Facebook ……. will it be really ended on 15th March , 2011 ?

etoneJanuary 13, 20111min1228

ကော်နက်ရှင်က အရူးထနေပြန်ပြီ ။ ပို့စ်တစ်ခုတင်တာ အဆင်ကိုမပြေဘူး စာတွေပျောက်နေသေးတယ် ။ 🙁

ပြီးခဲ့တဲ့တစ်ရက်က အာဖျံကွီးနဲ့ အွန်လိုင်းမှာပြောဖြစ်တော့ လင့်လေးတစ်ခုလာပေးတာနဲ့ကြည့်လိုက်တယ် .. တကယ်ပဲ အံ့ဩသွားရပါတယ် ။ google ထက်ပို လူကြိုက်များတဲ့ facebook ကို 2011 ၊ မတ်လ ၊ ၁၅ ရက်နေ့မှာ သိမ်းတော့မယ်လို့ သိရလို့ပါ … အောက်က လင့်မှာသွားကြည့်ပါဦး ။

http://weeklyworldnews.com/headlines/27321/facebook-will-end-on-march-15th

လူတကာနီးပါး အရူးမူးစွဲလန်းနေတဲ့ Facebook က ကျမအတွက်တော့ သိပ်အသုံးဝင်ကြီးမဟုတ်ပေမဲ့ ဘာကြောင့်များ end လုပ်တော့မှာပါလဲ အတွေးများနေခဲ့တာပေါ့ ။

ဒီနေ့မနက် ဂရုပ်တစ်ခု ကမေးလ်ဝင်လာပါတယ် .. အဲ့ဒါက fake news ပါလို့လည်း ဖြေထားတယ် … ။ ဘယ်သူတွေရော ဘယ်လိုထင်လဲ ။ တစ်ကယ်ပဲ March 15th မှာ အ ဆုံးသတ်မယ်ဆိုတဲ့သတင်းဟာ မှန်လားမှားလား …  အဲ့ဒီနေ့ရောက်ရင် အဖြေရှင်းသွားမှာပါ …  ရွာသူရွာသားတွေရော ဘယ်လိုထင်လဲ ။ အင်တာနက်ထဲမှာ အမှန်ဟုတ်မဟုတ်လိုက်ရှာ လျှင်ရပေမဲ့ အလုပ်ရှုပ်နေလို့မရှာဖြစ်ပါဘူး ။ … သိတဲ့လူများဝင်ရောက်ဆွေးနွေးကြပါဦး ။

8 comments

  • etone

    January 13, 2011 at 10:06 am

    ဟီးဟီး အခုမှပဲ တင်လို့ရတော့တယ် ။ လေး၊ငါးခါမကဘူး ပြန် edit လုပ်နေတာ တစ်ပိုင်းတွေချည်းပါနေလို့ ။

  • kai

    January 13, 2011 at 10:21 am

    လူတွေက .. ကိုယ့်အကြောင်းကိုယ်.. တင်ပေးနေသမျှ .. ဖေ့စ်ဘုတ်က ဖျက်သိမ်းမယ်တော့မဟုတ်ပါဘူး..။
    မသကာ.. သုံးတဲ့သူတွေ.. တယောက် ၁ဒေါ်လာပေးပါ…ဆိုတာမျိုးတော့ လုပ်ချင်လုပ်လိမ့်မယ် ထင်တာပါပဲ..။

    အဲဒီသတင်းက.. တယောက်ယောက်က ..နောက်လိုက်တာပါ..။
    အမှန်မဟုတ်ပါကြောင်း..ကို.. အတည်ပြုပေးလိုက်ကြောင်း..။

  • အာဖျံ ကွီး

    January 13, 2011 at 10:27 am

    ဟုတ်တရ် … အီးတုံးရေ ..
    အီးတုုံးကို link ပေးပီးတော့မှ Journalist Friend တစ်ယောက်က အတည်ပြုပေးလို. ဒီသတင်းအမှန်မဟုတ်တာ သေချာသိလိုက်ရတရ်။
    တို.တွေချစ်တဲ့ Face Book ဆက်လက်ရှိနေအုံးမှာပါ။
    🙂 🙂 🙂

  • ဆူး

    January 13, 2011 at 2:47 pm

    ဖေ့ဘွတ် ပိတ်ရင် ပုံတွေ တင်ထားတာ သွားပြီ.. ဒီမှာ ပုံတွေ တင်ရင် ခက်လို့.. ဖေ့ဘွတ်ကနေ လင့်နဲ့ တင်တာ ဆိုတော့.. ပိတ်သွားရင် ဆူး ပိုစ်တွေက ပုံတွေ ပျောက်ကုန်မှာ.. မပိတ်တော့.. ကောင်းတာပေါ့။

  • naywoonni

    January 13, 2011 at 4:12 pm

    အဲဒိမှာ ဘာမှ မလုပ်တတ်လို့ ဘာမှလုပ်မထားပါ သူငယ်ချင်းလုပ်တာင် ဟိုနေ့ကမှ သူငယ်ချင်းတစ်ယောက် ပြလို့ ဟီး ခုထိ ဘယ်နှစ်ယောက်မှ မရသေးဘူး

  • Gipsy

    January 13, 2011 at 5:00 pm

    အေးဗျာ…..ဘာမှမလုပ်တတ်တော့….ထိုင်ကြည့်နေရတယ်…ငုတ်တုတ်ပါဘဲ….

  • zippo

    January 13, 2011 at 5:06 pm

    အနော်လဲဘာမှမတတ်။။။။။။။ဘဝတူတွေပေါ့။။။။။။အဟဲ။။။။

  • char too lan

    January 14, 2011 at 4:28 am

    စိတ်ပူပါဘူး facebook ဆိုတာကို အထီးလား အမလားတောင် ကောင်းကောင်းမသိဘူး သူ ့ဟာသူပိတ်ပိတ်သေသေ ချိတ်ကိုမဝင်ချားဘူး 😛

Leave a Reply