မိမိကိုယ်ကိုကိုယ်ဒီမိုကရေစီထူထောင်ခြင်းဥပဒေ-၂

naywoon niJanuary 15, 20111min872

လူနေမှု စည်းကမ်း
၁၈။ အောက်ဖော်ပြပါ တို့ကိုရှောင်ကျဉ်မည်။
(က) အများပြည်သူသွားလာနေသောလမ်းအား ပိတ်ဆို့စေခြင်း။
(ခ) လမ်းဘေးတွင် ကျင်ငယ်စွန့်ခြင်း
(၈) ဆေးလိပ်တို မစ်ခြင်း
(ဃ) ကွမ်းသွေးထွေးခြင်း
(င) အမှိုက်ပစ်ခြင်း
(စ) အရက်သေစာသောက်စားမူးယစ်ခြင်း
(ဆ) ဆူပူခိုက်ရန်ဖြစ်ခြင်း
(ဇ) ဟုတ်မှန်သည့် အကြောင်းအရာဖြစ်စေ မဟုတ်မမှန်သည့် အကြောင်းအရာဖြစ်စေ ငြင်းခုန်ခြင်း
(ဈ) ဆူညံမှုဖြင့် အများအား အနှောက်အယှက်ဖြစ်စေခြင်း
(ည) လိင်ပိုင်းဆိုင်ရာဝက်ဆိုဒ် များအား အလွန်အကျွံ ဝင်ရောက်ကြည့်ရှုခြင်း။
(ဋ) ချက်တင်ထိုင်ပြိး အရည်မရ အဖတ်မရ ပိန်ဖျဉ်းသော စကားများပြောဆိုခြင်းဖြင့် အချိန်ကုန်နေခြင်း
(ဌ) တစ်ရက်လေးနာရီထက်ကျော်လွန်၍ အင်တာနက်ပေါ်နေခြင်း
(ဍ) လာအက်သမျှ လက်ခံထားပြီး အကျိုးမဲ့စကားများ ပြောလာသူတို့အား စိတ်မရှည်နိုင်ပါက ရည်းစားစကားပြော ၍ နှုတ်ပိတ်စေခြင်း
(ဎ) အကြောင်းမဲ့ စိတ်တိုနေတတ်ခြင်း
ဆောင်ရွက်ရန်

၁၉။ အများအတွက်အကျိုးဖြစ်ထွန်းစေသော ကိစ္စများအား တတ်နီုင်သ၍ ကူညီဆောင်ရွက်ရန်။
ပြစ်ဒဏ်များ
၂၀။ ဆောင်ရွက်ရန်ကိစ္စများကိုမဆောင်ရွက်ပါက အများ၏ကြည်ညိုမှု ယုံကြည်မှု နဲပါးလာသည်ကိုခံစားရမည်။
၂၁။ ငွေကုန်ကြေးကျများလာမည်။
၂၂။ ကျန်းမာရေး ထိခိုက်မှုရှိလာပြီးလျှင် မလိုလားအပ်သော ဆေးဝါးကုသခြင်းများခံယူရမည်။
အကျိုးကျေးဇူးများ
၂၃။ မိမိကိုယ်ကို ယုံကြည်မှုရှိလာမည်။
၂၄။ ငွေကြေးအကုန်အကျနည်းမည်။
၂၅။ အများ၏ ယုံကြည်မှု ဂရုစိုက်မှုခံရမည်။
အတည်ပြုခြင်း
၂၆။ ဥပဒေ သတ်မှတ်ရေးဆွဲပြီးသည့် အချိန်မှစ၍ အကျိုးသက်ရောက်မှုရှိစေရမည်။
၂၇။ ဤဥပဒေ ထက်ပို၍ ကောင်းမွန်သော ဥပဒေ တစ်ရပ်ပေါ်ထွက်မလာမချင်း အတည်ဖြစ်နေစေရမည်။
ဖြည့်စွက်ခြင်းနှင်ပြင်ဆင်ခြင်း

၂၈။ ကမ္ဘပေါ်တင်မည်သည့်အရာမဆိုပြိးပြည့်စုံခြင်း မရှိရကား ဤဥပဒေကိုလည်း ပြီးပြည့်စုံပြီဟု မိမိ မမှတ်ယူရကား အချိန်ကာလနှင့်လျော်ညီစွာ ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်း ျနှုတ်ပယ်ခြင်းများကို မိမိသဘောအတိုင်း သတ်မှတ်မည်ဖြစ်ပေသည်။
နိဂုံး
၂၉။ “ဤကဲ့သို့ ပေါကြောင်ကြောင် ဥပဒေ စည်းကမ်းများ ထုတ်ဆင်၍ မိမိကိုယ်ကို အုပ်ချုပ်နေထိုင်လျှက်ရှိသော ကျွန်ုပ်အား လှောင်ပြောင်သရော်ခြင်း ပြုကြစေကာမူ ကျွန်ုပ်မှ အလေးဂရု ပြုမည်မဟုတ်ပေ။ ကျွန်ုပ်သည် ဤဥပဒေ စည်းကမ်းဘောင်အတွင်းနေထိုင်ကျင့်ကြံမည် ဖြစ်သဖြင့် ထိုသို့လှောင်ပြောင်သရော်သူများအား သနားဂရုဏာသက်သောအကြည့်ဖြင့်သာ ကြည့်နေမည် ဖြစ်ကြောင်း သိစေအပ်ပါသည်။ ဤသို့သောစည်းကမ်းချက်များနှင်အညီနေထိုင်သွားမည် ဖြစ်ရကား နောင်မကြာမီ ကာလအတွင်း အစစအရာရာ အားလုံးထက်ကျော်လွန် ကောင်းမွန်သွားမည် ဖြစ်ပါကြောင်း ယုံကြည်မိပေတော့သည်။

နေဝန်းနီ
ကိုယ်ပိုင်ဒီမိုကေရေစီနိုင်ငံတော်
ဖြန်ဝေခြင်း-
၁။မိမိကိုယ်တိုင် လိုက်နာရန် အလေးဂရုပြု၍ ပေးပို့ပါသည်။
၂။မန္တလေး ရတနာပုံ ဂဇက်တက် သတင်းစာ ကျေးရွာသူကြီးနှင့်ရွာသူရွာသားများသိရှိစေရန် ပေးပို့ပါသည်။
၃။မာတီပလိုင်း ကိုယ်ပိုင်စုစည်းမှုစာမျက်နှာ သို့ အီးမေးလ်ဖြင့် ထိပ်တန်းလျှို့ဝှက် အောက်ခြေပေါက်ကြားစနစ်ဖြင့်ပေးပို့သည်။
၄။မေးလ်လက်ခံစာတွဲ

2 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 15, 2011 at 6:22 pm

    အမှတ် နှစ်ကိုရောက်တော့
    လိုင်းပြောင်းသွားဒယ်ခင်ဗျ
    ကြည့်ရတာ စိတ်ဓာတ်မြှင့်တင်ရေး ဖုန်းဖုန်း ရဲ ့လက်ချာတွေကို မည်းစမ်းကြည့်ပြီး
    လိုင်းပူးသွားပုံပေါ်ပါဒယ် ခင်ဗျ။

  • bigbird

    January 16, 2011 at 6:17 am

    ဦးနီရဲ ့ ဥပဒေက ကောင်းပါတယ်။ အတည်ပြုဖို ့အတွက် အငြင်းပွားစရာ
    မရှိပါကြောင်း…….

Leave a Reply