ဘာသာရေးဖျက်ဆီးသူများ ရဲ့ NO 1

နွယ်ပင်January 14, 20111min14013

ဒီအဖွဲ က အခုတစ်လော နာမည်ကြီးလာတဲ့အဖွဲ့တစ်ခုပါ။ ဘာသာ၊သာသာသာသနာကို အလွဲသုံးစားလုပ်ပြီးစီးပွားရှာစားတဲ့ဘုန်းကြီးကို ပြင်းထန်စွာ ဆန့်ကျင်ပါတယ်။ ဒီပုံလေးက ကြေးမုံ သတင်းစာမှာ ကြော်ငြာခဲ့တဲ့ သူတို့ ရဲ့ ကြော်ငြာပါ.။

ဂေဇတ်မှာတော့ POL က ဗီဒီယိုဖိုင်တင်ပြီးပါပြီ..။ ဒေါသတွေထွက်လွန်းလို့ ထပ်တင်လိုက်တာပါ။ ထိုသို့သော သာသနာဖျက်များလုပ်ဆောင်နေပုံ တရားဝင်သတင်းစာထဲ ထည့်ကြော်ငြာတဲ့ နအဖ တွေရဲ့ လုပ်ရပ်တွေကလည်း ။ သူတို့ ကဘာကောင်တွေလည်းဆိုတာ ကို သက်သေပြနေပါတယ်။

ပုံတင်လို့ မရလို့ အောက်ပါလင့်မှာ ကြည့်ရှုပြီး…ဖုန်းဆက်နိုင်ကြပါပြီ.။ ကြေမုံပါကြော်ငြာ

13 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 14, 2011 at 5:44 pm

    သူ ့ကြော်ငြာကလည်း ရှင်းပါတယ်
    စိတ်ဓာတ်မြှင့်တင်ရေးဆိုဘဲ
    ကတာ ခုန်တာကတော့ အာရုံအလွှဲအပြောင်းကိစ္စပါဘဲ သွေးလေလည်ပတ်မှုပေါ့
    အဲ့လိုမှန်လာမှ ဉာဏ်ရည်ထုံထိုင်းတာကို ပြန်ဖွင့်ပေးတဲ့သဘောပါ
    ပြဿနာလို ့ပြောရမှာက
    ထရိန်နင်ပေးနေတဲ့ကိုယ်တော်က တော်တော်ဝေဖန်ရခက်တာဘဲ
    သူကိုယ်တိုင် ကနေတာလဲဟုတ်ဘူးလေ
    ဘုန်းကြီးဆိုပေမယ့်
    နိဗ္ဗာန်ရောက်ကြောင်းတရားမဟောဘဲ
    စိတ်ရဲ့ထိမ်းချုပ်နည်းကို လောကီနည်းတွေနဲ ့လက်ချာပေးနေပုံရတယ် (အထင်)
    ဆိုတော့ကာ
    ဘုန်းကြီးဗေဒင်တွက်တာနဲ ့သိပ်မကွာဘူးဖြစ်နေတယ်
    အဆိုဆုံးက
    အကြီးတွေရော အငယ်တွေရောက
    ဘုန်းကြီးမြှောက်ပေးတိုင်း ကနေတယ်ဆိုတော့ကာ
    အဲ့သည်လူအုပ်ကြီးကို အလျှင်ရှုပ်ချသင့်ပါတယ်
    သူတို ့က စောက်ရူးထတာဘဲ (အမြင်)
    အင်း
    ကျုပ်တို ့ရွာမှာဆိုရင် :):)
    ဒီဘုန်းကြီး အမှုကတော့
    ရွာပတ်ရင်ပတ်
    မပတ်လို ့ကတော့
    သဂျီးရွာလည်ဘဲ

  • narziparty2009

    January 14, 2011 at 7:13 pm

    ဘယ်လိုမှကိုမပတ်သတ်ပါဘူး။ရှေ.ကဘုန်းကြီးကလည်း ဗမာရုပ်မဟုတ်ပါဘူး
    နောက်ကလိုက်ကကြတဲ.လူတွေကိုတော.အံ.ပါရဲ. အသက်တွေကကြီးနေပါပြီ။
    နိုင်ငံတော်ပိုင်သတင်းစာထဲထည်.ထားတာကတော.ဘယ်လိုအုံးနှောက်နဲ.အုတ်ချုပ်တယ်ဆိုတာကို
    သက်သေပြသလိုဖြစ်နေပါတယ်။

  • koyinmaung

    January 14, 2011 at 9:30 pm

    သာမန်လူက သင်တန်းပေးနေယင် ပြောစရာသိပ်ရှိမယ်မထင်ဘူး သင်တန်းပေးတဲ့သူက ဘုန်းကြီး သင်ခန်းစာထဲမှာစုပေါင်းကတဲ့အက ကပါသေး ဆိုတော့ထေရဝါဒစစ်စစ်ကိုးကွယ်တဲ့မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမှအမြင်မတင့်တယ်ဖြစ်နေရတာပေါ့ ။။

  • bigchef

    January 14, 2011 at 10:14 pm

    ဘုန်းကြီးရူး နဲ ့ လူ ရူး တွေ ပါ။သူ တို ့ မို ့ လို ့ အရှက် မ ရှိ က နေ ကြ တယ်။ အ သက် တွေ က ဖင် ဆောင့် ့သေ တော ့ မယ်။ ကျန်း မာေ ရး အ တွက် က ချင် ရင် မ နက် တိုင်း အင်း ယား ကန်စောင်း နဲ့ ပြည် သူ ့ ရ င် ပြင် ရှေ့ မျာ သွား က လို .ရ ပါ တယ်။ဘုန်း ကြီး က လည်း သူ့ ့ရှေ့ မှာ က နေ ရင် သူတောင် တား ရ အုံး မယ် ။ခုသု က တောင် က ခိုင်းနေ သေး တယ်. အ ရူး ဘုန်းကြီး။

  • maungmoenyo

    January 15, 2011 at 2:34 am

    Asia Plaza ကိုကြည့်ရတာဘူမိနက်သန် ကောင်းပုံမရဘူး။ ခပ်ကြောင်ကြောင် ကိစ္စတွေ တဇွတ်ထိုးလုပ်ပြီး လူထုဆီကငွေညှစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ရဲ့ဗဟိုချက်မကြီးများဖြစ်နေမလားဘဲ…။
    ဒီအဆောက်အဦကိုစတင်ထူထောင်ခဲ့တဲ့ အာရှမောင်မောင်၊ ဒေါက်တာမောင်မောင်ဦး နဲ့ ကိုဝင်းစိန်တို့က အထက်ဖားအောက်ဖိ၊ အရပ်တကာလှည့် ငွေညှစ်၊ ဗိုလ်ချုပ်တွေကို နည်းမျိုးစုံသုံးပြီး ပေါင်း။ လက်အောက်ဝန်ထမ်းတွေကို ဒုက္ခကြီးငယ်ပေး၊ စီးပွားရေးလုပ်ဖေါ်ချင်း (နိုင်ငံခြားက စီးပွားဖက်တွေပါမကျန်) ခေါင်းပုံဖြတ်၊ တခြားသူတွေချွေးနဲစာနဲ့ရှာထားတဲ့အကျိုးအမြတ်တွေ မောင်ပိုင်သိမ်း၊ စတဲ့ ယုတ်စွအဆုံးအလုပ်တွေကို လုပ်ရာမှာ နံမယ်အတော်မွှေးးခဲ့တာကလား..။

  • char too lan

    January 15, 2011 at 2:46 am

    ကြည့်ရတာတစ်ခုခုတော့လွဲနေပီဗျ @_@

  • zawana

    January 15, 2011 at 3:30 am

    အောက်ကလင့်ကတော့ ဘုန်းကြီးရဲ့ ဝက်ဘ်ဆိုက်ပါ။
    http://numberonesociology.com/
    လောကီရေးရာ ကိစ္စတွေကို ဘုန်းကြီးက သင်ပေးတာဆိုတော့ မအပ်စပ်ဘူးလို့ ထင်တာပါပဲ။
    MZ က မန်ဘာတွေထဲက သံဃာတော် တစ်ပါးပါးက ထင်မြင်ချက် ပေးရင် ကောင်းမယ် ထင်ပါတယ်။

  • Mie_Mie

    January 15, 2011 at 3:40 am

    ကြားဖူးနေတာတော့ကြာပါပြီ။ သင်တန်းမှာသင်တဲ့ စာအုပ်က တအုပ် ၃၀၀၀ဝ ဆိုပဲ။

  • unclegyi1974

    January 15, 2011 at 3:13 pm

    သင်တန်းတက်သူ ချမ်းသာနည်းတွေ့မတွေ့တော့
    မသိ စာတအုပ် ၃၀၀၀ဝ ဆိုတော့
    သင်တန်းဆရာကတော့အမှန်ချမ်းသာပါမည်
    သင်တန်းသားအားလုံး နဂါးနီ သီချင်းလေးဟဲ
    လိုက်ရအောင်

  • naywoonni

    January 15, 2011 at 4:00 pm

    တို့ရွာသားတွေ မပါစေနဲ့နော်
    စပ်စုမတို့ သတိဝိရိယနဲ့ နေကြဦး
    ယောင်တောင် ပေါင်တောင်နဲ့ ရောယောင်ပါသွားဦးမယ်။

  • phantom

    January 16, 2011 at 4:44 am

    အဲဒီလင့်မှာ ဘယ့်နှယ်ဘုန်းကြီးက လောကုတ္တရာတရားမဟောပဲ လောကီရေးရာမှာ ဝင်ပါနေပါလား တက်ကြမ်းတွေရေးမယ်ဆိုရင်လည်း လူဝတ်လဲသင့်ပါတယ် ဘုရားကတော့ ငါ့ကိုရှိခိုးကြ ပိုက်ဆံရမယ်လို့တော့ မဟောခဲ့ဘူးထင်ပါတယ်။ ဒီလိုပဲ မဟုတ်မတရားတွေ ဖြန့်ဖြူးနေတဲ့ ဘုန်းကြီးကိုများ သင်တန်းပါမစ်ပေးတယ် ပြီးတော့ သူ့ဆိုက်ကိုကြတော့ assess deny အပိတ်မခံရဘူးတဲ့ အံ့ရော အံ့ရော

  • naywoonni

    January 16, 2011 at 11:39 am

    ဘယ်ခံရပါ့မလဲ ဘာကြီးဘဲမှ မသိတာ

Leave a Reply