သင်လမ်းလျှောက်တဲ့ အမြန်နှုန်းအရ သင်ဘယ်လောက် အသက်ရှည်မယ်ဆိုတာကို ဟောကိန်းထုတ်နိုင်တယ်လို့ Journal of the American Medical Association က ထုတ်ပြန်တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

Pittsburgh တက္ကသိုလ်မှ သုတေသီများဟာ သက်ကြီးပိုင်း ၃၅၀၀၀ လောက်ပါဝင်တဲ့ လေ့လာမှု ၉ ခုအရ အသက် ၇၅ နှစ်အရွယ် လမ်းလျှောက်အနှေးဆုံး အမျိုးသားများရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ လမ်းလျှောက်အမြန်ဆုံး အမျိုးသားများရဲ့ ၈၇ ရာခိုင်နှုန်းက အသက် ၁၀ နှစ်လောက် ပိုရှည်ကြကြောင်း တွေ့ရှိရတယ်။

အသက် ၇၅ နှစ်အရွယ် လမ်းလျှောက်အနှေးဆုံး အမျိုးသမီးများရဲ့ ၃၅ ရာခိုင်နှုန်းနဲ့ လမ်းလျှောက်အမြန်ဆုံး အမျိုးသမီးများရဲ့ ၉၁ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အသက် ၈၅ နှစ်ပြည့် မွေးနေ့ကို ကျင်းပခွင့် ရကြကြောင်း သိရပါတယ်။

Ref: boston.com, Your walking speed may predict your life span, according to study.

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။