Tonle Sap is Cambodia’s largest lake, its name meaning “Great Lake” in Khmer. ညနေဆည်းဆာ နေ၀င်ချိန်ကို သွားကြည့်ခဲ့တယ်။





ကမ်းစပ်တွေမှာ မြန်မာပြည်နဲ့ မကွာတဲ့ အနေအထားတွေ အများကြီး မြင်ခဲ့တာကို မှတ်တမ်း ယူခဲ့ပါတယ်။ သူတို့ဆီမှာလည်း ဆင်းရဲကြတယ်။ ထိုကန်ကြီး အစပ်မှာ နေထိုင်ကြတဲ့ လူတွေက ကမ္ဘောဒီးယားမှာ အဆင်းရဲဆုံး လူတွေ ထဲမှာပါတယ်။ တနေ့ကို ၁ဒေါ်လာတောင် မရတဲ့ ပိုက်ဆံနဲ့ မိသားစု အသက်မွေးကြတယ်လို့ ဆိုပါတယ်။ ရေတက်ချိန်ဆိုရင် အိမ်လိုက် ပြောင်းနေကြတယ်လို့ ပြောတယ်။


အလင်းအနေအထား မကောင်းတော့ မထင်ရှားဘူး ဖြစ်နေတယ်။ ရေကျတဲ့ အချိန်မှာ သောင်ထွန်းပြီး အပင်တွေ ပေါက်နေတာပါ။



လှေပေါ်က ကလေးတွေက သတောင်းစားလေးတွေ ပြောရမလားဘဲ။

နေ၀င်ချိန် ဆည်းဆာ ကို သေချာ တောင် မကြည့်ခဲ့ဘူး ကလေးငယ်တွေ ကို လိုက်ကြည့်နေတာနဲ့ နေဘယ်လို ၀င်သွားမှန်းတောင် မသိဘူး

About ဆူး

has written 398 post in this Website..