ပုသိမ်မြို့ပေါ်ကနေရာတော်တော်များများမှာ နေ့ချင်းညချင်း ပြောင်းလဲမူတွေ ဖြစ်ပေါ်နေပါတယ်။

ကောင်းသောပြောင်းလဲမူကတော့ မြို့လယ်က လမ်းများ ကွန်ကရစ်လမ်းတွေအဖြစ် ပြင်ဆင်ခြင်းပါ။

ဒါကလဲ တတ်နှိင်သောသူဌေးလမ်းများကို စည်ပင်က ပိုက်ဆံကောက်ပြီးလမ်းခင်းခြင်းပါ ,  တကယ်ပြင်ဆင်ရန် လိုအပ်ပြီး ပိုက်ဆံသိပ်မရနှိင်သောလမ်းများကိုတော့ စည်ပင်မှ အသစ်ရောက်သော ထိုလူကြီးက ယောင်လို့တောင်လှည့်မကြည့်သေးပါဘူး။

ဘာဘဲဖြစ်ဖြစ် လမ်းတွေပြင်တယ်ဆိုတာနဲ့တင် တော်တော်ဝမ်းသာစရာပါ ။

မကောင်းသောပြောင်းလဲမူကတော့ လက်ဖက်ရည်ဆိုင်လို လူစုံတဲ့နေရာမျိုးတွေမှာ ကျောင်းသားလူငယ်တော်တော်များများ ပြောဆိုနေတဲ့ အကြောင်းကတော့

ငါ မနေ့ကဘယ်လောက်ရှံးတယ် ….ဘယ်လောက်နိင်တယ် …ဒီနေ့သွားချဦးမယ် …အကြီးကိုဘယ်လိုထိုးမယ် …အသေးကိုဘယ်လိုထိုးမယ်….အစရှိသဖြင့် ပိုက်ဆံတွေကိုင်ပြီး အမျိုးမျိုးပြောနေတာတွေ တွေ့နေရပါတယ်….

သူတို့ပြောတဲ့အကြောင်းတွေကတော့ Game Center လို့အမည်တပ်ထားတဲ့ ကာစီနို အသေးစားလေးတွေပါ

အဲဒီမှာ ပိုက်ဆံ အလျှော်အစား လဲ ရှိပါတယ်..နှိင်ရင် နှိင်သလောက်ငွေသားထုတ်ယူသွားလို့လဲ ရပါတယ်..ရှံးရင်လဲထားခဲ့ပေါ့…..

အချို့သောသူများ သိန်းရာဂဏန်းထိ ရှံးခဲ့ကြောင်းသိရပါတယ်

ငွေ တစ်ထောင်ကျပ် မှစပြီး အကန့်အသတ်မရှိ ဆော့နှိင်ပါတယ်

“ကျောင်းသူ-ကျောင်းသား များမ၀င်ရ” ဆိုတဲ့ဆိုင်းဘုတ် ကိုလဲတွေ့ရပါတယ်…ကျောင်းဝတ်စုံ အဖြူအစိမ်း ၀တ်မထားရင်တော့ ၀င်ဆော့လို့ရပါတယ်..

ဝင်ဆော့နေတဲ့ လူတွေတော်တော်များများကလဲ အလယ်တန်း-အထက်တန်း အရွယ် လူငယ်တွေများပါတယ်။

မိဘကပေးလိုက်တဲ့ မုန့်ဖိုးကို မုန့်မစားနှိင်ဘဲ လာဆော့…နှိင်ရင်ယူ..ရှံးရင်ကုန်…နဲ့ နောက်ဆုံး ကုန်တာပါဘဲ…

အဲဒီမှာတင် လူငယ်များပျက်စီးဖို့ လမ်းစ ပေါ်လာတာဘဲ…

ဆိုးတာက ရန်ကုန်မြို့ လို မကောင်းမူ စုံလှတဲ့မြို့ကြီးမှာတောင် ခွင့်ပြုခြင်းမရှိတဲ့ ဒီလို လောင်းကစားမျိုးကို ပုသိမ် မှာ တရားဝင်ခွင့်ပြုချက်နဲ့ သူ့ထက်ငါအပြိုင်အဆိုင် ဖွင့်နေတဲ့ Game Center အမည်ခံ လောင်းကစားရုံများ နေရာတော်တော်များများမှာ ပေါ်ထွက်နေတဲ့အတွက် ပုသိမ်မြို့က လူငယ်များ ရှေ့ရေး ရင်လေးစရာပါဘဲ….

ထို လောင်းကစားရုံများတွင်လဲ သက်ဆိုင်ရာအာဏာပိုင် အချို့က ရှယ်ယာ ပါသည်ဟုသိရပါသည်။

About ငပွကြီး

ngapwa gyi has written 6 post in this Website..