Facebook အား ပိတ်တော့မည်လော

Zaw WonnaJanuary 13, 20112min17712

လူမှုရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် Facebook တည်ထောင်သူ Mark Zuckerberg က Facebook အား လာမည့် မတ်လ ၁၅ ရက်နေ့တွင် ရပ်တန့်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် Facebook တွင် တင်ထားသော မိမိတို့၏ ဓါတ်ပုံများ၊ ဗွီဒီယိုဖိုင်များကို ယင်းနေ့ မတိုင်မီ ပြန်လည် သိမ်းဆည်းကြရန် လိုအပ်ကြောင်း သိရသည်။

Facebook ကို ပိတ်ပစ်ရန် ဆုံးဖြတ်ချက်ကို ခက်ခဲစွာ ချခဲ့ရကြောင်း၊ သို့သော် ထိုသို့ ပိတ်ပစ်ခြင်းကြောင့် လူအများအနေဖြင့် ဝမ်းနည်းမှု ဖြစ်မည် မထင်ကြောင်း Mark Zuckerberg က ပြောခဲ့သည်။ အကယ်၍ Facebook မရှိတော့ပါက လူအများအနေဖြင့် ပြင်ပလောကတွင် စစ်မှန်သော မိတ်ဆွေများ ရရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

လက်ရှိ Facebook သုံးစွဲနေသူ အချို့မှာ ဤသတင်းကြောင့် ဒေါသ ပေါက်ကွဲနေကြသည်။ သို့သော် မိဘများ အနေဖြင့်မူ သူတို့ သားသမီးများ၏ အချိန်ကို များစွာယူနေသည့် ထိုဝက်ဘ်ဆိုက် ပိတ်ပစ်မှု အတွက် ဝမ်းသာနေကြောင်း သိရသည်။

Facebook သည် လက်ရှိ အခြေအနေအရ ကမ္ဘာ့ ဝင်ငွေအများဆုံး စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပြီး စီးပွားရေး ပညာရှင်များ ခန့်မှန်းမှုအရ ၇.၉ ဘီလီယံခန့် တန်ကြေးရှိကြောင်း သိရသည်။

Ref: Weekly World News, Facebook will end on March 15th by J.B. Smitts

PALO ALTO, CA –Mark Zuckerberg announced that Facebook will be shut down in March. Managing the site has become too stressful.

“Facebook has gotten out of control,” said Zuckerberg in a press conference outside his Palo Alto office, “and the stress of managing this company has ruined my life. I need to put an end to all the madness.”

Zuckerberg went on to explain that starting March 15th, users will no longer be able to access their Facebook accounts.

“After March 15th the whole website shuts down,” said Avrat Humarthi, Vice President of Technical Affairs at Facebook. “So if you ever want to see your pictures again, I recommend you take them off the internet. You won’t be able to get them back once Facebook goes out of business.”

Zuckerberg said that the decision to shut down Facebook was difficult, but that he does not think people will be upset. . . . . . .. . . . .. . . ..

12 comments

  • zawana

    January 13, 2011 at 11:22 am

    ဟာ … Sorry .. Sorry … ကျနော်တင်တာ နောက်ကျသွားတဲ့ အတွက် ညီမလေး/ အမ/ အန်တီ etone ကိုလည်း တောင်းပန်ပါတယ်။
    ဒုက္ခပါပဲ။
    မဟုတ်ဘူးဗျ။ ဒီလိုဗျာ …. မဟုတ်ဘူးဆိုတာ ဟုတ်တယ်ဗျ။
    CNN မှာတော့ Facebook NOT shutting down March 15. တဲ့ …

    http://edition.cnn.com/2011/TECH/social.media/01/10/fb.shutdown.rumor.mashable/index.html?iref=allsearch

  • zawana

    January 13, 2011 at 11:27 am

    တတ်လည်း တတ်နိုင်တဲ့ လူတွေပါဗျာ။
    weeklyworldnews.com က လူတွေကို ပြောပါတယ်။
    ကွန်မန့်တွေကို ၁၂၀၀ဝ ကျော်လောက် တက်သွားတယ်။

  • zawana

    January 13, 2011 at 11:29 am

    ပို့စ်အသစ်တွေ တင်လို့မရတာ ကြာနေပြီမို့ ရတုန်း အပြေးအလွှား တင်လိုက်တာ သတင်းမှားနေတာကိုတော့ ခွင့်လွှတ်ကြပါဗျို့ ……

  • kai

    January 13, 2011 at 5:24 pm

    သတင်းအနေနဲ့က မမှားပါဘူး..။
    အဲဒါတကယ်တက်လာတာကိုး..။
    ဖြစ်ရပ်ဖြစ်စဉ်အနေကသာမှားတာပါ..။

    ဟင်း..။
    ရှုပ်နေတာပဲနော.. 🙂

    • zawana

      January 13, 2011 at 11:21 pm

      အိုင်တီခေတ်မှာ သတင်းတွေက မြန်မြန်နဲ့ များများ ဖြစ်လာတာမို့ အမှန်နဲ့ အမှား ခွဲခြားနေရတာလည်း အလုပ်တစ်ခုပါပဲဗျာ …..
      ပြည်တွင်းက သတင်းစာတစ်စောင်မှာ အင်တာနက်သတင်းကို ကိုးကားတဲ့ သတင်းတစ်ပုဒ်တည်းကို သုံးခါလောက် ပြန်ပြီး အမှားပြင်နေရတာ တွေ့ဖူးတယ် …..

  • khunmyat

    January 13, 2011 at 6:34 pm

    ပိတ်ပါနဲ့ဂျာ ဂိမ်းတွေချော့ကောင်းနေတာကိုး .:( ကိုမက်ဇက်ကာဘတ်ကလဲ ^^

  • Mie_Mie

    January 14, 2011 at 2:43 am

    တကယ်ပိတ်မှာလားဟင်။
    ဘာဖြစ်လို့များလဲ။

  • manawphyulay

    January 14, 2011 at 3:09 am

    ဖေဘွတ်ပိတ်တော့လည်း မြန်မာဖေဘွတ်သုံးကြပေါ့ရှင်။ ဒါများ ခက်တာမှတ်လို့နော်။

    http://www.myanmarfacebook.com ကို ဝင်ရောက် အသုံးပြုနိုင်ပါကြောင်း သတင်းကောင်းပါးပါတယ်။

  • Ko Nanda

    January 14, 2011 at 3:29 am

    ဘယ်လိုနည်းနဲ့ မှ မပိတ်ကြပါနဲ့ လို့ ကျွန်တော်တို့ကို လဲ သနားကြပါအုူံးဗျာ။

  • Angelic Pricess

    January 14, 2011 at 3:46 am

    Facebook ရဲ့ စီအီးအို မာ့(ခ်)ဇူကာဘာ့(ဂ်) က သူ့ရဲ့စိတ်ဖိစီးရှုပ်ထွေးမှုတွေအားလုံး အဆုံးသတ်သွားပြီး အရင်မူလဘဝပုံစံပြန်ရဖို့အတွက် Facebook ဝက်(ဘ်)ဆိုက်ကို မတ်လ ၁၅ ရက်နေ့မှာပိတ်လိုက်တော့မယ်ဆိုတဲ့ ကောလာဟလ သတင်း တစ်ခု ယခု ရက်သတ္တပတ်အကုန်မှထွက်ပေါ်ခဲ့ပါတယ်။
    အဆိုပါ ကောလာဟလသတင်း မှားယွင်းပါတယ်လို့ Facebookရဲ့ ကော်ပိုရိတ်ဆက်သွယ်ရေးဒါရိုက်တာ လယ်ရီယုက CNN ကိုတရားဝင်အတည်ပြုပြောကြားခဲ့ပါတယ်

    ။ လယ်ရီယုကို CNN က မတ်လ ၁၅ ရက်နေ့Facebook ပိတ်မယ့်သတင်းကို အီးမေးလ်နဲ့ မေးမြန်းတဲ့အခါမှာ” အဖြေကတော့မဟုတ်ပါဘူးပေါ့။ ကျေးဇူးပြုပြီး ဒီရူးသွပ်မိုက်မဲမှုကို နိဂုံးချုပ်ပေးပြီးကျွန်တော်တို့ကို ကူညီပေးပါ” လို့ပြန်ဖြေ ခဲ့တဲ့အကြောင်းကို ဇန်နဝါရီ၁ဝရက်နေ့ စီအင်အင် သတင်းမှာဖေါ်ပြထားပါတယ်။

  • kopauk mandalay

    January 15, 2011 at 2:17 am

    သူများပြောတိုင်းမယုံနဲ့ သေချာပြီဆိုမှယုံပါတဲ့ သူများပြောတာ ကြားဘူးတာပဲ။

  • shwemanthar

    January 15, 2011 at 4:08 am

    လေးပေါက်ပြောတာမှန်တယ်

Leave a Reply