စ ကား ပြော သော ခြေ ထောက် များ

mihninlayJanuary 15, 201125min721
နှုတ်ဖျားမှသည် ခွန်းသီဆို သည် မဟုတ်။
လက်ဖျားမှ သည် လင်္ကာ သီသည် မဟုတ်။
မျက်လုံးမှ သည်..စကားဆိုသည် မဟုတ်။
ခြေထောက်များကလည်း စကားပြောသည်။
မယုံလျှင် ပုံပြင်သာ မှတ်ပေရော့။

ဤခြေထောက်ပိုင်ရှင်သည် ကျွန်ရှေ့ဒူးမထောက် မြန်မာပြည်လွတ်မြောက်အောင် အသက်စတေးပေးခဲ့သော ပြည်သူ၏ ဖခင် အာဇာနည် ဤခြေထောက်ပိုင်ရှင်သည် တရုပ်ကို ကပ်မြှောက် မြန်မာပြည်ကို ချောက်ထဲကျအောင် လမ်းပြမြေပုံဆွဲ၍ တွန်းပို ့နေသူ လူယုတ်မာ အာဏာရှင်။
သူကတော့ ပေးတာယူ ကြွေးတာစား မင်းပွဲ စိုးပွဲ သာ တက်ချင်သော ခြေထောက်ပိုင်ရှင်
သူကတော့ မှန်တာလုပ်ဖို ့ဆို ရုံး ဂတ် အချုပ်မကြောက် သေနတ်များရှေ့ကပင် ဖြတ်လျှောက်ရဲသူ သတ္တိ ခြေလှမ်းရှင်။
စင်ကြယ်ဖိနပ်စီးသော်လည်း မစင်ကြယ်တဲ့ ဒီခြေထောက်နဲ့ အကျင့်စာရိတ္တပျက် လူသား

ဖိနပ်မပါသော်လည်း..စင်ကြယ်ပါသော သိက္ခာ နဲ ့ ဤခြေထောက်များ။
ဒီခြေထောက်မှ ဖိနပ်များ နိုင်ငံတော် ဘဏ္ဍာနဲ ့အရောင် ဖိတ်ဖိတ်တောက်သော်လည်း
ဤစစ်သားကလေးမှာ စီးစရာ စစ်ဖိနပ်တောင် မရှိရှာပါဖူး။
သူကတော့ ဘုရားပရဝဏ် ဝတ္တကမြေ ခြေဒါးလှီးခံ ဖိနပ်ဝတ်ရဲသော စုန်းမ
ဤခြေထောက်ပိုင်ရှင် သည် သဒ္ဓါရိုကျိုး ခြေသုတ်ပုဆိုးကဲ့သောသော အလှူ ့တကာမ။
ဒီကလေးငယ်လေးများကား စားစရာနတ္နိ အိမ်ခြေမရှိ မိဘမဲ့သည့် ဖိနပ်မဲ့ နာဂစ်ရဲ့ ဒုက္ခသည်။
ဒီဖိနပ်ပိုင်ရှင်ကလေးက လမ်းတောင် လျှောက်စရာမလိုသော စိန်စီတဲ့ ရွှေမင်းသမီး..
အာဏာ လက်နက်ဖြင့် ဖိနှိပ် ဖိနပ်ကြိုးစီးခိုင်းသော ဘိုပြောင်ကြီး
ဤခြေထောက်ရှင်သည် ယုံကြည် သဒ္ဓါဖြင့် လူအများချစ်ခင် လေးစားခံရသူ
ဤခြေပိုင်ရှင်သည် မတရား ခိုးဖွက်လုယက်သော စိန်များဖြင့် ရုပ်မလှ စိန်ရြွှေပ လင်တင် တောင်းရသော ရျွေခြေကျင်းကြီးနဲ ့ မိန်းမ
ဤခြေထောက်ပိုင်ရှင်များကား ယုံကြည်ချက်ကိုစား သံခြေကျင်းဝတ် နိုင်ငံရေးအကျဉ်းသမား
ဤခြေပိုင်ရှင် သည် တယောက်ထဲ ရဲဝံ့စွာ အဖော်မပါ အပြင်မထွက်ရဲတဲ့ သတ္တိခဲ သူခိုးကြီး ငဖဲ
အဖေါ် မပါပေမယ် ့ တကမ္ဘာလုံး ကို စိမ်ခေါ်ရဲတဲ့ ဦးဝင်းတင်ရဲ ့ တည်ငြိမ်တဲ ့အိမ်အပြန် ခြေလှမ်း
ဒီခြေထောက်ပိုင်ရှင်များ..အာဏာတည်မြဲရေးအတွက်
ဒီဖိနပ်ပိုင်ရှင်များ အသက်စတေးခဲ့ရသည်။
ပျင်းလို ့ စစ်တပ်ကိုတောင် လမ်းလျှောက်မစစ်ဆေးနိုင်တဲ့ ဘိုပျင်းကြီး
လွတ်ရာကျွတ်ရာ အသက်လုပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် မိသားစု
ဤခြေထောက်ပိုင်ရှင်သည် အရွယ်မရောက် အဓမစစ်တပ်သို ့ သွပ်သွင်းခံရကလေးစစ်သား

ဤခြေထောက်ပိုင်ရှင်များသည် အရွယ်လွန် အ်ုမင်းသော်ညား ရာထူးမစွန် ့ရဲကြသူများ
ဤခြေထောက်ပိုင်ရှင်သည် အဘိုးအာဏာသုံး ရမ်းကား ဘိန်းစား မိန်းကလေးများရဲ့ ပန်းစားဘီလူးမင်းသားဤခြေထောက်ပိုင်ရှင်သည် အသက်အရွယ်မမျှ မိသားစုစီးပွါးရေး ကူညီပေးရသောကလေးငယ်။
ဒီခြေထောက်ရှင်က နိုင်ငံပိုင် ပစ္စည်းတွေ ပေါချောင်ကောင်းသိမ်း သဘာဝ အရင်းအမြစ်မှန်သမျှ ကို ရှိတာရောင်းစား ပြည်သူသတ်ဖို ့ လက်နက် သူ ့စည်းစိမ်အတွက် ဝယ်ရောင်းတဲ့သူ


ဒီဒုတ္ခိကစစ်သားတွေကဖြင့် လိုက်လည်ဈေးရောင်း လှည့်လည် တောင်းစားနေရတယ်။

ကဲ မိတ်ဆွေများ
သင်မှာ ခြေထောက်ရှိသည်။
သင့် နေသော်လည်း ဆိတ်ဆိတ်..
သင့်ခြေများက တိတ်နေမယ်မဟုတ်ပါဖူး။

ရှေဆက် တက်မလား..
နောက်ဆုတ် ထွက်မလား..
ထိုးဖောက်ထွက် ရုန်းကန်ကြမလား..
ဒူးထောက် ပေါင်းစားမလား.
ကျောက်ချ ဆွံ ့အ ဆဲလား။
သင့် သမိုင်း သင်ရေးမည်။
ဘာပြောမလည်း နားထောင်ကြည့်
သင်ခြေလှမ်းများက ပြောကြားမည့် သင်၏ ပုံပြင်။

မသဒ္ဓါ (၁။၁၅။၂၀၁၁)

Posted in by Thadar (မသဒ္ဓါ )

ရဲရင့်ငယ်ဆိုဒ်မှကူးယူလာခြင်းဖြစ်ပါသည်။

One comment

  • bigbird

    January 16, 2011 at 6:26 am

    အရမ်းကောင်းပြီး အဓိပ္ပယ်ရှိတဲ ့ ကဗျာလေးပဲ။ မျှဝေပေးတဲ ့အတွက်ကြေးဇူး
    ပါ၊

Leave a Reply