ဆာမူရိုင်းနိုင်ငံတော် (how do u think of this group?)

အာဖ်ံ ကြီးJanuary 13, 20111min1054

လွတ်လပ်တဲ့

ဆာမူရိုင်းနိုင်ငံတော်ကို

ဆာမူရိုင်းတွေ စုပြီး ထူထောင်လိုက်ကြတယ်။

ဆာမူရိုင်းနိုင်ငံတော်အလံက အနက်ရောင်

ဆာမူရိုင်းနိုင်ငံရဲ့ စီးပွားရေးက ဓားနဲ့မြားထုတ်လုပ်ရေး

ဆာမူရိုင်းတွေပဲ လယ်စိုက်ပြီး

ဆာမူရိုင်းတွေပဲ ရိပ်သိမ်းကြ

မိန်းမဆိုတာ

ဆာမူရိုင်းနိုင်ငံတော်မှာ အဖျော်ဖြေခံပစ္စည်း

အလှပြင်တဲ့ ပညာကလွဲရင် ဘာပညာမှမသင်ကြရ

ဆာမူရိုင်းနိုင်ငံတော်မှာ

ချစ်ခြင်းမေတ္တာမရှိ

လိင်စိတ်နဲ့

သတ်ချင်ဖြတ်ချင်စိတ်သာ ရှိရဲ့။

ချယ်ရီတွေပွင့်ချိန်ဆို

ချယ်ရီပန်းပင်တွေအောက်

ဆာမူရိုင်းတွေရောက်လာပြီး သစ္စာရေသောက်ကြတယ်။

ဆာမူရိုင်းနိုင်ငံတော်မှာ

ဆာမူရိုင်းရဲ့သားနဲ့

ဆာမူရိုင်းရဲ့သမီးဟာ လက်ထပ်ထိမ်းမြားခွင့်ရ

ခေတ်အဆက်ဆက်

ဆာမူရိုင်းလေးတွေပဲ မွေးဖွားလာကြ။

ဆာမူရိုင်းနိုင်ငံတော်မှာ

ကဗျာမရေး

ပန်းချီမဆွဲ

ဂစ်တာ မတီး

ပြဇာတ် မက

ဆံပင်တိုလည်း မညှပ်ရ

မုတ်ဆိတ်လည်း မရိပ်ရ

တစ်ယောက်ကိုတစ်ယောက် သတ်ချင်သတ်

မသတ်ချင်ရင် ကိုယ့်အသက်ကိုယ်ပြန်သတ်။

ဆာမူရိုင်းနိုင်ငံတော်မှာ

ထမင်းစားချိန်က လွဲရင်

အရွယ်ရောက်ပြီးသူတိုင်း

ကောက်ရိုးအရုပ်ကို ဓားနဲ့ခုတ်နေကြရတယ်။

ဓားခုတ်ချက်တိုင်း

ဓားခုတ်ချက်တိုင်း

“အရှင့်အတွက်”

“အရှင့်အတွက်” လို့

အသံနက်ကြီးတွေနဲ့ ကြွေးကြော်ကြရတယ်။

ဒါပေမယ့်

ဆာမူရိုင်းနိုင်ငံတော်မှာ “အရှင်သခင်” မရှိ

ဆာမူရိုင်းနိုင်ငံသားတိုင်း ကျွန်တွေချည်းပဲ။

မနက် အရုဏ်တက်ပြီဆိုတာနဲ့

ကောင်းကင်ပလင်ပေါ်က

ထာဝရဘဝရှင် နေမင်းကြီးကို

ဆယမူရိုင်းအားလုံး ရှိခိုးနေကြတော့ရဲ့။ ။

4 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 13, 2011 at 12:16 pm

    ဟုတ်ဝူးလေ
    မိန်းမတွေကို အိုက်ဒီလိုဂျီးကြောတော့
    ဆာမူရိုင်းတွေရဲ ့အရှင်သခင်ဂျီးက
    ဆာမူရိုင်းတွေကို မိုးဗျဲဒယ်အိုးကြီးနဲ ့စပ်ပြီး မွေးထားသလို ဖစ်မတွားဝူးလား
    တကယ်ဆို မိန်းမဆိုတာ ကမ္ဘာ့သုံးကုန်ပစ္စည်းပါ

  • bigcat

    January 14, 2011 at 2:14 am

    ဘယ်သူရေးတာလဲ။ တော်တော်ကောင်းတယ်။ ကိုကြောင်ကြီး ငါးနှစ်သားလောက်တုန်းက အဲလောက်မရေးတတ်ခဲ့ဘူး။ နောက်တာနော်။ ကိုယ်တိုင်ရေးဆို ဦညွှတ်ဂုဏ်ပြုပါတယ်။ နင်ဂျာတွေအတွက်လည်း တပိုဒ်လောက် လုပ်ပါအုံး။

  • အာဖျံ ကွီး

    January 14, 2011 at 4:00 am

    ကိုယ်တိုင်ရေးမဟုတ်ပါဘူး … Face Book ကကူးလာတာ … ဆာမူရိုင်းတွေကတော့ သူတို.ဘဝကို ဘယ်လိုခံယူမလဲမသိဘူး … ကိုယ့်စိတ်ထဲမှာတစ်မျိုး ခံစားရတရ် …. သနားစရားဘဝတွေပါလားလို. …. :'(

  • char too lan

    January 14, 2011 at 7:04 am

    ဟွန်း…….ချာမူယိုင်းတွေ အာကြီးညစ်ပတ်တယ်နော် 🙁

Leave a Reply