ခါးပတ် ဥပဒေသစ်

Zaw WonnaJanuary 15, 20111min18310


မြန်မာနိုင်ငံတွင် မော်တော်ယာဉ် စီးနင်းသူများအားလုံး ခါးပတ်တပ်ဆင် အသုံးပြုရန်အတွက် “ခါးပတ်ဥပဒေ” တစ်ရပ် ပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေအရ လိုင်းကားများတွင် ဂက်စ်အိုးများပေါ် ထိုင်လိုက်ကြရသော ခရီးသည်များ၊ သံဘားတန်းကို ကိုင်ကာ မတ်တပ်ရပ်စီးရသော ခရီးသည်များ၊ ခေါင်မိုးပေါ် တက်စီးသူများနှင့် အပေါက်ဝမှတွယ်စီးသော ခရီးသည်များ အားလုံး ခါးပတ်များကို ပတ်ထားကြရန် လိုအပ်ကြောင်း သိရှိရပါသည်။ ထိုသို့ ခါးပတ်ပတ်ထားခြင်း အားဖြင့် ခရီးသည်များ အနေဖြင့် လုံချည် ကျွတ်ကျခြင်းကဲ့သို့ မလိုလားအပ်သော အကျိုးဆက်များကို ရှောင်ရှားနိုင်မည် ဖြစ်ပေသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက “နိုင်ငံတကာမှာဆိုရင်တော့ ကားစီးရင်ခါးပတ်ပတ်ရမယ်ဆိုတဲ့ အသိတွေ ရှိနေကြပြီ။ မြန်မာနိုင်ငံမှာတော့ ခါးပတ်ကို ရှုပ်တယ်လို့တောင် ထင်နေကြတာ။ နောက်ပိုင်းလမ်းတွေ၊ ကားတွေ အဆင့်မြင့်လာပြီဆိုရင်တော့ ဒီအချက်ကလဲ ရှိသင့်တဲ့ အချက်တစ်ခုပါ။ မြန်မာခရီသွားတွေ ခါးပတ်ပတ်တာကို ကျင့်သားရအောင်လို့ အခုကတည်းက ဥပဒေ ပြဋ္ဌာန်းမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

သတင်း အပြည့်အစုံ ဖတ်ရှုလိုပါက Click here.

10 comments

  • koyinmaung

    January 15, 2011 at 5:04 am

    ပုဆိုးပေါ်မှာခါးပတ် ပတ်ရမှာလါး တချိန်းတုန်းက တောင်ရှေနဲ့ခါးပတ်နဲ့ကိုသွားသတိရမိတယ်…

    • zawana

      January 15, 2011 at 5:11 am

      သိပ်အကြည့်ရ မဆိုးအောင် ခါးပတ်ဥပဒေပြီးရင် ဘောင်းဘီဥပဒေ ဆိုတာ လာဦးမယ်ဗျ ….
      တစ်နို်င်ငံလုံး ဘောင်းဘီ မဝတ်မနေရ ဆိုပြီးတော့ ။

  • kai

    January 15, 2011 at 5:26 am

    ဒီဥပဒေကို ဘယ်လိုလုပ်ပြီး အဓိပါယ်လွဲအောင် .လုံချည်ထည့်ပေးလိုက်သလည်းတွေးတွေးပြီး ..ဦးနှောက်တော်တော်စားသွားတယ်…။

    အင်း..။
    သတင်းက သတင်းကောင်းပါ..။ ဒါပေမဲ့..သတင်းသုံးသပ်တာက ..မှားနေတယ်ဆိုပါတော့..။
    ဆိုတော့..။
    ခါးပါတ်ဥပဒေဆိုတာ.. ကားစီးတဲ့နိုင်ငံကြီးတွေမှာ သုံးနေတဲ့ .. seat belt laws ကိုပြောတာဖြစ်ပြီး.. မြန်မာလို .. ထိုင်ခုံခါးပါတ်ဥပဒေလို့ ပြင်သင့်ပါကြောင်း..အကြံပေးလိုက်ရပါတယ်ခင်ဗျား..။

    • zawana

      January 15, 2011 at 5:43 am

      Sorry Sorry … ကိုခိုင် …. ကျနော်လည်း Burma Strange News ကို အားကျသွားလို့ ပါခင်ဗျာ …
      နောက်ဆို မနောက်တော့ပါဘူး ….

  • cobra

    January 15, 2011 at 6:03 am

    ဟာသတွေလုပ်နေသလိုဘဲ…ဟဲ….ဟဲ..။

  • moethidasoe

    January 15, 2011 at 10:01 am

    လူမှာ ခါးပတ်လား .. ကားနဲ့လူ ချိတ်ဆက်တဲ့ ခါးပတ်လား ..

  • zippo

    January 15, 2011 at 10:17 am

    အိုကွယ်..။။…။။….ဆိတ်သားခါးပတ်ဘဲကောင်းပါတယ်..။။..။။..။။

  • kai

    January 15, 2011 at 10:34 am

    http://www.ifood.tv/network/goat_kabob/recipes
    အပေါ်မှာ ဗီဒီယိုလင့်ပေးထားတယ်..။
    ဆိတ်သားခါးပတ် … လုပ်စားလိုက်နော..။

    ပြောရရင် ..ခါးပတ်(Kabob)ဆိုတာ .. မြန်မာအစားအစာမဟုတ်ဘူးတဲ့ဗျ..။ 🙁

  • phantom

    January 16, 2011 at 4:39 am

    ခါးပတ်က လူနဲ့ကားတွဲချည်ဖို့လား ကိုယ့်ဟာကို ကျွတ်မကျအောင် ချည်ထားဖို့လား ဒါမှမဟုတ် အင်း……………….. 😛

Leave a Reply