စိတ်ချမ်းသာမှုများစွာနဲ့ အေးချမ်းအောင်မြင်တဲ့ဘဝလေးကို ပိုင်ဆိုင်ချင်

manawphyulayJanuary 13, 20111min825

လူတွေသင့်ကို သဘောကျစေချင်ရင် နားထောင်ကောင်းသူတစ်ယောက်ဖြစ်ပါစေ။ တဖက်လူပြောချင်တာ ပြောအောင် အားပေးပါ။

နေမင်းကြီးဟာ မကွယ်ခင်မှာ ကိုယ်တိုင်လည်းတောက်ပ ၊ လောကကြီးလည်း အလှဆင်သလို လူဟာလည်း မသေခင်မှာ ကိုယ့်အကျိုး လည်း ဆောင်ရွက်၊ သူတပါးအကျိုးလည်း သယ်ပိုးကြရပါတယ်။

စိတ်ညစ်ခြင်းဟူသည် လူတွေအတွက် အလွယ်ကူဆုံး စိတ်ခံစားချက်ဖြစ်၍ ပျော်ရွှင်ခြင်းဟူသည်ကား အခက်ခဲဆုံး စိတ်ခံစားချက် ဖြစ်သည်။

လိုအင်ဆန္ဒ အနည်းဆုံးသူဟာ စိတ်အချမ်းသာဆုံးသူပဲ ..တဲ့။ဘယ်လောက်ပဲချမ်းသာ ချမ်းသာ လိုချင်တာတွေ များနေသရွေ့တော့ လိုအင်ဆန္ဒမပြည့်လို့ စိတ်ဆင်းရဲနေမှာပဲ….

အပြိုင်အဆိုင် လောကကြီးမှာရောက်နေတော့

ကိုယ်လည်းပြိုင်ပွဲဝင်နေရမှာပဲ ။

ပြိုင်တဲ့အခါ ပြိုင်တတ်ဖို့လိုတယ်။

မနေ့ကငါ၊ ဒီနေ့ငါ ၊ မနှစ်က ငါ၊ ဒီနှစ်ငါ။

ပိုတော်လာအောင်ပြိုင်ရမယ်။

သူများနဲ့ မပြိုင်နဲ့ ကိုယ်နဲ့ကိုယ်သာပြိုင်။

မပြုံးချင်ဘူးလား။ ပြုံးလို့မရဘူးလား။ဒါဆိုရင် မရရအောင်ပြုံးကြည့်ပါ။တယောက်တည်းနေတဲ့အခါ လေချွန်ပါ ။သီချင်းဆိုပါ။ တကယ် စိတ်ချမ်း သာတယ်လို့တွေးပြီး ဒီအတွေးနဲ့ လှုပ်ရှားသွားလာပါ။စိတ်ချမ်းသာစရာတွေတွေ့လာပါလိမ့်မယ်။

5 comments

  • fatty

    January 13, 2011 at 7:48 am

    သူများတွေ အတွက်တကယ်အကျိုးပြုတဲ့ စာစုလေးပါလား ….။

  • zaw min

    January 13, 2011 at 8:29 am

    ကျွန်တော်ငယ်စဉ်က ဦးလေးတစ်ယောက်ရဲ့ အဆုံးအမကို ပြန်ပြီးကြားယောင်မိပါတယ်။ အဲဒါက လူဆိုတာနားနှစ်ဖက်ရှိရပါမယ်တဲ့။တစ်ဖက်သည်သူများပြောသည့်စကား ကိုယ်ပြန်ကြားသည့်နား၊ကျန်တစ်ဖက်ကကိုယ်ပြောသည့်စကားကိုယ်ပြန်ကြားသည့်နား။
    မိမိကြုံတွေခဲ့ဘူးသောအတွေ့၊ အကြုံ၊ခါးသီးမူတို့သည်၊မိမိအတွက်အကောင်းဆုံးရင်းနီးမြှုပ်နှံမူဖြစ်ပါသည်။စိတ်ချမ်းသာမူပေါင်းများစွာနဲ့ အောင်မြင်သောဘဝလေးများတည်ဆောက်နိုင်ပါစေ။

  • bigbird

    January 13, 2011 at 3:19 pm

    အမြဲတမ်း ပြုံးနေအောင် ဘယ်သူဘာပြောပြောစိတ်မဆိုး စိတ်မပျက်အောင်
    ကြိုးစားသထက် ကြိုးစာနေပါတယ်ခင်ဗျား…..

  • naywoonni

    January 13, 2011 at 4:09 pm

    မနေ့ကငါဟာ ဒီနေ့ငါမဟုတ်ပါ
    ဒါကြောင့်သူ့ကိုနိုင်အောင်ပြိုင်ရမယ်

  • manawphyulay

    January 14, 2011 at 3:13 am

    ဒါပေါ့။ စိတ်ကို နိုင်မှသာ အောင်နိုင်သူ ဖြစ်မည်တဲ့လေ။ ကြိုးစားပါ ကြိုးစားနေတဲ့သူအတွက် စိတ်ချမ်းသာမှုသည် ကိုယ့်ရဲ့အနီးမှာ ကပ်နေပါတယ်ရှင်။

Leave a Reply