ဂျုံးဂျုံးမြည်သံ

အာဂJanuary 13, 20111min1145

ဘဝလိုပဲ ရွေးချယ်ခွင့်သိပ်မရှိ။
လက်မှတ်ကျရာ ခုံမှာထိုင်ပါ။
ကိုယ့်စီးမယ့်တွဲဟာ အထက်တန်းလား၊ရိုးရိုးတန်းလား
ကွဲကွဲပြားပြားခြားခြားနားနားသိဖို့တော့လိုလိမ့်မယ်။

ဟိုး..ရှေ့ခုန်က ရွှေမင်းသမီးရဲ့အိမ်ပြန်ခရီးကစိုပြေနေပါလိမ့်မယ်။
ဂျုံးဂျုံးမြည်သံကြားထဲက ဘဝများကတော့
ယိုင်နဲနဲ နှင့်ခရီးဆက်နေပါလိမ့်မယ်။
ဈေးသည်လည်း ဈေးသည်လို
အတက် အဆင်းသတိပြုပါ။
ရွှေမင်းသမီးလည်း ရွှေမင်းသမီးလို
အတက်အဆင်း သတိပြုပါ။
ကိုယ်ကို်ယ့်ကိုယ်လည်း
တက်နေတာလား
ဆင်းနေတာလားဆိုတာ
သတိပြုပါ။
ခရီးအဆုံးမှာ အကြီးဆုံးဘာဆုရခဲ့သလဲ…….။

ဥဩဆွဲသံက ခရီးဆုံးခါနီးလေ ပိုမိုကျယ်လောင်လာလေပဲ..။

အာဂ။ ။
၆.၃.၂၀၀ရ နေပြည်တော်-ရန်ကုန် ရထားပေါ်တွင်ရေးသည်။

5 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 13, 2011 at 12:08 pm

    ခရီးကတော့ မဆုံးသေးဘူး
    အိုင်ဆေး ပီလိုရေ ့
    ဘာဖြစ်လို ့လဲဆိုတော့
    ဘာရခဲ့သလဲဆိုတဲ့ အတွေး မေးခွန်းက ရှိနေသေးတော့……

  • zaw min

    January 13, 2011 at 12:46 pm

    ခရီးမဆုံးပါ….. အပြီးအဆုံးတိုင်အောင်သို့…. အနီးဆုံးဘူတာမှာ… အသီးသီးစုရုံးလို့သာ….. ညီညာစွာ…. ရှေ့ခရီးသို့… ချီတက်ကြဆို့လေး…..

  • kopauk mandalay

    January 13, 2011 at 3:14 pm

    ခရီးအဆုံးမှာ အကြီးဆုံးဘာဆုရခဲ့သလဲ?
    ဆိုတာထက်
    ကိုယ်ဆင်းလိုက်ရတဲ့ဘူတာနဲ့
    ကိုယ်တကယ်ရောက်ချင်တဲ့ဘူတာ
    အမှန်တကယ်တူညီပါသလား?
    ခရီးဆုံးပြီဆိုတာနဲ့
    ကိုယ်သွားချင်တဲ့နေရာ
    အမှန်ဟုတ်ပါရဲ့လား?
    အပြန်ပြန်စဉ်းစားရင်း
    ရထားပေါ်ကဆင်းရမှာတောင်
    ……………………………………………………………..

  • naywoonni

    January 13, 2011 at 3:26 pm

    ကျွန်တော်ကတော့ ခရီးသည် မဖြစ်ချင်ဘူး။ ရထားပဲဖြစ်ချင်တာ။ ဟိုသီချင်းလေးလို….
    တစ်ယောက်ဆင်းတစ်ယောက်တက် ဆက်လက်ထွက်ခွာလာ ။ဆိုတာလေးလို ဆင်းသွားတာလဲ မသိချင်ဘူး ။တက်လာတာ ဘယ်လောက်လည်း မတွေးချင်ဘူး။ ကိုယ့်တာဝန်က အချိန်စေ့ရင်ထွက်ဖို့ပဲ

  • my name is phone myat htay

    March 31, 2011 at 3:10 pm

    ကျွန်တော်တို. အားလုံး သူ.အကျိုး ကိုယ်.အကျိုး မျှတစွာနဲ. ဘဝရထားကြီးကို စီးခြင်မစီးခြင် စီးရမှာပဲ မလား၊ အကျိုး
    ရှိစွာဖြင့် စီးနိုင်ကြပါစေ။

Leave a Reply