အခုတလော လူပြောများလွန်းနေတဲ့ စိတ်ဓါတ်မြှင့်တင်ရေး သင်တန်း ကိစ္စပါ။ သင်တန်းပေးနေတဲ့ ဆရာတော်ရဲ့ ဝက်ဘ်ဆိုက် http://numberonesociology.com/ မှာလည်း သွားရောက် လေ့လာနိုင်ပါတယ်။

http://www.youtube.com/watch?v=gjSmSxShTLo မှာတော့ အဖွင့် အမှာစကား ပြောတာကို တွေ့ရပါတယ်။ ကြည့်ရတာတော့ အမြဲစိမ်း တွေနဲ့လည်း မကင်းသလိုပဲ။
လောကီရေးရာ ကိစ္စတွေ ဖြစ်နေတဲ့အတွက် သံဃာတော်တွေ အနေနဲ့ မအပ်စပ်ဘူးလို့ ထင်ပါတယ်။
ဝိနည်း ကျွမ်းကျင်တဲ့ သံဃာတော် တပါးပါးက ထင်မြင်ချက်ပေးရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။
ဒီဆရာတော်ရဲ့ သင်တန်းမှာ ပို့ချတာတွေကတော့ …..

၁။ ၁မိနစ်အတွင်း မိတ်ဆွေဖွဲ့နည်း။
၂။ ၁၅မိနစ်အတွင်းအနားယူခြင်း နှင့်အမြန်ဆုံးအားသွင်းနည်း။
၃။၁၅မိနစ်အတွင်းခန္ဒာကိုယ်အတွင်းမှအပူလှိုင်းများကိုဖယ်ရှားပေးခြင်း။
၎။ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်သောလူမှုဆက်ဆံရေးပညာ။
၅။ မိတ်ဆွေဖွဲ့ခြင်းအတတ်ပညာ။
၆။ဝတ်စားဆင်ယင်နေထိုင်မှုအပိုင်းနှင့်အရောင်ရွေးချယ်မှု။
၇။စားသောက်မှုဆိုင်ရာအခန်းကဏ္ဍပိုင်းနှင့်မိတ်ဆွေဖွဲ့ခြင်းအတတ်ပညာ။
၈။ တယ်လီဖုန်းပြောဆိုခြင်း နှင့် ချိန်းတွေ့ခြင်း။
၉။ လုပ်ငန်းကိစ္စချိန်းဆိုခြင်း (သွား / လာ)။
၁၀။ ရောင်းဝယ်ဖောက်ကားမှုအတတ်ပညာ။
၁၁။ အင်တာဗျူးသွားရောက်ဖြေဆိုသောအခါ။
၁၂။ ကမ္ဘာကျော်စိတ်ဓါတ်မြှင့်တင်ရေး ပို့ချချက်။
၁၃။ ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုပညာ။
၁၄ ။ လူရှေ့ သူရှေ့ စကားပြောခြင်းအတတ်ပညာ။
၁၅။ လူကြောရွှေကြော – You are Money .
၁၆။ အထွေထွေဗဟုသုတအခန်းကဏ္ဍများ။
၁၇။ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီးတစ်ယောက်အကြောင်း။
၁၈။ အောင်မြင်ခြင်းခြေလှမ်းအပိုင်း (၁) ၊ အပိုင်း (၂) ။
၁၉။ လူနေအိမ် နှင့် အိမ်ခန်းများဖွဲ့စည်းတည်ဆောက်ပုံ။
၂၀။ You are Number One or နံပါတ် (၁)

အဲဒါတွေပါ။
အားလုံးကတော့ ဒီနေ့ခေတ်အတွက် တန်ဖိုးရှိတဲ့ အကြောင်းအရာတွေပါပဲ။

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။