အချာပဉ်မဟုတ်တဲ့ မြန်မာဘုရင်ကွ King

Alaungpaya message


အခုဖော်ပြထားတဲ့ သဝဏ်လွှာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွန်စွာနှစ်ထောင်း အားရတော်မူလို့ သူလည်း အမေရိကန်သမ္မတ အိုဘားမားဆီကို ပုံစံတူ မိတ်ဖွဲ့စာတစောင် ပို့မယ်လို့သိရပါတယ်။ သူကအလောင်းဘုရားထက် ပိုမှာကတော့ တွင်းထွက်သယံဇာတ ပိုင်ဆိုင်မှုများအပြင် ကိုယ်ပိုင်ဓနဥစ္စာ အမေရိကန်ဒေါ်လာနှစ်ဘီလျံကျော်တောင် ချမ်းသာတယ်ဆိုတာပါပဲ။ ဟေး…ဒါမှာဒို့မြန်မာကွ…
သက္ကရာဇ် ၁၇၅၆ ခုနှစ်လောက်တုန်းက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကနေ ဒုတိယမြောက် ဂျော့ရှ်ဘုရင်ဆီကို ပို့တဲ့ ရွှေသဝဏ်လွှာကို ဧရာဝတီဘလော့မှာ ဇာနည်မာန်က ဘာသာပြန်ဆို တင်ပေးထားတာကို ဝေမျှလိုက်ပါတယ်။ ဒီကနေပဲ သူ့ကိုခရက်ဒစ်ပေးရင်းနဲ့ ကူးယူခွင့်တောင်းလိုက်ပါရစေ။ http://www.irrawaddyblog.com/2011/01/blog-post_15.html အပြည့်အစုံကိုတော့ ပေးထားတဲ့လင့်ခ်မှာ သွားကြည့်ကြပါ။
ဘာသာပြန်ဆိုသူများ ပြုလုပ်သူ subjectနဲ့ ပြုလုပ်ခံရသူ object တို့နေရာ အထားအသို လွဲများလွဲနေသလားလို့။ 😀
“ဘုန်းတန်းခိုး အာနုဘော်နှင့် ပြည့်စုံကြွယ်ဝသော ရေမြေ့သခင်၊ မင်းများ၏ ဘုရင်၊ ရွှေ ငွေ ကျောက်သံပတ္တမြားတို့ကို ပိုင်စိုးတော်မူသော ဆင်ဖြူများရှင်၊ ဆင်နီများရှင် အရောင်စုံလှသော ဆင်များရှင်မှ အင်္ဂလိပ် တိုင်းပြည်ကို အုပ်ချုပ်သော ဘုရင်မင်းမြတ်ထံသို့ နှုတ်ခွန်းဆက်သပါတယ်” လို့ ရွှေသဝဏ်လွှာမှာ ပါရှိတယ်လို့ဆိုပါတယ်။

2 comments

  • phantom

    January 16, 2011 at 7:32 am

    လင့်ထဲမှာ ဖတ်ကြည့်ရသလောက်တော့ တန်ဖိုးမဖြတ်နိုင်ဘူးဆိုပဲ မိုက်တယ် တစ်ခုလောက်ရရင် ထောပြီ ရှေးဟောင်းပဲ လိုက်ရှာတော့မယ်

  • naywoonni

    January 16, 2011 at 11:04 am

    သိုက်စာဖတ်ရာ
    နားထောင်ပါ
    ဥစ္စာရနိုးနိုး…။

Leave a Reply