စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းက ဖွင့်ပြတဲ့ ကခုန်ခိုင်းတဲ့ တရုတ်သီချင်းက အဝတ်အစားတွေ ချွတ်ပြစ်လိုက်တဲ့။

ၾကယ္ေလးJanuary 15, 20111min1178

ဘားအံမြို ့၊ ဇွဲကပင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၁ဝ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ ့က စပြီး ကျင်းပခဲ့တဲ့ နံပါတ် (၁) စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမှာ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက သီချင်းဖွင့်ပြပြီး မော်ဒယ်တွေကနေတာကို ပြကာ လိုက်ကခုံခိုင်းခဲ့တဲ့ပွဲမှာ အဲ့ဒီ သီချင်းက တရုတ်သီချင်းဖြစ်ပြီး Alex Du 杜德伟 သီဆိုထားတဲ့ “脫掉” “ချွတ်ပြစ်လိုက်” လို့အမည်ရတဲ့ သီချင်းဖြစ်ကြောင်း သိရှိရပါတယ်။

စာသားတွေထဲက တစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ရရင်တော့ “စည်းကမ်းတွေများနေတယ် ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက် ” နောက်ဆုံး “အပေါ်အဝတ်တွေ အောက်ခံတွေပါ ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက်” လို့ ဆိုနေတာ ဖြစ်ကြောင်းပါ။ မူရင်း တရုတ်သီချင်းက ဒီမှာပါ။

http://www.youtube.com/watch?v=ZMjQXJysTdQ&feature=player_embedded

fake monk

နအဖတွေ ပြောတော့ တိုင်းတစ်ပါးကို အထင်ကြီးစိတ်တွေ မမွေးရဖူးဆိုပြီး ပြောနေပေမယ့် အခု ဒီ နအဖတိုင်းမှူးက ခွင့်ပြုထားတဲ့၊ နအဖတပ်မမှူးတွေ ကိုယ်တိုင်တက်ရောက်တဲ့၊ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက ဘာသာသာသနာတော်ကို ပေါ်တင်ကြီး ဖျက်ဆီးနေတဲ့ ဒီ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်း နံပါတ် (၁) မှာ ဖွင်ပြတဲ့ သီချင်းက တရုတ်သီချင်းကြီး ဖြစ်နေပြီး သီချင်းစာသားတွေကလည်း လိင်ပိုင်းဆိုင်ရာတွေ ပါနေတဲ့ သီချင်းကြီး ဖြစ်နေပါလား။ ဒီလောက် မိုက်ရိုင်းနေတဲ့ သီချင်း၊ ကိုယ့် မြန်မာလူမျိုးနဲ ့ လားလားမှ မသင့်တော်တဲ့ သီချင်း၊ အထူးသဖြင့် ဘာသာတရားတဲ ့ လုံးဝအလျဉ်း မစပ်အပ်တဲ့ သီချင်းမျိုးကို ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ကလည်း ဖွင့်ပြတယ် နောက် နအဖတိုင်းမှူးတွေ တပ်မမှူးတွေကလည်း သဘောကျတယ် ပြီးတော့ ကခုန်နေကြတဲ့ တပ်မတော်အရာရှိမိသားစုတွေ မယကတွေ ရယကတွေကလည်း ခုန်ပေါက်မြူးတူးပြနေတယ်ဆိုတော့ ကိုယ်ပိုင်စဉ်းစားဉာဏ်မရှိကြတဲ့ အရူးတွေပါဘဲ။

နအဖက ဘာသာသာသနာတော်ကို စော်ကားတယ်၊ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်က ဗုဒ္ဓဘာသာကို ဖျက်ဆီးပြတယ်၊ ဦးနှောက်မရှိကြတဲ့သူတွေက ရူးပေါပေါနဲ ့ ခိုင်းတာ လိုက်လုပ်ကြတယ်။ မြန်မာပြည်ကြီးမှာ ဒီလို မိစ္ဆာဒိဌိတွေနဲ ့ ရူးသွပ်နေသူတွေကြောင့် သာသနာတော်ကြီး ပျောက်ကွယ်ဖို ့ နီးနေပါပြီ။

အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်ပြီး မိစ္ဆာဒိဌိတွေကို ဖယ်ရှားနိုင်တဲ့ သာသနာ့အာဇာနည်များ ပြည်သူ ့အာဇာနည်များ အလျင်အမြန် ပေါ်ပေါက်ပါစေလို ့ ပြောရပါတော့တယ်။

မူရင်း post

8 comments

  • bigcat

    January 15, 2011 at 5:57 am

    သိပ်တော့ကောက်ချက်ချ မစောလွန်းနဲ့အုံးဗျို့။ ဒီကိစ္စမျိုးဆိုတာ ဟုတ်ရင်ကျော် ပုပ်ရင်ပေါ်ပါတယ်။ နေရင်းထိုင်ရင်း စေတနာက ဝေဒနာဖြစ်နေမှာဆိုးလို့ ညီအကိုရင်းလို ပြောတာပါ။ အားလုံးကလည်း မျက်စိဒေါက်ထောက် ကြည့်နေကြမှာပါ။ ဒါထက်အဲဒီ တရုတ်သီချင်းက တရုတ်ကိုယ်ပိုင်သံစဉ်လား အနောက်တိုင်းသံစဉ် ကော်ပီသီချင်းလား။

  • ကြယ်လေး

    January 15, 2011 at 6:14 am

    ဟီး ကို ကြီး ကြောင် ရေသတိပေးတာကျေးဇူး ပါ 🙂
    အနော်က ဝါသနာ ဗျ ဖွ ရမှ အိပ်ပျော် လို့ 😛

    သီချင်းမူရင်း က ကိုရီးယား သီချင်းပါ Dj Doc ရဲ့ bounce with me သီချင်းပါ

    ဒီမှာသွားကြည့်နိုင်ပါတယ်

    http://www.youtube.com/watch?v=JQ09NE7gVDU

  • cherrywine

    January 15, 2011 at 6:36 am

    ငရဲသို့ အလိုအလျောက် ပါမစ်ကျပြီးသားတွေ သွားကြပါစေ။

  • ကြယ်လေး

    January 15, 2011 at 3:41 pm

    ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်တွေဟာ တရားကျင့်ကြံအားထုတ်ပြီး ဗုဒ္ဓမြတ်စွာဘုရား ဆိုဆုံးမညွန်ကြားသတ်မှတ်ချက်တွေကို တစ်သွေမသိမ်း လိုက်နာကျင့်ကြံကြတာပါ။ ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်တွေ မပြောပါနဲ ့ဦး သာမန် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်တစ်ဦးတောင် ဗုဒ္ဓဘာသာတရားရဲ ့ အခြေခံတရားတွေ ဖြစ်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတွေကို စောင့်ထိန်းကြပါတယ်။

    စစ်မှန်တဲ့ သံဃာတစ်ပါးဆိုရင် ရှစ်ပါးသီလထဲမှာ ပါရှိတဲ့ – “နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဆိုတဲ့ အနက်အဓိပ္ပါယ်အနေနဲ ့ – နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း၊ ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ဝါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ဝိသူက ဒဿန- (ဝိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ ကို၊ ဒဿန- ကြည့်ရှု နားထောင်ခြင်း) တို ့ကို ရှောင်ကြဉ်ရကြောင်း ဖေါ်ပြထားပါတယ်။

  • phantom

    January 16, 2011 at 4:33 am

    သီချင်းကလဲဆိုး လူတွေကလည်း ဆိုးပါ့ ဒွတ်ခ ဒွတ်ခ

  • thihayarzar

    January 16, 2011 at 4:43 am

    အကုန်သတ်ပစ်မယ် ……

  • cobra

    January 16, 2011 at 7:42 am

    ဘာကောင်တွလဲကွ..ကုလားဘုန်းကြီးမျကိစိနောက်လာရင်တော့ဓားနဲ့ထိုးတော့မှာနော်….။

  • naywoonni

    January 16, 2011 at 8:40 am

    ပြောစရာရှိတာ ပြော ပြော ပြော ပြောပြီးတော့ ပြန်တော့နော်
    အဲဒိလိုဖစ်နေပြီ။ ကိုယ်က ဒီနေရာကပဲ ပြောနိုင်တာ ။သူတို့က ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်နေကြတာ ။ နောက်ဆုံးတော့ လမ်းဆုံးရောက်သွားမှာပါ။ အဲဒိကျမှ ………………………

Leave a Reply