Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်

manawphyulayJanuary 15, 20111min1195

ကွန်ပျူတာ Keyboardတွင် ရိုက်နှိပ်လိုက်သမျှ စာလုံးအားလုံးကို မှတ်သားထားနိုင်သည့် Hardwareတစ်မျိုး ပေါ်ပေါက်နေကြောင်း သိရှိရသည်။ Black Deviceဟု အမည်ပေးထားကြသည့် အဆိုပါ ကိရိယာလေးအား System Casingနှင့် ချိတ်ဆက်ထားသည့် Keyboardကြိုးတွင် ကြားခံတပ်ဆင်ထားရပြီး အမှတ်မထင် ကြည့်ရှုပါက Keyboard Adaptorတစ်ခုနှင့် ပုံစံချင်း ဆင်တူသည်။ ထိုကိရိယာကို ကွန်ပျူတာတွင် ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တီထွင်ထားခြင်းဖြစ်သည်။ စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်သဖြင့် Privacyအတွက် အလွန်ကြောက်စရာကောင်းသည့် Deviceတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

အင်တာနက်ကဖေးများတွင် အဆိုပါကိရိယာငယ်များ တပ်ဆင်ထားမှု ရှိမရှိကို သတိပြုသင့်ပြီး Credit Cardနံပါတ်များ ထည့်သွင်းကာ Onlineဈေးဝယ်စနစ် ထွန်းကားနေသည့် နိုင်ငံကြီးများတွင် ပိုမိုသတိထားရမည့် ကိရိယာလည်းဖြစ်သည်။ ထိုကိရိယာကို တရားဝင် ရောင်းချမှု မပြုသေးသည့်တိုင် လူအများကြားတွင် စတင်ပြန့်နှံ့နေပြီဖြစ်ရာ Onlineအသုံးပြုသူများအနေနှင့် အင်တာနက်ဆိုင်များတွင် မိမိအသုံးပြုမည့် ကွန်ပျူတာမှ Keyboardကေဘယ်လ်ကြိုးကို ဦးစွာစစ်ဆေးသင့်ပါသည်။ ထိုကိရိယာဟု ယူဆရဖွယ်ရှိသော အရာတစ်ခုခု တွေ့ရှိပါက ထိုစက်ကို ရှောင်ရှားသင့်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှုမှ ကာကွယ်သင့်ပါသည်။ ထိုကိရိယာလေးအား ဒေါ်လာ(၃၀)မျှ ဈေးနှုန်းသတ်မှတ်ပြီး Onlineရောင်းဝယ်ရေး ဝက်ဘ်ဆိုက် Geekတွင် ရောင်းချနေကြောင်း သတင်းရရှိသည်။

5 comments

  • unclegyi1974

    January 15, 2011 at 2:11 pm

    လူတိုင်းသတိထားသင့်တဲ့ကိစ္စပါ
    အထူးသဖြင့်နက်ဆိုင်ထိုင်ဖြစ်တဲ့လူတွေပါ
    ကျေးဇူးကမ္ဘာဆိုင်း ပါ မနော

  • zawana

    January 16, 2011 at 1:12 am

    ပုံလေးပါ ပြပေးလိုက်ပါတယ်…

  • zawana

    January 16, 2011 at 1:18 am

    http://bp0.blogger.com/_xdJZcV6tOgg/SG3BaQL8jcI/AAAAAAAAApI/Si941nyGr5c/s1600-h/bmail.jpg

    ကိုယ်ရိုက်ချင်တဲ့ password ကို notepad မှာ ရိုက်ပြီးမှ copy & paste လုပ်ရင်တော့ ရနိုင်ကောင်းပါရဲ့…..
    ဒီနည်းနဲ့ key logger ကိုလည်း ရှောင်ရှားနိုင်မယ် ထင်ပါတယ် …
    notepad ကိုအမြန်ဖွင့်လိုရင် window key+r ပြီးတော့ run box မှာ notepad လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ။
    နက်ဆိုင်တွေမှာ သုံးတဲ့လူတွေ အတွက် အကျင့်လုပ်ထားရင် ကောင်းမယ်ထင်ပါတယ်.

  • zawana

    January 16, 2011 at 1:19 am

    ကိုယ့် pen drive ထဲမှာ notepad နဲ့ ရေးပြီး save ထားနိုင်ရင်တော့ ပိုကောင်းမှာပေါ့

  • manawphyulay

    January 16, 2011 at 12:36 pm

    pen drive က အမြဲဗိုင်းရပ်တက်နေတာ ဘယ်လိုလုပ်မလဲ……

Leave a Reply