Tonle Sap ကမော္ဘဒီးယား မှ အကြီးဆုံး ကန်ကြီး အပိုင်း ၂

ဆူးJanuary 15, 20111min630


အဲဒီ ကလေးမလေးက တော်တော် ချမ်းပြီး တုန်နေပါတယ် ပုံထဲမှာတော့ ချမ်းတုန်နေတာ မသိသာတော့ဘူး။ စက်လှေကြီးကို မော်တော် အသေးစားလေးတွေနဲ့ အတင်းလိုက်ပြီး ပိုက်ဆံ တောင်းတယ် အချိုရည် လိုက်ရောင်းတယ်။ အချိုရည် ဆိုလည်း ဘာဖြစ်ဖြစ် အကုန် ၁ဒေါ်လာဘဲ။



တံငါ လုပ်စားကြတာတွေဖြစ်ပါတယ်။ ငါးဖမ်းပိုက်တွေမှာ ညိနေတဲ့ ငါးတွေ ကို ဒုတ်နဲ့ ရိုက်ပြီး ငါးလုပ်ငန်း လုပ်နေကြတာ ဖြစ်ပါတယ်။ လှေတွေပေါ်မှာ အိမ်တွေဆောက်ပြီး နေကြပါတယ်။ ရေတက် ရေကျ အိမ်လည်း ပြသနာ မရှိတော့ဘူးပေါ့။



ဆည်းဆာ နေဝင်ချိန် ကြည့်တဲ့ နေရာ ဆိပ်ကမ်း ဖြစ်ပါတယ်။


ပိုက်ဆံ တောင်းတဲ့ လှေနဲ့ ဈေးရောင်းတဲ့ လှေ ဖြစ်ပါတယ်။


ဈေးလှေ ကလေးကို အနီးကပ် ရိုက်ယူထားတာ ဖြစ်ပါတယ်။


ပိုက်ဆံ တောင်းတဲ့ လှေပေါ်က ကလေးငယ် မြွေနဲ့ အတူ ဆင်းလာပြီး မြွေ အလှပြစားပြီး ပိုက်ဆံ တောင်းကြပါတယ်။ ကလေးငယ်တိုင်း မြွေ တကောင်စီနဲ့ အတူ ပိုက်ဆံ တောင်းကြတာတော့ ထူးခြားပါတယ်။


ဆည်းဆာ နေဝင်ချိန် လာကြည့်တဲ့ ခရီးသွားလှေ တွေ အနားကို ထိုကဲ့သို့ ကလေးငယ်အများ အပြား လာရောက် ပိုက်ဆံ တောင်းရမ်းကြပါတယ်။ ကလေးငယ်မျာနှင့် အတူ မြွေ တကောင်စီပါကြတယ်။ လှေလှော်ရင် မြွေက အနှောက် အယှက်မပေးပါဘူး။ မြွေကို အိမ်မွေး တိရိစာ္ဆန်လို မွေးကြတယ် ထင်ပါတယ်။


ကလေးငယ်များ လှေတွေ ကြားထဲ ဇလုံတွေလှော်ပြီး အတင်းတိုးတော့..လှေညပ်ပြီး တခုခုဖြစ်မှာ စိုးနေတာ.. သူတို့ကတော့ အေးဆေးပါဘဲ.. ဘယ်လို ဝင်ပြီး ဘယ်လို ထွက်သွားလဲတော့ မသိဘူး။ ဇလုံတောင် မပိန်ဘူး။ သူအရပ်နဲ့ သူ့ဇတ်ကတော့ ကွက်တိဘဲ။

နေဝင်ချိန် ဆည်းဆာ ကို သွားကြည့်တာ နေဝင်တာ မကြည့်နိုင်ဘဲ သတောင်းစား ကလေးတွေ နဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်တာနဲ့ နေဘယ်လို ဝင်သွားမှန်းကို မသိဘူး။