People Revolution, Tunisians has spoken

timothyJanuary 15, 20111min1073

တူနီးရှားသမ္မတဘင်အလီလဲခွေးပြေးဝက်ပြေးနဲ့ဘယ်နိုင်ငံကမှလက်မခံလို့နောက်ဆုံးဆော်ဒီအရေဘီယားကလက်ခံလိုက်ရတယ်။

အာဖရိကယူနီယံကတူနီးရှားပြည်သူလူထုရဲ့ဆန္ဒကိုလေးစားစွာနဲ့လက်ခံလိုက်ပါတယ်။ African Union recognize the will of the Tunisian people. We heard the message loud and clear. Ben Ali is no more President of the country and the people choice is the ultimate guideline for politicians to reunite the country peacefully.

ကျုပ်တို့လဲအမေစုပြောထားတဲ့အတိုင်းလွတ်လပ်ရေးအတွက်လူတိုင်းလူတိုင်းဝင်လုပ်ဝင်ပါကြရမယ်။

အရေးတော်ပုံက ဇန္နဝါရီလ၃၁ ရက် တံဆိပ်တုံးထုမဲ့ ( အခြားဘာမှမလုပ်၊မျက်စိပိတ်၊နားပိတ်၊ပါးစပ်ပိတ်) လွတ်တော်ဖွင့်တာနဲ့စပြီဗျာ။

သိပြီးကြပြီမဟုတ်လား။ စစ်ကျွန်မထမ်းမနေရ စစ်မိန့်၊ လွတ်တော်ဘယ်နေမှန်းမသိသေးဘူး၊ အဲဒါကလူသူအပေါင်းကိုသရဲချောက်သလိုချောက်နေပြီ။ လွတ်တော်အဖွင့်၊စစ်ကျွန်မထမ်းမနေရအမိန့်ပြန်တမ်းကတရားဝင်ပြည်သုလွတ်တော်ကထုပ်ပြန်ပြီ။

အမေစုကိုလဲပုဒ်မအဟောင်းအသစ်ပေါင်းစုံလွတ်တော်ကထုပ်ပြန်ပြီးသကာလဖမ်းဘို့အသင့်ဘဲ။

အဲဒီရက်ကမနှေးမမြန်ရောက်လာလိမ္မယ်။

လူထုရဲ့လိုခြင်ဆန္ဒကိုအနာခံအသေခံပြီးပြနိုင်မှ၊အတိုင်းတိုင်းအပြည်ပြည်ကလေးစားစွာလက်ခံအသ်အမှတ်ပြုတာ၊တူနီးရှားအဖြစ်အပျက်ကလောလော

လတ်လတ်သက်သေပြနေတယ်ဆိုတာပါဘဲ။

လူထုတော်လှန်ရေးကြီးဖြစ်လာဘို့စီးပွါးရေးစားဝတ်နေရေးကြပ်တည်းမှု၊စစ်အစိုးရရဲ့အကျင့်ပျက်ချစားမှု၊ပြည်ကူလူထုကိုရက်စက်စွာကတ်ဖြတ်မှု၊

အဲဒါအပြင်ကျတော်တို့ပြည်သူအပေါင်းချစ်ကြည်ငြိုတဲ့အမေစုကိုဖမ်းဘို့လုပ်ပြီဆိုတာနဲ့၊ အရေးတော်ပုံစပြီပေါ့။

ဖက်ဆစ်စစ်အာဏာရှင်များကိုမောင်းထုပ်ဘို့လူထုတော်လှန်ရေးကြီးစဘို့အားလုံးအသင့်ပြင်ကြပါ။

တူနီးရှားကပြည်သူလူထုက သမ္မတစုပ်ဘင်အလီကိုလူထုအားနဲ့မောင်းထုပ်နိုင်ရင်၊ဗမာများကလဲလုပ်နိုင်ကြောင်း့ပြကြရအောင်။

3 comments

  • koyinmaung

    January 15, 2011 at 9:03 pm

    အကောင်းဆုံးအစီအစဉ်ပါဘဲ…………..

  • bigbird

    January 16, 2011 at 5:50 am

    ဟုတ်တယ်။ အားလုံးအဆင်သင့် သတိရှိနေပါစေ။ လူတစ်စုကောင်းစားရေးအ
    တွက် စစ်မှ ုထမ်းရမဲ့ အစား နိုင်ငံနဲ ့လူမျိုးအတွက် အလိုအပ်ဆုံးဖြစ်တဲ့
    စစ်မှန်တဲ့ တော်လှန်ရေးကြီးကို အားလုံးညီညီညာညာ ဆင်နွှဲကြပါစို ့…

  • ကြယ်လေး

    January 16, 2011 at 6:08 am

    ဆွေ စဉ် မျိုးဆက် ဒုက္ခ ကျမည့် တူ တူ ကိုယ့် လက်ထက်မှာပဲ အပြီး ဖြတ်သင့်တယ်

Leave a Reply