လမ်းလျှောက်မြန်လေ အသက်ရှည်လေ

Zaw WonnaJanuary 13, 20111min12811


သင်လမ်းလျှောက်တဲ့ အမြန်နှုန်းအရ သင်ဘယ်လောက် အသက်ရှည်မယ်ဆိုတာကို ဟောကိန်းထုတ်နိုင်တယ်လို့ Journal of the American Medical Association က ထုတ်ပြန်တဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

Pittsburgh တက္ကသိုလ်မှ သုတေသီများဟာ သက်ကြီးပိုင်း ၃၅၀၀ဝ လောက်ပါဝင်တဲ့ လေ့လာမှု ၉ ခုအရ အသက် ၇၅ နှစ်အရွယ် လမ်းလျှောက်အနှေးဆုံး အမျိုးသားများရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ လမ်းလျှောက်အမြန်ဆုံး အမျိုးသားများရဲ့ ၈ရ ရာခိုင်နှုန်းက အသက် ၁ဝ နှစ်လောက် ပိုရှည်ကြကြောင်း တွေ့ရှိရတယ်။

အသက် ၇၅ နှစ်အရွယ် လမ်းလျှောက်အနှေးဆုံး အမျိုးသမီးများရဲ့ ၃၅ ရာခိုင်နှုန်းနဲ့ လမ်းလျှောက်အမြန်ဆုံး အမျိုးသမီးများရဲ့ ၉၁ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အသက် ၈၅ နှစ်ပြည့် မွေးနေ့ကို ကျင်းပခွင့် ရကြကြောင်း သိရပါတယ်။

Ref: boston.com, Your walking speed may predict your life span, according to study.

11 comments

  • etone

    January 13, 2011 at 3:50 am

    လမ်းလျှောက်တာ မြန်လွန်းလို့ ပိုက်ဆံကောက်ရဖူးတယ် 😀 လမ်းသွားရင် ဘယ်တော့မှ အောက်ကြည့်တာမဟုတ်ဘူး မြန်မြန်သွားနေရတဲ့ခြေထောက်အတွက် မျက်စိက အောက်ငုံမကြည့်နိုင်ဘူးလေ။
    လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က လမ်းမြန်မြန်လျှောက်တတ်တဲ့အကျင့်ရှိတော့ ခြေထောက်က ပိုက်ဆံထုတ်လေးကို ခလုပ်တိုက်မိပါတယ် … သေချာအောင် ခြေထောက်နဲ့ ခပ်ကြည့်သေးတယ် … သေချာမှ ကောက်လိုက်တာ .. မဟုတ်ရင် အရှက်ကွဲမှာကိုး 😀 ခြောက်သောင်းရလိုက်တယ် ။

    • zawana

      January 13, 2011 at 11:38 am

      အတိအကျပဲဗျို့ …. အဲဒီတုန်းက အိမ်လခ ပေးစရာ မရှိလို့ ယောက္ခမကြီးဆီက မျက်နှာအောက်ချပြီး ချေးလာခဲ့ရတာ … ကျူပ်က လမ်းမြန်မြန်လျှောက်တတ်တော့ လမ်းမှာ ဘယ်နား ကျလို့ ကျမှန်းတောင် မသိလိုက်ဘူး …. အိမ်ရောက်တော့ မဟေသီက ဆူလိုက်တာ ဘာပြောကောင်းမလဲ ….
      ရေအဆုံး ကုန်းတဝက်ဆိုတော့ တစ်ဝက်လောက် ပြန်ပေးရင်ကိုပဲ ကျေနပ်ပါတယ်လေ ….

  • yuyu

    January 13, 2011 at 5:32 am

    ပွတာပဲ etoneရေ
    အင်းဒီအတိုင်းဆိုရင်တော့ နာတော့အသက်ရှည်တော့မှာပဲ

  • ဆူး

    January 13, 2011 at 2:34 pm

    ပိုက်ဆံ ကောက်ရတာ.. နှဖူးပြဲ ဒူးပြဲ ပြောသလားလို့.. တကယ်ဖြစ်နေတာကိုးးး
    အသက်ကြီးလာရင် လူတွေက အကြောတွေ ဆိုင်းပြီး သွက်သွက် လက်လက် မသွားနိုင်တော့ဘူးလေ။ အဲဒီ အချိန်တွေ ရောက်ရင် သွားခါနီးပြီ ဆိုတဲ့ သဘောမျိုး ပြောတာနဲ့ တူတယ်။

    အောက်မကြည့်ဘဲ လမ်းလျောက်လို့ ခွေးချီးတော့ တက်နင်းဘူးတယ်။ ခရီးထွက်ဖို့ ကားပေါ်အတက်မှာ ခွေးချီး နင်းပြီး ကားပေါ် တက်သွားပြီးမှ သိတယ်။ ကားပေါ်မှာတောင် အနံ နည်းနည်း ကျန်သွားတယ်။ အမြန်ဆင်းပြီး ရေဆေးရတယ်။
    ချီးနင်းမိရင် ကံကောင်းတယ်တဲ့ လူတွေက ပြောကြတယ်။ ဟုတ်တော့ ဟုတ်သလိုလိုဘဲ.. ကားပေါ်မှာ အပျင်းပြေ ပါဆယ် ဂိမ်းဆော့တော့ မပေါက် စကောင်း ပေါက်စကောင်း ကံကောင်းစွာနဲ့ နာရီ တလုံးရလိုက်တယ်။ ထူးပေ့ ဆန်းပေ့… ကမာ္ဘမြေကြီးမှာ နေရာလွတ်တွေ အများကြီး ရှိရဲ့သားနဲ့ သေးငယ်လှတဲ့ ခြေဖဝါးနဲ့ သေးငယ်လှတဲ့ ခွေးအီးတုံး.. ထိပ်တိုက်တွေ့သွားတာ.. ဗြဟ္မပြည်က အပ်နဲ့ လူ့ပြည်က အပ် ဆုံသလိုပါဘဲ။ ကံစပ်သွားတော့ နံစော်သွားတာဘဲ။

  • kopauk mandalay

    January 13, 2011 at 4:08 pm

    လမ်းလျှောက်မြန်တာ တကယ်အသက်ရှည်တဲ့စကား ကမှန်ပါစေလို့ဆုတောင်းပါသဗျာ။
    ကျနော်ကလဲ လမ်းလျှောက်မြန်တဲ့အထဲပါလို့ပါ။
    မြန်ဆို တစ်သက်စာရဲ့ လေးပုံသုုံးပုံလောက်က လမ်းလျှောက်ရတာကိုးဗျ။
    လမ်းမလျှောက်လို့လဲမရဘူးလေ စီးစရာက ဖိနပ်ဘဲရှိတာကိုးဗျ။
    မှန်ပါစေဗျာ ဒီစကားလေး
    လမ်းလျှောက်မြန်လေ အသက်ရှည်
    လမ်းလျှောက်မြန်လေ အသက်ရှည်

    လမ်းလျှောက်မြန်လေ အသက်ရှည်

    လမ်းလျှောက်မြန်လေ အသက်ရှည်

    • zawana

      January 13, 2011 at 11:12 pm

      ကိုပေါက် ခင်ဗျား …. ကျနော့် အထင်ပြောရရင် လမ်းလျှောက်မြန်တဲ့ လူတွေဟာ ထကြွလုံ့လ ပိုရှိကြတယ်လို့ ထင်တာပဲ …. ကိုပေါက်ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ဖြစ်နိုင် ၊ မဖြစ်နိုင် ပြောပြပါလား ခင်ဗျာ။

  • weiwei

    January 13, 2011 at 5:18 pm

    ဒီစကားမှန်ရင်တော့ အသက်ရှည်ရချည်သေးရဲ့ ….
    လမ်းလျှောက်မြန်တာမှ မပြေးရုံတမည်ပါပဲ …

  • manawphyulay

    January 14, 2011 at 3:15 am

    လမ်းလျှောက်များလေ ပိန်လေတော့ ဖြစ်လာနေပါပြီလေ။

  • လင်းဝေကျော်

    January 14, 2011 at 6:22 am

    လမ်းလျှောက်တာမြန်တဲ့ကျွန်တော့်အဖွား ကတော့ အသက်၉၄ရှိပါပြီ။
    ကျန်းမာတုန်း။
    ငယ်ငယ်တုန်းကဆိုရင်တဲ့ မြို့ထဲမှာ လမ်းလျှောက်ပြီး အလုပ်ကပြန်လာရင်
    အလကားနေရင်း သူများကိုတောင်ပြိုင်ပြီးလျှောက်ပါသတဲ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 15, 2011 at 3:04 am

    အင်း
    လျှောက်တာကတော့လျှောက်ကြပါ
    ဆန္ဒစောလို ့မြန်မြန်လျှောက်တာမျိုးတော့ မဖြစ်ကြစေနဲ ့ဗျို ့
    ဆိုခြင်တာက
    သွက်လက်တာရယ် ပြာယာခပ်တာရယ်ကိုတော့ လိုင်းခွဲကြပါ
    တစ်ချို ့ဆို
    သုတ်သုတ် သုတ်သုတ်နဲ ့
    တယ်မချောင်ဘူး
    တစ်ချို ့ကြပြန်တော့လည်း
    အိပဲ့အိပဲ့နဲ ့

  • kopauk mandalay

    January 15, 2011 at 11:47 am

    အများအားဖြင့်တော့ စိတ်မြန်သူက လမ်းလျှောက်မြန်ပါတယ်။
    စိတ်မြန်တယ်ဆိုမှာတော့ ဘာမဆို တက်တက်ကြွကြွ လုပ်တတ်သူရဲလက္ခဏာပါဘဲ။

Leave a Reply