ကလေးမြို ့က တက္ကသိုလ်ကျောင်းသားတွေ ယနေ ့မနက်က ဆန္ဒပြကြပြီ။ အာဏာရှင်လက်အောက်မှာ အခွင့်အရေးဆိုတာ ဒီလို တိုက်ယူမှ ရတာပါ။

ၾကယ္ေလးJanuary 12, 20111min12911


စစ်ကိုင်းတိုင်း ကလေးမြို ့မှာ တက္ကသိုလ်ကျောင်းသား အယောက် (၅၀၀) ခန် ့က ဘတ်(စ်) ကားခတွေ ကြီးမြှင့်လာတာနဲ ့ ပတ်သက်ပြီး ဆန္ဒပြကြကြောင်း သိရှိရပါတယ်။

ဒီ ဘတ်(စ်) ကားခတွေဟာ နအဖလက်အောက်မှာ ယခုနှစ်စဆိုရင် ခရီးစဉ်လမ်းကြောင်းတစ်ခုထဲကို ကျပ် (၁၀၀) ကနေ (၂၀၀) ထိ တိုးသွားတာကြောင့် ကလေးမြို ့ရှိ တက္ကသိုလ်ကျောင်း (၃) ခုဖြစ်တဲ့ ကလေးမြို ့တက္ကသိုလ်၊ ကလေးမြို ့ကွန်ပျူတာတက္ကသိုလ်နဲ ့ နည်းပညာတက္ကသိုလ်တို ့က ကျောင်းသားတွေ ချီတက်ဆန္ဒပြကြတာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီလို ချီတက်ဆန္ဒပြကြတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ယနေ ့မနက် (၇) နာရီခွဲအချိန်က ကလေးမြို ့ဘူတာရုံကနေ ကလေးမြို ့အတွင်း လှည့်လည်ချီတက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ကလေးမြို ့တက္ကသိုလ်ကျောင်းသားတွေနေနဲ ့ ဘတ်(စ်) ကားခ တိုးမြှင့်လို ့ ဆန္ဒပြရတဲ့အပြင် နေ ့စဉ်နေ ့တိုင်း ကျောင်းသွားကျောင်းပြန် ဘတ် (စ်) ကား လုံလောက်မှု မရှိတာကြောင့် အချိန်ကြာမြှင့်စွား စောင့်ဆိုင်းရပြီး၊

ဒီလို အချိန်ကြာစောင့်ဆိုင်းရလို ့ ကျောင်းတက်ချိန်နောက်ကြပြန်ရင်လည်း အဆင်မပြေမှုတွေ ဖြစ်နေကြရတာမို ့

နအဖလက်အောက် ပညာရေးစနစ်တွေနဲ ့ စီမံခန် ့ခွဲမှုတွေ ညံ့ဖြင်းလွန်းမှုတွေကြောင့် ယခုလို ကျောင်းသူကျောင်းသားတွေရဲ ့ မကျေနပ်မှုတွေ ပိုမိုတိုးပွားလာတာ ဖြစ်ပါတယ်။

(Chinland Guardian သတင်းအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်။

11 comments

  • zaw min

    January 12, 2011 at 11:36 am

    ဒီလိုပဲဖြစ်လာမှာပေါ့။ ဒါမှ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်မှာလေ…..စစ်တပ်ဆိုတာ ကျောင်းသားပြည်သူ၊ရဟန်းသံဃာတွေကို ရိုက်ဖို့သတ်ဖို့ဖွဲ့စည်းထားတာပဲ…

  • monmon

    January 12, 2011 at 12:29 pm

    သူတို့က ဆူတာကို ကြိုက်တာပေါ့… း)

  • unclegyi1974

    January 12, 2011 at 2:13 pm

    ဒါတွေမြင်လို့ဒါတွေကြိုလုပ်ထားတယ်လေဟဲဟဲဟဲ..

  • soeshinn

    January 12, 2011 at 2:30 pm

    Change ကိုဘယ်လိုလုပ်လို့ ရနိုင်မလဲ …. လူငယ်တွေရဲ့တာဝန်ဖြစ်လာပြီနော်….

  • ကြယ်လေး

    January 12, 2011 at 3:03 pm

    သူ တို့ အနိုင် ကြင့် တာ ခံ ရင် ကိုယ့် တ ဘဝလုံး လူလိုသူလို အေး ဆေး နေရမှာ မဟုတ်တဲ့ ပြင် ကိုယ့် သား ကိုယ့်မြေး ထိလဲ ဖိနှိပ်ခံ ရမည့်တူတူ

    ကိုယ် ရင်းလိုက်လို့ သူတို့ ပြုတ်သွားရင် နောက် အစိုးရ လက်ထက်မှာ ကိုယ့်သားကိုယ့်မြေး ကောင်းစားမယ်

    ခုလဲ ကိုယ် တွေ ဘဝတွေ သေနေတာပဲ အနာဂတ်မဲ့ နေတာပဲ ရင်း လိုက် လို့ မအောင်မြင်လဲ အရင်းပါပဲ

  • The Reds

    January 12, 2011 at 3:33 pm

    အင်း အဲ တာ လည်း ကောင်း တယ် .. ဒါ ဆို ရင် နောက် နေ. ကျ ရင် မိန်း မ ယူ တော. မယ် .. ဟီး ဟီး နောက် တာ နော် ကို ကြယ် … ကျောင်း သား တွေ စ မ ပဲ ရ တော. မှာ ပါ လား … နောက် ဆုးံ တော. လည်း ..

  • i'm stay in United Kindoom

    January 13, 2011 at 2:43 am

    When we look it back, every changing is started from students (State, College, University………), this is also one of the sign to change. Fully suppose for that event.

  • etone

    January 13, 2011 at 7:00 am

    ကျောင်းသားအရွယ်ဆိုတာက အင်မတန်မှ စိတ်ဓါတ်တတ်ကြွတဲ့ အရွယ်မျိုးပါ ။ စိတ်မြန်လက်မြန်အရွယ်ပေါ့ ..။ကျောင်းသားအများစုက လူလွတ်တွေများတဲ့အတွက် တစ်ခုခု လုပ်တော့မယ်ဆို မိသားစုအတွက် သိပ်မစဉ်းစားလို့ ပါ ။ ကျောင်းသားမဟုတ်တဲ့လူများမှာလည်း မကျေနပ်တဲ့စိတ်လေးတွေရှိပေမဲ့ သားကျွေးမှူ ၊ မယားကျွေးမှူ၊ မိအိုဖအိုတွေ အလုပ်ကျွေးမှူတွေရှိနေတော့ တစ်ခုခု လုပ်တော့မယ်ဆို သူတို့ကို စဉ်းစားငဲ့ညှာနေတာနဲ့ ကျောင်းသားတွေလို စိတ်အားထက်သန်ရင်တောင်မှ လေထဲတိုက်အိမ်ဆောက်နေတဲ့အဖြစ်မျိုးပါ ။ ဒါကြောင့် တစ်ခုခုဆို ကျောင်းသားတွေကပဲ အားတတ်သရောဦးဆောင်တာများပါတယ် … ။ ကျွန်မတို့ ကျောင်းတတ်တုန်းကလည်း ကားခဈေးကြီးလို့ ဆန္ဒပြဖူးတယ် ။ နောက်ဆုံးတော့လည်း ညှိပေးမလိုဘာလိုလိုနဲ့ .. လုစုခွဲပေးခိုင်းပြီး ဈေးကြတော့မပြင်တော့ဘူး ။

  • R Ga

    January 13, 2011 at 7:53 am

    “ပြောတယ်မဟုတ်လား ဒီလိုပဲဖြစ်ရမယ် ဒါအမှန်ပဲလေ..”

  • naywoonni

    January 13, 2011 at 10:16 am

    ဒါပေါ့ အာဂ ရယ်

  • ကြယ်လေး

    January 13, 2011 at 10:18 am

    ကျောင်းကားခ လျှော့
    ချရေး ကျောင်းသားများ လမ်းလျှောက် ဆန္ဒပြကြရာ အာဏာပိုင်များ က လိုက် လျှော ၍ ဆန္ဒပြ
    မှု အား ရုတ်သိမ်း လိုက်သည် ဟု သတင်းရရှိသည်။

Leave a Reply