လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး စာအုပ်

manawphyulayJanuary 15, 20111min551

ကန်တော်မင်းကျောင်းဆရာတော်ရဲ့ ကဗျာလေးဖြစ်ပါတယ်။
ပညာမျက်စိ
မြင်မရှိဘဲ
မသိတရား
အယူမှားလျက်
စီးပွားမမြော်
ကျိုးမပေါ်သား
သူတော်မဟုတ်
ယုတ်သည့်စရိုက်
လူသူမိုက်ကို
မကြိုက်မချစ်
ရန်သူစစ်သို့
မနှစ်သက်ဘဲ
ဝေးစွာရှဲ၍
အမြဲခွာရှင်း
ဖဲ့ကြဉ်မင်း တဲ့။

” လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး ဖတ်ဖို့အရေးကြီးဆုံး
ဖတ်စာအုပ်နှစ်အုပ် ရှိတယ် ၊
တစ်အုပ်က ‘မိမိကိုယ်’ ဆိုတဲ့စာအုပ် ၊
နောက်တစ်အုပ်က ‘မိမိပတ်ဝန်းကျင်’ ဆိုတဲ့စာအုပ် ၊
အဲဒီစာအုပ်နှစ်အုပ်ကို သေသေချာချာဖတ်ပြီး
အကြောင်းအကျိုး ဆက်စပ်တွေးမယ်ဆိုရင်
လောကမှာ အောင်မြင်နိုင်တယ် ၊
မြတ်စွာဘုရားဆိုရင် မိမိကိုယ်ကို အဖတ်ကောင်းလို့
ဘုရားအဖြစ်ကိုရခဲ့တာပဲ” လို့ ဘုရားဟောထဲမှာ ဖတ်ဖူးပါတယ်။
ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးယုတ်စေမဲ့
အလုပ်မျိုးကို လုပ်သောသူသည် လူဖြစ်သော်လည်း လူမမြည်တဲ့။ တိရစ္ဆာန်ထက်
ယုတ်ညံ့ပြီး မကောင်းမှု၌ မွေ့လျော်နေသောသူသည် ဘယ်တော့မှ အသိတရား
နောင်တဆိုတာ ရရှိလာမှာ မဟုတ်ပါဘူး။ ဒါဟာ သူရဲ့ပတ်ဝန်းကျင်ကော
သူရဲ့မိသားစုအခြေအနေကိုပါ ဖော်ပြနေခြင်း ဖြစ်ပါတယ်။

One comment

  • alinsett (gazette)

    June 3, 2014 at 7:43 pm

    နှစ်အုပ်လုံးကို… ကုန်စင်အောင် မဖတ်နိုင်သေးဘူးဗျာ… ။

Leave a Reply