14 comments

  • koyinmaung

    January 13, 2011 at 5:46 pm

    ရေးထားတာက စိတ်ဓါတ်မြှင့်တင်ရေးသင်တန်း ပို့ချနေတာကဘုန်ကြီး တွေ့ရတာကအက ကခိုင်းနေတာ ဟောပြောတာလဲမတွေ့ရ ဘာတွေလဲသိတဲ့သူရှိယင်ဆက်ရေကြပါအုံး……

  • zaw min

    January 13, 2011 at 5:50 pm

    ထေရဝါဒ ဗုဓ္ဒဘာသာ လုံးဝမဟုတ်ပါ၊ ပွင့်လေပြီးသော ဘုရားရှင်အပေါင်းတို့သည် လောက ဓမ္မတရားတော်များကိုသာ ဟောကြားတော်မူခဲ့ပါသည်။ထိုသို့သော အက သင်တန်းတရားမရှိပါ။သေနည်းသင်တရားသာ ရှိပါသည်၊မြတ်စွာဘုရားရှင်မိန့်ကြားခဲ့သော တရားတော်၌ မုတ်ဆိုးတစ်သက်၊ယာတစ်ကွက်၊သဘင်တစ်မနက်။ထိုကြောင့် ထေရဝါဒ ဗုဓ္ဒဘာသာနှင့် လုံးဝ လုံးဝ မဟုပ်ပါ။

  • ဆူး

    January 13, 2011 at 5:54 pm

    ဒီဗွိဘီ မှာ အဲဒီ အကြောင်း ပြောသွားတယ် ရှာပြီး ဖတ်ကြည့်လိုက်ပါ။

  • kai

    January 13, 2011 at 9:28 pm

    ယူတုမှကြည့်ရန်..။
    http://www.youtube.com/watch?v=gjSmSxShTLo
    http://www.youtube.com/watch?v=PsFOZxkIK6Q

    ရုံးကကြည့်တော့ ဘေးကလူတွေမသိအောင် အသံပိတ်ထားရတယ်..။ 🙁
    ဘာတွေပြောနေသလဲတော့မသိ..။

    လူတွေလက်ခြေလှုပ်ကြတာကတော့ .. ယူအက်စ်မှာ ..သာသနာပြုနေတဲ့ ..ဟိန္ဒူတွေလမ်းလျှောက်က, ကြတာနဲ့တူသား..။ ဗီဒီယိုရိုက်ထားတာရှိတယ်..။ ကြုံရင်တင်ပေးဦးမယ်..။

  • bigcat

    January 14, 2011 at 1:56 am

    ဘားအံမြို့ ဇွဲကပင်ခန်းမမှာလုပ်တာဗျ။ ရှေ့ပိုင်းမှာကျေးဇူးတင်စကားပြောတော့ အမှတ်၁၁ ဆိုလား ၂၂ခြေမြန်တပ်မ ဌာနချုပ်ဆိုလား၊ အခြားစစ်ဖက်နယ်ဖက် တာဝန်ရှိပုဂ္ဂိုလ်များဆိုတာလည်း ပါသေးတယ်။ ဘာတွေဖြစ်ကုန်ကြပြီလည်း မသိဘူး။
    http://www.bbc.co.uk/burmese/burma/2011/01/110113_dkba_seized.shtml
    ဒဂုံမြို့သစ်တောင်ပိုင်း ၁၀ရရပ်ကွက်မှာရှိတဲ့ ဓမ္မဝိဟာရကျောင်းက စာသင်သား ဦးဓမ္မုသာရကို စွမ်းအားရှင်၂ဝက ဝိုင်းရိုက်ပြီး သေပြီအထင်နဲ့ ကားပေါ်တင်သွားပြီး ကွင်းထဲမှာပစ်ထားခဲ့ဖြစ်ရပ်တခု ပြီးခဲ့တဲ့ အင်္ဂါနေ့ညပိုင်းက ဖြစ်ခဲ့သေးတယ်။ အဲဒီကိုယ်တော် ထပ်ပြီးရန်ရှာခံရမှာစိုးလို့ ရှောင်နေရသတဲ့။
    အရင်ကတော့ ဘာပဲဖြစ်ဖြစ် သံဃာဟာသံဃာပဲဆိုတဲ့ ရှေးရိုးစွဲများ အခုလို စွမ်းအားရှင် လူမိုက်နဲ့ တွေ့တော့ ဘာမှပြောဆိုဝေဖန်သံ မကြားမိတော့ပါလား။

    • kai

      January 14, 2011 at 9:28 am

      အင်း..
      မကြားဆို ..ကိုယ်ပါအရိုက်ခံရမှာစိုးတာကိုး..။
      တလွဲဆံပင်ကောင်းဆိုတာ ..အဲဒါပြောတာပေါ့..။
      ထိပ်ကျပြောင်နေပြီး … လူမမြင်ရတဲ့ နောက်ကချည်းဆံပင်လွှတ်ကောင်းနေတာလေ..။ 🙂

  • လင်းဝေကျော်

    January 14, 2011 at 4:03 am

    အဲဒီ နံပါတ်ဝမ်းကို ကြော်ငြာဖတ်ရကတည်းက အာရုံရမိတာကတော့
    “တရုပ်” ဇာတ်သွင်းမယ့် သင်တန်းဖြစ်ပါကြောင်း။
    တရုပ် ပုံစံ တရုပ်အတွေးအခေါ်များနဲ့ တရုပ်လွှမ်းမိုးမှုကို တနည်းအထောက်အကူဖြစ်စေရန် စိတ်ဓါတ်စစ်ဆင်ရေးသင်တန်းဖြစ်ပါကြောင်း။
    ရုပ်ဖျက်ပြီး ဝင်လာတဲ့ တရုပ်လွှမ်းမိုးမှုဖြစ်ကြောင်း လူတိုင်းသိစေရန် တင်ပြပေးပါ။
    အားလုံး ဝိုင်းပြီး ရှုံ့ချ ကန့်ကွက်ကြပါစို့။ အဲဒီအကြောင်း သပ်သပ်ရေးပါရစေ။

  • R Ga

    January 14, 2011 at 8:51 am

    ဘာတွေလဲ…။ စိတ်ဓာတ်မြှင့်တင်ရေးလား…..အခြားသူတစ်ယောက်က ဦးဆောင်လုပ်တယ်ဆိုရင် လက်ခံနိုင်သေးတယ်။ ဘုန်းကြီးတစ်ယောက်လုပ်တာဆိုရင်တော့ လက်မခံနိုင်ပါဘူး။ နောက် ဘုန်းကြီးပြောတဲ့ ကဒ် နဲ့ ကနေတဲ့ ကဒ် ခွဲထား တယ်ဆိုရင်တော့ မသိဘူး။ ဦးကြောင်ပြောသလိုဆိုရင်၂၂ခြေမြန်တပ်မ ဌာနချုပ်တို ဘာတို့ ကြားတယ်ဆို ရင် တော့ စစ်တပ်ကကောင်တွေ အရူးထကြတာနဲ့လည်းတူပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ဘာ အသံမကြားရတော့….သေချာ လေ့လာဖို့ခက်နေတယ်..။

  • naywoonni

    January 14, 2011 at 10:23 am

    no1.jpg No.1 နံပါတ်ဝမ်း သတင်းကောင်းပါတဲ့ ။http://www.humanright-myanmar.com/2011/01/facebook-share_13.html မှာတွေ့တာ ကူးပေးလိုက်တာပါ။ တော်တော်ဆိုးတာပဲ။ ဒီအတိုင်းကြည့်နေရင်တော့ ပိုဆိုးကုန်မယ်။ ဘယ်လိုလုပ်ကြမလဲ ?ရန်ကုန်အေးရှား ပလာဇာမှာသင်တန်းဖွင့်ထားတာတဲ့ ယုယုတို့ မနောတို့ ဆူးတို့ သွားမတက်၊ကြဘူးလား။

  • koyinmaung

    January 14, 2011 at 9:38 pm

    သင်တန်းတက်ပြီးတဲ့သူရှိယင်ပြန်ဝေငှကြပါအုံး ကောင်းကွက်ဆိုးကွက်လေးတွေသိရတာပေါ့ ။။

  • maungmoenyo

    January 15, 2011 at 2:09 am

    ဗုဒ္ဓရဲ့အယူလို့လုံးချမခံရဘို့အရေးကြီးတယ်ဗျ…နော်။ နစ္ဆ၊ ဂီတ၊ ဝါဒိတ တဲ့။
    ဟိန္ဒူ နွယ်ကုန်ကြပြီလားမသိ…။

  • piti

    January 15, 2011 at 4:25 am

    သာသနာသန့်စင်ရေးကို ထပ်မံပြုလုပ်ရမည့် အချိန်တော့ ရောက်နေပါပီ
    ဗုဒ္ဓရဲ့အယူဝါဒကို လုံးဝဆန့်ကျင်နေတဲ့ သင်တန်းပဲဗျာ
    ဒီလိုနေရာမျိုးမှာ နိုင်ငံခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင်ကျင်းပတဲ့ သင်တန်းမှာ တကယ်စစ်မှန်တဲ့ ဘုန်းကြီးကပဲ စစ်မှန်တဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုမျိုးကို သင်ကြားပေးရမှာပေါ့ဗျာ
    ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး မလုပ်သင့်ဘူးပေါ့
    ယိုသူမရှက် မြင်သူရှက်တဲ့ဗျာ
    ဒီလိုလူတွေနဲ့ ကျွန်တော်တို့နိုင်ငံရှေ့ရေး တွေးမိတိုင်း ရင်လေးတယ်ဗျာ

  • ကြယ်လေး

    January 15, 2011 at 3:40 pm

    ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်တွေဟာ တရားကျင့်ကြံအားထုတ်ပြီး ဗုဒ္ဓမြတ်စွာဘုရား ဆိုဆုံးမညွန်ကြားသတ်မှတ်ချက်တွေကို တစ်သွေမသိမ်း လိုက်နာကျင့်ကြံကြတာပါ။ ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်တွေ မပြောပါနဲ ့ဦး သာမန် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်တစ်ဦးတောင် ဗုဒ္ဓဘာသာတရားရဲ ့ အခြေခံတရားတွေ ဖြစ်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတွေကို စောင့်ထိန်းကြပါတယ်။

    စစ်မှန်တဲ့ သံဃာတစ်ပါးဆိုရင် ရှစ်ပါးသီလထဲမှာ ပါရှိတဲ့ – “နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဆိုတဲ့ အနက်အဓိပ္ပါယ်အနေနဲ ့ – နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း၊ ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ဝါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ဝိသူက ဒဿန- (ဝိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ ကို၊ ဒဿန- ကြည့်ရှု နားထောင်ခြင်း) တို ့ကို ရှောင်ကြဉ်ရကြောင်း ဖေါ်ပြထားပါတယ်။

Leave a Reply