တို့တွေ Check ဖြုတ်ခဲ့ဖို့ သတိမထားဖြစ်ကြတာများပါတယ်။

အဲ့ဒီတော့ Google က ကျွန်တော်တို့ mail ကို Sign in ဝင်ပြီးတာနဲ့ ကြည့်သမျျှ Siteအားလုံးကို မှတ်တော့တာပဲ ။ ပြီးလို့ Google Account Setting က Web History မှာ ပြန်ကြည့်ကြည့် ကို သွားသမျှ လင့် အားလုံး ကျန်နေမှာပဲ ။ ခြေရာတွေ ခြေရာတွေ ။ မဟုတ်တာတစ်ခုခု လုပ်လို့က တော့ Password သိတဲ့ သူ က အဲ့ဒါလေးပဲ ကြည့်လိုက် အကုန်သိပြီ။ ဒီလူဘယ်လိုလူမျိုးလဲ။ Internet သုံးပြီးဘာတွေ လုပ်လေ့ရှိလဲ အကုန် သိပြီပဲ ။

အဲ့ဒါကြောင့် ကိုယ့်Password ကို ဘယ်သူမှ မသိတာအကောင်းဆုံးပါပဲ။ သိနေရင်လဲ အမြန်သာပြောင်းလိုက်တော့နော်….

10 comments

  • etone

    January 12, 2011 at 10:26 am

    ကျေးဇူးပဲနော် .. အဲ့ဒါလေးက ဘယ်လို အသုံးဝင်လဲမသိလို့ အခုတော့သိပြီး setting change လိုက်တော့မယ် ဟဲဟဲ

  • kopauk mandalay

    January 12, 2011 at 3:13 pm

    စောစောကသာ ဒါလေးကိုပြောပြထားရင် ပြဿနာကိုရှောင်နိုင်မှာ
    အခုတော့………………………………………………………………..

  • unclegyi1974

    January 12, 2011 at 3:49 pm

    ငိုနေလို့တော့ဘာမှဖြစ်မလားဘူး

  • The Reds

    January 12, 2011 at 3:54 pm

    ကျေး ဇူး ဗျာ ။။ ဒါ ပေ မဲ. သိပ် နောက် ကျ ခဲ. ပြီ ဗျာ …

  • naywoonni

    January 12, 2011 at 4:15 pm

    အဲဒါက အွန်လိုင်းပေါ်က ချစ်သူတွေ လုပ်လေ့ ရှိတဲ့ ဖက်ရှင်တစ်ခုပဲ။ တစ်ကယ်ချစ်တာမယုံရင် password ယူထားဘာညာပေါ့ ..။ တစ်ဘက်ကလည်းအဟုတ်ထင် password အပေးအယူတွေလုပ်ကြ ညားသါားကြတာရှိရဲ့ ကြွပြဲ ကြတာလည်းရှိရဲ့ ။ ကြွပြဲသွားတဲ့သူတွေမှာ တစ်ယောက်ရဲ့ password တွေကိုတစ်ယောက် ဖွင့်ကြည့်ပြီး ဟိုလိုဒီလိုလုပ်ကြ တစ်ယောက်ရဲ့အကောင့်ကိုတစ်ယောက် ကpassword ဦးအောင်ပြောင်းပစ်လို့ ပြဿနာတွေတက်ကြ.. တစ်ယောက်နဲ့တစ်ယောက်အပြင်မှာလည်း မမြင်ဘူး မတွေ့ဘူး စကားတစ်ခွန်းမေပြောကြဖူးပဲနဲ့ ရှုပ်ယှက်တွေခတ်နေကြတာပြောပါတယ်..။ တစ်ချို့ကလည်း အွန်လိုင်းကိုအပျော်သုံးတာ။ တွေ့တဲ့အကောင့်နဲ့ တက် တွေ့တဲ့သူပြောချင်တာပြောခဲ့ နောက်လူကရှင်း ဒီလိုပဲအကောင့်တစ်ခုကို သွုးလေးယောက်သုံးနေကြတာ။ အကောင့်တစ်ခုထဲ သတ်သတ်မှတ်မှတ် သုံးကြပါလားဆိုတော့ သူတို့ကအပျော်ပဲ ဒီအပေါ်မှာဘာမှ အလေးအနက်မထားပါဘူးတဲ့ ။ဖီးလ်မရှိဘူးတဲ့။ ဒါမျိုးလေးတွေကလည်းရှိသေး။။

  • kai

    January 12, 2011 at 11:54 pm

    တိုးတက်တဲ့ နိုင်ငံတွေက ချစ်သူတွေတော့ အဲလိုမလုပ်ကြပါဘူး.။
    ပရိုက်ဗေစီပဲလေ..။

    ချစ်တာ..မချစ်တာ..၊ သစ္စာမရှိတာ-ရှိတာနဲ့မှ မဆိုင်တာ..။နောက်ပြီးဒါမျိုုးက အစရှိနောင်နောင် ပဲ..။
    စကတည်းက..မင်းလည်းမင်းအခွင့်အရေး..ငါလည်းငါ့အခွင့်အရေးဆိုပြီး .. မရှယ်သင့်တာ..မရှယ်တာကောင်းတယ်.။
    လူ့အခွင့်အရေးလေးစားတယ်.. လိုက်နာတယ်ဆိုတာမှာ .. ဒါလည်းပါတာပဲ..။

  • PaukPhaw

    January 13, 2011 at 5:25 am

    ဝုတ်ဒယ်
    အစရှိနောင်နောင်ပဲ..
    ချစ်သူမကလို ့ ချစ်သူ ့ဘ်ိုးအေ လာတောင်းလဲ ပေးလို ့မဖြစ်ဘူး..
    Privacy လေ..privacy..
    အဲ..
    Google Web history ဆိုတာက google search box ထဲမှာ ရိုက်ပြီးရှာထားတဲ့ History တွေကိုပဲ မှတ်ထားတာပါ
    အပေါ်က URL Bar (or) Address bar ကနေ http://www.ဘာညာ.com ဆိုတာတွေမှတ်မထားနိုင်ပါဘူး
    မယုံရင်စမ်းကြည့်..

  • yuyu

    January 13, 2011 at 6:00 am

    ဟုတ်ပါ့အွန်လိုင်းပေါ်တက်တက်ပြီးအာရုံတွေနောက်ကြတာ တွေ့ဖူးတယ်တွေ့ဖူးတယ် တစ်ယောက်ထဲနဲ့ အကောင့်ကသုံးမျိုးလောက်နဲ့ ချက်ဝင်ရင် ပြောနေတာဆယ်ယောက်လောက်ရှိတယ် ခေါင်းတွေမမူးဘူးလားမသိဘူး

  • char too lan

    January 13, 2011 at 6:06 am

    ဇာတ်လမ်းတွေကိုရှုပ်နေတာပဲနော် အဲ့ဒီအင်တာနက်အရှုပ်တွေက တခြားမှာတော့သိဘူး တို့နိုင်ငံမှာတော့ ညက်စေ့ကိုနောက်နေတာပဲ @_@

Leave a Reply