ခရီးစဉ်

manawphyulayJanuary 14, 20111min590

မနက်လင်းလို့ အိပ်ရာထ
အလုပ်သွားဖို့ ပြင်ဆင်ရ
စီးမယ့်ရထား မှီဖို့အရေး
ပြေးလွှား လှုပ်ရှားရင်း
ရထားကြီးက တဂျုန်းဂျုန်း
လိုက်ပါရစေဦး
ခရီးသည်များ များပြားလာ
တိုးကာဝှေ့ကာပါ
အလုပ်ရောက်ဖို့ တို့အရေး
ပြေးကာ တက်ကာ မနှေး
လိုရာရောက်ရင် ဆင်းကြတာ
ခရီးသည်များပါ
ရထားကြီးက ပို့ဆောင်မြဲ
ခရီးဆုံးထိပဲ….