ပြည်သူတွေ ပြည်သူစစ်မှုထမ်းပြီးရင်တောင် အရေးပေါ်ရင် အချိန်မရွေး ကာလအကန် ့အသတ်မရှိ စစ်စည်းရုံးခြင်းအမိန် ့နဲ ့ ပြန်ပြီးဆင့်ခေါ်ဦးမယ်တဲ့။

ၾကယ္ေလးJanuary 13, 20111min30419

နအဖအာဏာရူးတွေဟာ ပြည်သူပြည်သားတွေကို နိုင်ငံတော်ကာကွယ်ရန်ဆိုပြီး အကြောင်းပြကာ တစ်သက်လုံး စစ်ကျွန်ဘဝရောက်အောင် မတရားအတင်းအဓမ္မ နှစ်သတ်လို ့နေပါပြီ …

ဒီလို ပြည်သူစစ်မှုထမ်းရပြီဆိုရင် စစ်တပ်ဥပဒေတွေကို လိုက်နာရမယ်ဆိုတော့ မတရားအမိန် ့ဖြစ်နေရင်တောင် အမိန် ့နာခံမှုမရှိရင် လက်ခုပ်ထဲက ရေလိုဘဲ သွန်ချင်သွန် မှောက်ချင်မှောက် အဖြစ်ခံဖို ့ ရှိနေပါတယ်။

သာသနာ့ဝန်ထမ်းလို ့ သတ်မှတ်ဖေါ်ပြတဲ့ထဲမှာလည်း ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ ့ ဟိန္ဒူဘာသာလောက်ဘဲ ဖေါ်ပြထားပြီး အစ္စလမ်ဘာသာနဲ ့ အခြားသော ဘာသာကိုးကွယ်မှုများက သာသနာ့ဝန်ထမ်းတွေ စစ်မှုထမ်းကြရဖို ့ ရှိနေပါတယ်။

ဒီထဲမှာ ပြဌာန်းထားတဲ့ အချက်ဖြစ်တဲ့ “ပြည်သူစစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း” ဆိုတဲ့နေရာမှာ ပြောထားတဲ့ တစ်ချက်ကတော့ “ပြည်သူ ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ ့က အမိန် ့ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ” အနေနဲ ့ စစ်မှုထမ်းစရာ မလိုဖူးလို ့ ပြောထားပါတယ်။ ဒီအချက်ဟာ မရိုးသားတဲ့ အချက်ဖြစ်ပါတယ်။ ဒီ သတ်မှတ်ချက်အရ “ပြည်သူ ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ ့က အမိန် ့ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ” ကတော့ နအဖအာဏာရူးတွေရဲ ့ မိသားစုတွေ မကင်းရာမကင်းကြောင်းတွေ အဆင်ပြေပေါင်းဘက်နေကြသူတွေ စီးပွားရေးဖက်စပ်လုပ်နေကြသူတွေကို ဒီ ကင်းလွတ်ခွင့်အမိန် ့လေးကို အသုံးချပြီး စစ်မှုမထမ်းရအောင် ထွက်ပေါက်လေး ဥပဒေကို လက်တစ်လုံးခြားလှည့်ပြီး လုပ်ဖို ့ပါဘဲ။

ပြည်သူစစ်မှုထမ်းကာလက ရိုးရိုးသာမန်ဆိုရင် (၂) နှစ်ထိ၊ ကျွမ်းကျင်သူများဆိုရင် (၃) နှစ်ထိ၊ အရေးပေါ်လို ့ရှိရင် (၅) နှစ်ထိတဲ့။

ဒီလို ပြည်သူ ့စစ်မှုထမ်းပြီးသွားပြီဆိုပြီး ပြီးပြီ လွတ်ပြီ ကျွတ်ပြီမထင်ပါနဲ ့ အချိန်မရွေး အမိန် ့ထုတ်ပြီး စစ်မှုထမ်းဖို ့ ဆင့်ခေါ်သွားပါမယ်တဲ့။ ပြည်သူ ့စစ်မှုထမ်းပြီးသားသူတွေကိုရော မထမ်းရသေးသူတွေရော စစ်စည်းရုံးခြင်းအမိန် ့နဲ ့ခေါ်မှာတဲ့၊ ပြီးရင် “လုပ်ကိုင်ဆဲအလုပ်တွင် ဆက်လက်လုပ်ကိုင်နေစေရန် ညွှန်ကြားနိုင်သည်” တဲ့၊ ဒါကတော့ ကာလအကန် ့အသတ်မရှိ စစ်ထဲဝင်နေရဖို ့ ဖြစ်နေပါတယ်။

နအဖအာဏာရူးတွေဟာ ပြည်သူပြည်သားတွေကို နိုင်ငံတော်ကာကွယ်ရန်ဆိုပြီး အကြောင်းပြကာ တစ်သက်လုံး စစ်ကျွန်ဘဝရောက်အောင် မတရားအတင်းအဓမ္မ နှစ်သတ်လို ့နေပါပြီ …

မြန်မာပြည်သူပြည်သားတွေ ဒီအချိန်မှာမှ ရဲရဲဝန် ့ဝန် ့နဲ ့ မိမိဘဝ စစ်ကျွန်ဘဝက လွတ်မြောက်ရေးအတွက် မတွန်းလှန်ကြဖူးဆိုရင်တော့ ပေးတာ ယူ၊ ကျွေးတာစား၊ ခိုင်းတာ လုပ် အခြေထက်ပိုဆိုးမယ့် ဘဝတွေ တစ်စစီ ရစရာ မရှိအောင် ပျက်စီးနိုင်တော့မယ့် စစ်ယူနီဖောင်းဝတ်ကလေးနဲ ့စစ်ကျွန်လေးတွေ ဖြစ်ကြမှာ မြင်ရမှာ စိတ်မကောင်းဖြစ်စွာနဲ ့ အင်မတန် ရင်လေးမိပါတယ်။ ဒီထက်ပိုဆိုးမှာကတော့ ပြည်သူပြည်သားတွေရဲ ့ နောင်မျိုးရိုးစဉ်ဆက် သားသမီးမြေးမြစ်တွေအထိ စစ်ကျွန်ဘဝရောက်ကြရရင်တော့ တရားခံတွေကတော့ နအဖအာဏာရူးတွေတင်မကပါဖူး …

(နအဖရဲ ့ ပြည်သူစစ်မှုထမ်းဥပဒေဆိုတာ ဒေါင်းလုပ်လုပ်ပါက – http://www.multiupload.com/OC2OLUXXJ4

19 comments

  • R Ga

    January 13, 2011 at 10:26 am

    စတင် ယုတ်မာ အကြံ ပတ်စက် နေကြပါပြီ ကော အရပ်ကတို့ရေ..။

  • အာဖျံ ကွီး

    January 13, 2011 at 10:31 am

    အမေကတော့ပြောတာပဲ … အတင်းခိုင်းရင် … ကျွန်မသမီးက ရူးနေတာပါ။ စစ်ထဲဝင်လို.မရဘူးလို. ပြောလွှတ်လိုက်မရ်ဆိုပဲ … ဟဟဟ …

  • အာဖျံ ကွီး

    January 13, 2011 at 10:33 am

    ဒီမိုကရေစီနိင်ငံသစ်အတွက် ပြည်သူတွေကို ပေးစရာရှိတာမပေးသေးဘူး၊ ရစရာရှိတာ အရင်တောင်းနေပါလား ဟရို. …. 🙁

  • Maung Dae`

    January 13, 2011 at 11:01 am

    စစ်တပ်ထဲမှာ တစ်သက်လုံးနေဖို့ လုပ်လာရင်လည်း.. ဘဝသေနေမယ့်အတူတူတော့ ရှင်းစရာရှိတဲ့သူ ရှင်းသင့်တဲ့သူတွေကိုရှင်းပီးတော့ ကားစင်တက်လိုက်မယ်.. တို့ကတော့ ခပ်ပြတ်ပြတ်ပဲ…

  • Tettoe Aung

    January 13, 2011 at 11:14 am

    To look at the bright side, they can only make us into soldiers but they cannot make us into soldiers loyal to them. This might be the opportunity for us to turn the guns they put into our hands towards them. It was the trust that Nicolae Ceausescu and his wife Elena put in his military that they were executed by firing squad when they were captured near Tirgoviste.

  • zaw min

    January 13, 2011 at 11:51 am

    အဓိပ်ပါယ်က ရှင်းပါတယ်၊နောင်တချိန်မှာ လိုအပ်လာရင် ပြည်သူကိုပြည်သူ အချင်းချင်းပဲ သတ်ခိုင်းတော့မှာပါ၊ စစ်တပ်က သတ်တယ်ဆိုတာ ပပျောက်အောင်လုပ်နည်းပါ၊ ဥပမာ။ ။ဒီပဲဟင်း အရေးအခင်းကိုပဲကြည်ပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 13, 2011 at 12:33 pm

    ပြောလို ့သာပြောနေကြတာပါ
    ဒီအစီစဉ်ကို သူတို ့တစ်ကယ်လက်တွေ ့အကောင်ထည်ဖော်ဘို ့ခက်မယ်ထင်ပါတယ်
    ဆိုခြင်တာက
    စစ်ထဲကိုဝင်ရမယ်ဆိုတဲ့ လူငယ်တွေက ပြင်ပဗဟုသုတ ရှိကြတယ်လေဗျာ
    အနည်းဆုံတော့ ဘီဘီစီလောက်တော့ နားထောင်ဘူးမှာပါ
    ယ္ခုလက်ရှိ စစ်တပ်ထဲမှာတောင် တစ်ကယ် မဲခွဲလိုက်ရင်
    ဘယ်သူနိုင်မယ်ဆိုတာ ပြောစရာ မလိုတော့ပါဘူး
    စစ်အင်အားလျှော့နည်းတာရယ်
    အခြေခံတပ်သားတွေရဲ ့စိတ်ဓာတ်ကျဆင်းနေတာတွေကို
    ကုစားတဲ့အနေနဲ ့ရရင်အမြတ် မရရင် အရင်းဆိုပြီး
    သွေးတိုးစမ်း တစ်ဖြစ်လဲ စိတ်ဓာတ်စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခု
    ဖြစ်မယ်ဘဲထင်ပါတယ်
    ကိုယ်ကလဲ ဆိတ်ကျောင်းသားဆိုတော့ ဒီလောက်ဘဲတွေးတယ်ဗျို ့

  • koyinmaung

    January 13, 2011 at 6:19 pm

    ဇာတ်သိမ်းခန်းများလါး

  • ယုတ်မာနိုင်စွမ်းကို လျှော့မတွက်ကြပါနဲ့။ ဖြစ်လာရင် မထင်ထားလောက်အောင် ဖြစ်တတ်တယ်။ ဒီကောင်တွေ စတက်လာတုန်းက ဒီကနေ့အခြေအနေထိ ဖြစ်လာမယ်လို့ ဘယ်သူမှ မတွေးမိခဲ့ကြပါဘူး။ စစ်မှုထမ်းရင်း တစ်ယောက်သေရင် ငွေဘယ်လောက်လျော်မလဲဆိုတာ မပါဘူးနော်။ လူတွေကို သိန်းချီသတ်တော့မယ်လို့ ခုနေမှာတော့ ဘယ်သူမှ ထင်မထားဘူး မဟုတ်လား။ မဖြစ်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။

  • kai

    January 13, 2011 at 11:08 pm

    ဆိုင်ရာနယ်ကတက်သွားတဲ့ ဥပဒေပြုအမတ်တွေ ..ဥပဒေပြုမှ ဥပဒေဖြစ်မှာမို ့..
    အဲဒီအမတ်တွေကို … အဲဒါကိုဥပဒေအဖြစ်မလုပ်ဖို့ ..ပြောလိုက်ကြပါ။

    အဲဒါကိုမကြိုက်တဲ့သူ .. လူထုတဦးခြင်း၊ တယောက်ခြင်းစီက .. တိတိကျကျကန့်ကွက်စာပို ့၊ ဆန္ဒပြုပေးရမှာဖြစ်ပါတယ်..။
    တတ်နိုင်ရင် ..ရပ်ကွက်တွေထဲက .. လူငယ်တွေ တအိမ်တက်ဆင်း လက်မှတ်ကောက်ခံပြီး အဲဒီစာကို အမတ်မင်းလွှတ်တော်တက်ယင် ယူသွားဖို ့ပေးလိုက်ရမယ်ဖြစ်ပါတယ်..။

    ဒါက .. ယူအက်စ်မှာ အောက်ခြေလူထုက ..လုပ်ကြတဲ့နည်းပဲ..။
    အောက်မှာ .. လွန်ခဲ့တဲ့တလ(ဒီဇင်ဘာ ၁ရရက်နေ့)က ဒီမိုကရက်အမတ်တွေ လိုချင်တဲ့ ဘီလ်ကို ဥပဒေဖြစ်အောင်လုပ်တဲ့ ကင်န်ပိန်းအီးမေးလ်စာ ပြထားပါတယ်..။
    အဲဒိမှာ စိနိတ်တာကို ဖုန်းခေါ်ခိုင်းထားတာမြင်ရမှာဖြစ်ပါတယ်.။
    “Don’t Ask, Don’t Tell” နဲ့ DREAM Act.၂ခုမှာ တခု(“Don’t Ask, Don’t Tell”)ပဲ ဥပဒေပြုခွင့်ရတယ်ဆိုပေမဲ့ ..အောင်မြင်ပါတယ်..။
    ====
    ှSubject: Call your senators
    ( ) —

    Your senators need to hear from you right away.

    Tomorrow, they will cast important votes on two huge issues: the repeal of “Don’t Ask, Don’t Tell” and passage of the DREAM Act.

    When the clerk of the Senate calls the roll, the outcome for both these bills could go either way. The only thing that we know with certainty is that each vote will be extremely close. And because there are so few days left in 2010, this might be our final opportunity to move forward on either of these issues.

    Right now, we need you to call your senators and ask them to support both the repeal of “Don’t Ask, Don’t Tell” and passage of the DREAM Act.

    President Obama and the leadership of our armed forces have together asked Congress to repeal “Don’t Ask, Don’t Tell.” It’s obvious that the time for this change has come — simple fairness demands it. This vote is our chance to do so.

    The DREAM Act is a critical piece of immigration reform — it will offer a pathway to citizenship for young people who are willing to serve in our armed forces or attend college.

    If your lawmakers are supporting these measures, let them know they have your thanks. If your senators are undecided or opposed to these measures, please ask them to do what is right.

    Time is running out to see progress on these critical issues.

    The single best thing you can do to help support the President is to call your senators right now. For lawmakers who have yet to make up their minds on how they’ll vote on the DREAM Act or “Don’t Ask, Don’t Tell” repeal, calls from constituents could make all the difference.

    Call now:

    http://my.democrats.org/SenateCalls

    Thank you,

    Governor Tim Kaine
    Chairman

  • etone

    January 14, 2011 at 2:21 am

    စစ်ဆိုရင်မုန်းလွန်းလို့ ရေတောင်စစ်သောက်ချင်တာမဟုတ်ဘူး ။ စိတ်ဆန္ဒမပါပဲ အတင်း စစ်ထဲဝင်ခိုင်းရင် ဆန္ဒပြပွဲတွေဖြစ်လာမှာပဲ … အ ဲ့ဒီအခါ တစ်တပ်တစ်အားပါဝင်မယ် … ။ အကယ်၍များ အားလုံးက ကြောက်ပြီး ဘာမှမလုပ်ရဲလို့ လုထုဆန္ဒပြပွဲတွေမဖြစ်လာရင်တော့ တခြားနိုင်ငံတစ်ခုခုမှာပဲ အခြေချဖို့စဉ်းစားရတော့မှာပေါ့ ။

  • zawana

    January 14, 2011 at 4:31 am

    THE ULTIMATE TRAGEDY IS NOT THE OPPRESSION AND CRUELTY BY THE BAD PEOPLE,BUT,THE SILENCE OVER THAT BY THE GOOD PEOPLE. (MARTIN LUTHER KING.Jr.)

  • phantom

    January 14, 2011 at 6:15 am

    သူတို့ အဆီရွှဲရွှဲနဲ့ထမင်းဝနေတာတောင် လူထုကို ထမင်းငတ်ထားချင်တဲ့စိတ်ပဲရှိတဲ့ အောက်တန်းစားတွေရဲ့ အကြံအစည်ပါ ဥပဒေဆိုတာ လူနည်းစု အတွက်ပဲ ကျန်တဲ့ သူတွေအားလုံးကတော့ ပေးနိုင်ရင်ရမယ် မပေးနိုင်ရင် သေပေါ့

  • yuyu

    January 14, 2011 at 6:19 am

    အဲလိုပြေးမယ့်သူတွေများလို့ ဟိုကပိတ်ဒီကပိတ်တွေဖြစ်လာဦးမယ်

  • cobra

    January 14, 2011 at 8:04 am

    ကျွန်တာ်တို့လိုလူငယ်တွေအပျော်ကိုဘဲမက်နေလို့မရတော့ပါဘူး….။
    လူငယ်တိုင်းနဲ့ဆိုင်နေတဲ့ကိစ္စဖြစ်လာပါပီ….။
    လူငယ်တွေလည်းစည်းလုံးဖို့လိုနေပါပီ…။

  • kai

    January 14, 2011 at 9:55 pm

    ကျုပ်မှန်းသလောက်တော့ … အန်အယ်ဒီ လူငယ်အဖွဲ ့ကတဆင့် .. ကင်န်ပိန်းလုပ်ရလိမ့်မယ်..။
    အဲဒီလိုနဲ့ ..ရပ်ထားဖို့ပဲ..။
    ဥပဒေမဖြစ်အောင် .. လုပ်ထုံးမထွက်အောင် .. ရပ်ထားလို့ပဲရမယ်..။ ဖျက်လို့မရနိုင်သေးဘူး..။ ဒါက ခင်ဗျားတို့ မဲပေးတယ်ဆိုပြီး လုပ်ထားတဲ့..၂၀၀၈အခြေခံဥပဒေထဲပါနေတာ..။

    ဒီအတိုင်း.. ကန့်ကွက်တာတွေနဲ့ .. မျောနေလိုက်ရင် .. နောင်ငါးနှစ်မှာ .. သူတို့(အန်အယ်ဒီ)အစိုးရအဖွဲ ့ထဲအင်အားအကောင်းဆုံးဖြစ်လာ(ကောင်း၊ ဖြစ်လာ)လိမ့်မယ်.။
    အဲဒီမှ ..အခြေခံဥပဒေထဲက ဖျက်ရမှာ..။

  • nigimi77

    January 15, 2011 at 7:27 am

    အပေါစား စကားပုံတွေနဲ ့တင်စား သုံးနှုံးပြီး ပေါကြောင်ကြောင် အာချောင်နေကြတာပဲ။ အတွေးအခေါ်တွေက အားရစရာတွေပဲ။ :{

  • MandalayThar

    January 15, 2011 at 7:40 am

    ဒီဥပဒေကြီးကို ဒုန့်ကဲ (don’t care) လုပ်ထားတာ။

    ဘာဖြစ်လို့လဲဆိုတော့..ကြည့်
    မှတ်ပုံတင် အထပ်လိုက်ကိုင်ချင်လား ဖြစ်တယ်။ ပစ်စပို့ အထပ်လိုက်ကိုင်အုံးမလားဖြစ်တယ်။ အခွန်လား ဆောင်ဘဲနဲ့ လုပ်ပေးလို့ရတဲ့ လမ်းတွေရှိတယ်။ မြန်မာနိုင်ငံမှာ ဘာမဆိုလုပ် လို့ရတယ်။ ဒီစစ်မှု့မထမ်းချင်လို့ ရှောင်ချင်လား လာမယ် လမ်းတွေရှိလာဦးမယ်။ လတ်ထိုးဖို့ နေရာတနေရာ ထပ်တိုးလာတာ လောက်ပါဘဲ။ ဒါကို အကြောင်းပြုပြီး ဘယ်ကောင်တွေ စားပေါက်တိုးလာမလဲ မသိဘူး။ ဘာမှ စိတ်မပူနေနဲ့ လမ်းတွေ သူဘာသာ ပွင့်လာလိမ့်မယ်။

    စစ်မှု့ထမ်းပြီးကြောင်းလက်မှတ် တစောင် ဘယ်လောက် လူလိုက်စရာမလိုရင် ဘယ်လောက်။ ၁ လလောက် အတတ်ပြပြီး ဆေးရုံကို ခဏသွားနေ ပြီးရင် ဆေးခွင့်နဲ့ ပြန်နေ ဆိုပြီး လမ်းတွေက ဖြစ်လာအုံးမှာ။

    ဟိုဝန်ထမ်းတွေ ဖောင်ကြီးသင်တန်းတုန်းကလည်း သင်တန်းကနေ ဆေးရုံ ဆေးရုံကနေ အိမ်မှာ နှပ်နေတာ ဒီလိုလမ်းတွေ ပေါ်လာအုံးမှာ..

    သူတို့ဥပဒေက ဘယ်လောက် ထိရောက်လို့လဲ။ လူရီ စရာဖြစ်အုံးမယ်။

    ကျုပ်ကတော့ ရှင်းရှင်းဘဲ။ အခွန်လည်း မပေးချင်ဘဲနဲ့ ပေးနေရတယ်။ ဘာအခွင့်အရေးမှလည်း မရဘူး။ ဒါကို လာပြီး စစ်မှု့ထမ်းခိုင်းနေရင် တခြားနိုင်ငံသားခံယူဖို့ စဉ်းစားနေစရာမလိုဘူး။ တခြားနိုင်ငံသားခံယူတာနဲ့ တိုင်းပြည်ချစ်တာနဲ့ တခြားစီနော်…

Leave a Reply