ကွန်ယက်အဖွဲ့အစည်းတစ်ခုနှင့် ဆက်သွယ်ခြင်း

manawphyulayJanuary 13, 20111min450

ကွန်ယက်အဖွဲ့အစည်းတစ်ခုနှင့် ဆက်သွယ်ခြင်းဖြင့် အရာအားလုံးပြီးပြည့်စုံသွားပြီလို့ ဆိုနိုင်ပါတယ်။ သင်အလုပ်အကိုင်ရှာနေပါသလား၊ လုပ်ငန်းအသစ်တစ်ခု တည်ထောင်ချင်ပါသလား၊ ဆက်သွယ်ရေး နယ်ပယ်ချဲ့ထွင်ချင်ပါသလား၊ အလုပ်ရုံတွင် လူတော်တစ်ယောက်ဖြစ်လိုပါသလား။ ထိုအရာအားလုံးကို ကွန်ယက်အဖွဲ့အစည်းတစ်ခုထဲ၌ပင် ရရှိနိုင်သည်။ သင့်ကိုအပြန်အလှန်ဆွေးနွေးပေးမည့်သူ (သို့) သင်ပြော သမျှကို လက်ခံနားထောင်ပေးမည့်သူများအား ရွေးချယ်နို်င်သည်။ ထိုအဖွဲ့အစည်း၌ ပုံမှန်တက်ရောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံအစစ်အမှန်ကို ရရှိမည်ဖြစ်သည်။

သင့်ဆန္ဒနှင့် ကိုက်ညီမည့်အဖွဲ့အစည်းတစ်ခုကို ရွေးချယ်လိုက်လျှင်လိုက်ခြင်း ထိုအဖွဲ့အစည်းတွင် ကိုယ့်သဘောနှင့် ကိုယ်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သင်၏အသိဉာဏ်ကို တိုးတက်စေပါတယ်။ အလုပ်အကိုင်အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော The Jennings Company ၏အကြီးအကဲ Kathleen Jenning က ‘ကွန်ယက်ဆက်သွယ်ရေးသည် သင်သိသောအရာမဟုတ်၊ သင့်ကိုသာသိသောအရာဖြစ်သည်’ ဟုဆိုသည်။ အလုပ်အကိုင်ကွန်ယက်များဖြင့် ဆက်သွယ်နိုင်ခြင်း၊ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူများ၏ မိန့်ခွန်းပြောကြား ချက်များအား နားဆင်နိုင်ခြင်း၊ အလုပ်အကိုင်များတွေ့ရှိနိုင်ခြင်း (သို့) သင်လိုချင်သော ကုမ္ပဏီမှ သင့်အား အလုပ်ခန့်အပ်လိုက်ခြင်း စသောအကျိုးကျေးဇူးများစွာရရှိပါသည်။ ထိုကွန်ယက်အဖွဲ့အစည်းများကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပြည်တွင်းသတင်းစာ၏ စီးပွားရေးကဏ္ဍတွင်ဖတ်ရူခြင်း (သို့) စီးပွားရေးဂျာနယ်များတွင် ဖတ်ရူခြင်းဖြင့်လည်း ရှာဖွေနိုင်သည်။ ကွန်ယက်ဆက်သွယ်ရေးအဖွဲ့ နှင့်ပတ်သက်သော web site များကိုလည်း ရှာဖွေနိုင်ပါတယ်။ ဒီအချက်အလက်များ ကိုသာ သင်ရရှိထားမည်ဆိုလျှင် ဧည့်သည်အဖြစ်သွားမည့် အစည်းအဝေးခန်းထဲတွင် ကိုယ့်ကိုယ်ကိုမိတ်ဆက်စွမ်းရှိသွားပြီး မိတ်ဆွေအဖွဲ့သားများအတွက်လည်း အမြဲလိုလိုမေးခွန်းများပြင်ဆင်ပြီး ဖြစ်ပါလိ့မ်မယ်။

ကွန်ယက်အဖွဲ့အစည်းများ၏ စည်းဝေးပွဲကို်တက်ရောက်ရာတွင် Internet သည်အကောင်းဆုံး လက်နက်ပင်ဖြစ်သည်။

– သင်ရှာလိုသောနာမည်ကို Search engine တွင်အလွယ်ရှာဖွေနိုင်သည်။
– သင့် ထံတွင်ရှိသော စိတ်ဝင်စားဖွယ်ဆောင်းပါးများအား forward လုပ်၍ပေးနိုင်သည်။
– ဆက်သွယ်ရေး သတင်းအချက်အလက်များကိုလည်း email ပို့၍ပေးနိုင်သည်။
– အဖွဲ့၏ message board ပေါ်တွင်ရှိသော request များအား ပြန်လည်ဖြေကြားပေးနိုင်သည်။

မဆင့်လျော်သော (သို့) မလိုလားအပ်သော email ပို့ခြင်းများကို ရှောင်ကြဉ်ခြင်းဖြင့် Internet ကွန်ယက် သည် အကောင်းဆုံးလမ်းတစ်ခုဖြစ်လာလိမ့်မည်။