သင်ကော ဘယ်လိုလူမျိုးလဲ

manawphyulayJanuary 14, 20111min1639

ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူ လူအများကိုလည်း လေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန် ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအဝိုင်းရဲ့ ကျက်သရေဆောင်လည်းဖြစ်တယ်။
သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့ ထက်တဲ့သူလို့ ခံစားရသလား။
သူများကိုယ်ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။
သူများ ဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။
ဒီမေးခွန်းတွေကို သေသေချာချာ စဉ်းစားသင့်တယ်နော်။
တကယ် လွတ်လပ်တဲ့သူ၊ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်စေချင်ပါတယ်။

9 comments

  • yuyu

    January 14, 2011 at 5:17 am

    တကယ်ဖြေရမှာလား?
    အဲလိုလူမျိုးတွေတွေ့ဖူးတယ် မနော
    သိပ်ကြောက်စရာကောင်းတယ် သူတို့ကိုကြည့်ရတာအရမ်းပူလောင်တယ်

  • koyinmaung

    January 14, 2011 at 5:27 am

    ကျုပ်တို့နိုင်ငံခေါင်းဆောင်ကြီးကို အပေါင်းပါများကတော့ပြောတယ် အရမ်း ဘဲသရေရှိဆိုဘဲ…ဟိ

  • အာဖျံ ကွီး

    January 14, 2011 at 6:03 am

    တစ်ကယ်တမ်းဝန်ခံရရင် …
    သူများကိုယ်.ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရဖူးတရ် …
    ဒါပေမဲ့ ကြောက်အောင်တော့ အခုထိ ဘယ်သူ.ကိုမှ မခြောက်ဖူးသေးပါဘူး။
    နောက်လဲ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။
    မှားနေတဲ့ အတွေးအခေါ်လေးတစ်ခုက်ို ပြင်လိုက်ပါ့မရ် အစ်မ မနောရေ.။
    Friend Request လုပ်လိုက်မရ်။ လက်ခံပေးပါ။ ကျေးဇူးပါ အစ်မ။

  • ဆူး

    January 14, 2011 at 8:26 am

    အေးအေးဆေးဆေးဘဲ နေချင်တယ်။ နာမည်ကြီး လူတယောက်လည်း မဖြစ်ချင်ဘူး။ ဒါပေမဲ့ အများကို အကျိုးပြုနိုင်တဲ့ လူ တယောက် ဖြစ်ချင်တယ်။ ကိုယ့်ကြောင့် သူများ စိတ်မဆင်းရဲ စေချင်သလို ပျော်ရွင်မှုတွေ ပေးနိုင်တဲ့ လူဖြစ်ချင်တယ်။

  • etone

    January 14, 2011 at 9:12 am

    မနောရေ တစ်ချို့တွေကြပြန်တော့လည်း ကိုယ့်ဘာသာကိုယ ်နှိမ့်ချပြီး အေးဆေးနေတာတောင် လာခွပ်နေတာတွေက ရှိသေးတယ် ။ အဲ့ဒါမျိုးဆို စိတ်တိုလို့ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်တယ်… အဟဲ .. 😀
    အမောက်မြင်တော့မှ ဘာပြောတယ်ထင်လဲ … သိလား… ။
    ဟိုနားက ကျွတ်ကြီးတဲ့ ခေါင်းထောင်လာတယ် ပြေးပြေးတဲ့ 😀

  • နီလေး

    October 18, 2011 at 8:55 am

    ဆူးပြောသလိုပဲ အေးအေးဆေးဆေးပဲနေချင်တယ် သူများကိုလဲမနို်င်ချင်ဘူး ကိုယ့်ဟာနဲ့ကို အေးဆေးနေရရင် ကျေနပ်တယ် အိတုံပြောသလိုပဲ တချို့ကလဲကို့ဟာကိုအေးဆေးနေတာကိုတောင် လာလာရစ်နေလို့ တော်တော်ဂွကျတယ် စိတ်လေတယ်

  • comegyi

    December 4, 2011 at 7:14 pm

    အနော်လည်း အေးဆေးနေချင်တယ်မမနောရယ် ဘာဆိုဘာမှ မလုပ်ဘဲကို နေချင်တယ် …ဟိ

  • cum min

    July 13, 2012 at 12:05 pm

    လူတယောက်လို လူစိတ်ရှိတဲလူမျိုးလေ..နာတ….

    • manawphyulay

      July 13, 2012 at 12:18 pm

      အတော်ထူးဆန်းတာပဲ။ လူတစ်ယောက်မှာ လူစိတ်ရှိတယ်ဆိုတာ ဘာကို ခေါ်တာလည်းဆိုတာလည်း သေချာလေးပြောပြပေးပါဦး။ ဒါမှ မနောတို့လည်း သိမှတ်ရမှာမို့နော်။

Leave a Reply