ဒါ… ဘဝတဲ့လား

manawphyulayJanuary 14, 20111min1226

ဘဝဆိုတာ
အပြောလွယ်သလောက်
နေရခက်တဲ့ဘဝကြီးပါ
အမှားအမှန် ဒွန်တွဲ
အကောင်းအဆိုး ယှဉ်တွဲ
ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ
မတည်မြဲတဲ့လောက
ဖြစ်တည်ပျက် ကာလသုံးပါး
မမြဲခြင်းတရား လက်ကိုင်ထား
အတ္တထောင်လွှား
မာန်မာန ဖောက်ပြား
ကိုယ်ထင် ကုတင်ရွှေနန်း
မောဟ ဖုံးလွှမ်းနေတဲ့
ဒီလူ့ဘောင်လောကကြီးမှာ
တရားသဘောနဲ့ ဆင်ခြင်
အရာအားလုံးဟာ
အနစ္စတွေပါတကား…..

6 comments

  • yuyu

    January 14, 2011 at 4:40 am

    လူဖြစ်ရတာပင်ပန်းလိုက်တာ

  • yuyu

    January 14, 2011 at 4:48 am

    မတည်မြဲတဲ့လောကကြီးမှာ လောဘကြောင့်လဲမဟုတ်ဘူး ဒေါသကြောင့်လဲမဟုတ်ဘူး မောဟကြောင့်လဲ မဟုတ်ဘူး အသက်ဆက်ရှင်နေဖို့ရုန်းကန်တာလောက်ကိုပဲ ပင်ပန်းလှပြီ

  • naywoonni

    January 14, 2011 at 9:47 am

    အားလုံးဟာ သမုဒ္ဒရာထက် ခဏ တက်တက် ရေပွက်ငယ်တွေပါ ။ ဘာမှမဟုတ်ကြပါဘူး

  • weiwei

    January 14, 2011 at 6:39 pm

    အနိစ္စ စာလုံးပေါင်း မှားနေတယ် …

    ဘဝမှာ အနိစ္စတစ်ခုထဲ မဟုတ်ပါဘူး .. ဒုက္ခ နဲ့ အနတ္တလဲ ပါသေးတယ် …

  • zaw min

    January 15, 2011 at 2:41 am

    အားလုံးဟာ လောကဓံတရားတွေပါပဲ၊ဘာမှ မမြဲဘူးဆိုပေမယ့်။အဲဒီ အနိစ္စ၊ဒုက္ခ၊အနတ္တ ဆိုတဲ့ လက္ခဏာ ကြီးသုံးပါးကတော့မြဲနေအုံးမှာပါပဲ။

  • manawphyulay

    January 15, 2011 at 9:57 am

    ဟုတ်ကဲ့ပါ မဝေ ပြင်လိုက်ပါမယ်နော် နောက်ကော ဘာမှားနေသေးလဲမသိဘူး။

Leave a Reply