မြန်မာ ၁၁ ဦးပါတဲ့ တောင်ကိုရီယားသင်္ဘောကို ဆိုမားလီးယားပင်လယ်ဓါးမြ ပြန်ပေးဆွဲ

ၾကယ္ေလးJanuary 16, 20111min11810

အိနိ္ဒယသမုဒ္ဒရာထဲမှာ စနေနေ့က ဆိုမာလီးယား ပင်လယ်ဓါးမြတွေ ပြန်ပေးဆွဲခဲ့တဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင် သင်္ဘောသား ၂၁ ဦး ရှိနေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
တောင်ကိုရီးယား ၈ဦး၊ အင်ဒိုနီးရှား ၂ ဦးနဲ့ မြန်မာ ၁၁ ဦးပါဝင်တဲ့ တန်ချိန် တသောင်းရှိတဲ့ ကုန်သင်္ဘောဟာ ဓါတုပစ္စည်းတွေ တင်ဆောင်လာတဲ့ Samho Shipping ကုမ္ပဏီပိုင် ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ တောင်ကိုရီးယားတောင်ပိုင်း Busan ဆိပ်ကမ်းမှာ အခြေစိုက်တဲ့ ကုမ္ပဏီပါ။

ဒီသင်္ဘောဟာ United Arab Emirates ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုကနေ သီရိလင်္ကာနိုင်ငံကိုအသွား အိနိ္ဒယသမုဒ္ဒရာထဲမှာ ပင်လယ်ဓါးမြတွေက ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

သင်္ဘော အခုဘယ်မှာရောက်နေတယ်ဆိုတာကို တိတိကျကျ မသိရသေးပေမဲ့ သင်္ဘောပေါ်မှပါသွားသူတွေ ထိခိုက်မှု တစုံတရာရှိပုံမရဘူးလို့ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းမှာ ဖော်ပြထားပါတယ်။

ဆိုမားလီးယား ပင်လယ်ဓါးမြတွေဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ အခုထိ သင်္ဘော ရ စင်းကို ပြန်ပေးဆွဲခဲ့ကြပြီး ဒီအထဲမှာ အများစုဟာ အိုမန် (Oman) ကမ်းလွန်ဒေသမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။

အခုသင်္ဘော ပြန်ပေးဆွဲမှုကနေ ဆိုမားလီးယား ပင်လယ်ဓါးမြတွေ ပြန်ပေးဆွဲထားတဲ့ သင်္ဘော စုစုပေါင်း ၃၁ စင်းရှိသွားပြီ ဖြစ်ပါတယ်။ သူတို့ဟာ ဓါးစာခံပေါင်း ၆၅ဝ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ အီးယူ ဥရောပသမဂ္ဂရေတပ်က ပြောပါတယ်။

http://www.yonhapnews.co.kr/politics/2011/01/15/0503000000AKR20110115066900043.HTML

http://www.voanews.com/burmese/news/01-16-2011-somalia-pirates-burmese-113822419.html

10 comments

  • zippo

    January 16, 2011 at 9:53 am

    ကျန်းကျန်းမာမာချောချောမောမောနဲ့မြန်မြန်ဆန်ဆန်လွတ်မြောက်ကြပါစေ……။။။။။။……

  • ကြယ်လေး

    January 16, 2011 at 10:45 am

    မြန် မာ အ စိုး ရ က တော့ အ ခွန် ကောက် ဖို့ ပဲ သိ တာ

    မြန် မာ သံ ရုံး ရှေ့ passport ကိုင် ပြီး သွားသေရင်တောင် အလောင်း တော့ တာဝန်ယူ မှာ မ ဟုတ် ဘူး passport တော့ သိမ်းသွားလိမ့် မယ်

    ကပ်ခွါလုပ်ပြီးပြန် ရောင်းစားဖို့

  • ဆူး

    January 16, 2011 at 11:36 am

    ကြားမိတာကတော့.. သင်္ဘောသားတွေက ပြန်ပေးဆွဲ ခံရရင် ကပ္ပတိန်မှ လွဲလို့.. ကျန်သင်္ဘောသား passport သိမ်းထားတာ က လွဲရင် အကုန်လုံး လွတ်လပ်စွာ သွားလာ ခွင့်ရှိတယ် ပြောပါတယ်။ သင်္ဘောသားတွေက အဲဒီမှာတောင် ပျော်နေကြတယ်တဲ့။ ကြားမိတာ ပြောပါတယ်။ ဖမ်းဆီး နိပ်စက်တာတော့ မရှိဘူးတဲ့။

  • nyimalay

    January 16, 2011 at 1:31 pm

    မြန်မာပြည်က Cmompany ကိုရောသိလို့ရမလာဟင်………. ပိစိကွေးမောင်လေးကလည်း ကိုရီးယားသဘောင်္မှာပဲ စိတ်ပူလိုက်တာ…………

  • ကြယ်လေး

    January 16, 2011 at 1:52 pm

    အွန်
    နာမည် လေး english လို ပေါင်း ပေး ပါ လား

    ကျနော် ရှာ ကြည့်ပေးမယ်

    ကိုရီးယား လိုင်း ပေ မယ် သွား တဲ့ လမ်း ကြောင်း ကော တူလား(အာရပ်စော်ဘွားများ ပြည်ထောင်စုကနေ သီရိလင်္ကာနိုင်ငံ)?

    ကို ရီး ယား သား 8 ယောက် လဲ ပါ တော့ ကိုရီးယား သ မ္မတ ကိုယ် တိုင် မြန် မြန် ပြန် လွတ် ဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ သတင်းထဲ တွေ.လိုက်ပါတယ်

    သိပ် စိတ် မ ပူ ပါ နဲ့

  • nyimalay

    January 16, 2011 at 1:55 pm

    မြန်မာပြည်က Company Name ကိုပြောတာ………… spelling မှားသွားလို့ပါ ကိုကြယ်လေး……….. ကိုကြယ်လေးသိလားမသိဘူးနော် myanmar က company name ကို………

  • ကြယ်လေး

    January 16, 2011 at 2:07 pm

    မြန်မာပြည်က Company Name ထက် လူ နာ မည် ဆို ပို ရှာ ရလွယ် မယ်

  • nyimalay

    January 16, 2011 at 2:11 pm

    အီး………… ဒါဆိုပိစိကွေးကဘယ်သူဘယ်ဝါဆိုတာ သူများတွေသိသွားမှာပေါ့……….. ကိုကြယ်လေးကလည်း……. ပိစိကွေးက ဘယ်သူဆိုတာမသိစေချင်ဘူးလေ…….

  • nyimalay

    January 17, 2011 at 9:38 am

    ဟုတ်ကဲ့ ……….. ဒီမှာပဲစုံစမ်းလိုက်ပါမယ်နော် ကိုကြယ်လေး……………
    ကျေးဇူးပါနော်…………

Leave a Reply