ဘယ်ကိုရောက်မယ် မင်းတို့ထင်လဲ

manawphyulayJanuary 16, 20111min490

ငါ့စိတ်တွေကို
ပင်လယ်ပြင်မှာ ရွက်လွှင့်လိုက်ရင်
ဘယ်ကမ်းကပ်မယ် မင်းတို့ထင်လဲ
ဝေဟင်မှာ တိမ်တိုက်တစ်ခုလို
လွင့်မျောလိုက်ရင်
ဘယ်ကိုရောက်မယ် မင်းတို့ထင်လဲ
ဒါပေမဲ့…
ငါ့ဦးနှောက်ကို ငါသာ ပိုင်၍
ငါ့နှလုံးသားကို ငါနိုင်ရမည်
မင်းတို့ကို ချစ်ငြား
အောင့်ကာထား၍
ငါ့ပန်းတိုင်သို့
ရောက်အောင်သွားမည်
ခွင့်လွှတ်ပါတော့ ညီမလေးတို့ရယ်….