ရွာသားများ ရဲ့ လျို့ဝှက်ချက်

ဆူးJanuary 16, 20111min26938

ရွာထဲက ကြောင်ကြီး ကျန်းမာရေး လေ့ကျင့်ခန်း လုပ်နေတာ ဖြစ်ပါတယ်။


ကိုပေါက် မန်းကတော့ စာမရေးခင် စာရေးမဲ့ အကြောင်းအရာတွေကို မှန်ထဲမှာ ကြည့်ပြီး အရင်စာစီ နေပုံကို မသိသာ ခိုးယူ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။


ဘကြီးပုတော့ ချစ်သူ အသစ် ရသွားရှာပြီ။


သဂျီးကလည်း သူက နယ်နယ်ရရ မဟုတ်ဘူး ဆိုပြီး ပါးစပ် ဖြဲပြတယ်။

38 comments

  • weiwei

    January 16, 2011 at 3:18 pm

    တော်လိုက်တာ .. နည်းပညာတွေ ကောင်းလွန်းတော့ ဘာမှခိုးလုပ်လို့မရတော့ဘူးနော် … ချက်ခြင်း အွန်လိုင်းပေါ် သတင်းရောက်လာတာပဲ .. 🙂

  • ဆူး

    January 16, 2011 at 3:25 pm

    ကြောင်ကြီးက အလုပ် နောက်ကျလို့ ပြေးနေတာ.. ကျန်းမာရေး လေ့ကျင့်ခန်း ဆိုပြီး.. အကြောင်းပြပြီး ပြေးပြေးနေတာ.. ညည မီးကင်းစောင့်ရလို့.. ဟီးဟီး..

    အောက်ဆုံးက ဗို်က်ပူပူကြီး က ဘယ်သူလဲ သိလား..

  • kopauk mandalay

    January 16, 2011 at 3:33 pm

    အောက်က ဗိုက်ပူလား ဒါလေးတောင်မသိဘူး ပိန်းလိုက်တာ။
    ဒီဆိုက်ထဲ့ မှာ ဝပါတယ်လို့ ဝန်ခံတာ ဘယ်သူလဲ သိလား
    ဒါပဲပေါ့ ဒီလိုဘဲဖြစ်ရမှာပေါ့ ဒါအမှန်ဘဲပေ့ါ

  • ဆူး

    January 16, 2011 at 3:37 pm

    ဟုတ်တာပေါ့ကွယ် မှန်တာပေါ့ကွယ်.. သီချင်းဆိုတဲ့ ကိုပေါက် မန်းရယ်။

  • bigcat

    January 16, 2011 at 3:43 pm

    ဗိုက်ပူဆိုတာ ဦးဖက်တီးကို ပြောတာလား။ သူအခု မလေးရှား ရောက်နေတယ်ထင်တယ်။
    ကြောင်ကြီးပုံကြည့်ရတာ ကျန်းမားရေးလေ့ကျင့်ခဏ်း လုပ်နေတာထက် ကဗျာလွတ်ကနေပုံပေါ်တယ်။

  • ဆူး

    January 16, 2011 at 3:53 pm

    ကြောင်ပုံ လှလို့ ဒီပိုစ်ကို တင်ဖြစ်သွားတာ.. ကြောင်မလေးတွေ များ ခိုက်သွားလေ မလားလို့… ဦးကြောင်ကြီး အတွက် ကြော်ညာဝင်ပေးတာ။

  • The Reds

    January 16, 2011 at 4:25 pm

    ဟီး ဟီး … ကို ကြောင် က နောက် လာ မဲ. အို လံ ပစ် ပြိုင် ပွဲ မှာ အ ပြေး ပြိုင် ပွဲ ဝင် မ လို. တဲ. , ကို ပေါက် က တော. အ စား စာ ရင်း တွေး ရင်း ပေါ. … ဘ ကြီး ပု က တော. လန်း တယ် ဗျာ .. သဂျီး က တော. အ စ က တည်း က စွမ်း ပြီး သား … အောက် က ပုံ က တော. မ ဆူး လေ … ဟီး ဟီးး

  • manawphyulay

    January 17, 2011 at 2:54 am

    အောက်ဆုံးပုံက ဘယ်သူဖြစ်မလဲမသိဘူးနော်။ ဟီး သေချာစာရေးပြဦးလေ။ သဂျီးကတော့ ပါးစပ်မဖြဲပြလည်း သိပါတယ်လို့ ပြောလိုက်ပါ ညီမလေးရယ် အဟဲ။

  • လင်းဝေကျော်

    January 17, 2011 at 2:58 am

    ဖက်တီး ဗိုက်နဲ့ အတိုက်ခံရတာကတော့ ဆူး ပဲဖြစ်ပါလိမ့်မယ်

  • နီလေး

    January 17, 2011 at 4:44 am

    အောက်ဆုံးကပုံကဘယ်သူလဲနော် အထင်ကရ ရွာသားတစ်ယောက် …………သူပဲနေမှာပေါ့နော် ဟိဟိ ဟုတ်လား

  • naywoonni

    January 17, 2011 at 10:13 am

    ပုံက ဘယ်နှစ်ပုံလဲ လေးပုံပဲတွေ့တယ်လေ

  • nyimalay

    January 17, 2011 at 10:47 am

    ဟိဟိ……….. အန်တီဆူးကို ဦးဖက်ကဗိုက်နဲ့တိုက်နေတဲ့ပုံရယ် သဂျီးပုံရယ် အကြိုက်ဆုံးပါပဲဗျို့

  • ဆူး

    January 17, 2011 at 10:54 am

    ဆူး ကတော့ ကြောင်ပြေးနေတဲ့ ပုံရယ်.. စကားများနေတဲ့ ဒုတိယ ပုံကို အကြိုက်ဆုံးဘဲ.. ပျင်းတာနဲ့ ရွာစည်အောင် တင်လိုက်တာ..

  • weiwei

    January 17, 2011 at 11:57 am

    တို့ကတော့ ဒုတိယ စကားများနေတဲ့ပုံကို အကြိုက်ဆုံးပဲ … 😛
    ကိုပေါက်ရေးတဲ့စာတွေရှည်နေတာနဲ့ ကိုပေါက်ကို စကားများတယ်လို့ သရုပ်ဖော်လိုက်တာလို့ ထင်တာပဲ … ဟုတ်တယ်မဟုတ်လား ဆူး … 🙂

  • ဆူး

    January 17, 2011 at 12:16 pm

    မှန် တိုင်း လည်း ကောင်းဘူး နော်.. မဝေ.. တော်ကြာ စိတ်ဆိုးသွားအုန်းမယ်။ ဟီးဟီး.. မကြီးမငယ်နဲ့ စိတ်ဆိုးတဲ့ လူတွေ ကို လိုက်ချော့ နေရမယ်.. အဲလို မပြောကောင်းဘူး မဝေရဲ့.. 😉

  • cobra

    January 17, 2011 at 12:56 pm

    ဟင်…တို့ကျတော့မပါဘူး…သူဘက်လိုက်တယ်…..
    နောက်တခါတို့ပုံပါထည့်နော်…။

  • ဆူး

    January 17, 2011 at 1:31 pm

    မြွေဟောက် ဆိုတော့ မြွေပေါက်ခံရမှာ ကြောက်လို့ မထည့်တာပါ.. နောက်ထည့်သွင်း နိုင်ရန် ကြိုးစားပါ့မယ်။

  • unclegyi1974

    January 17, 2011 at 4:38 pm

    မာမာအေးရဲ့ဟိုသီချင်းလေးပဲဟစ်လိုက်ချင်တယ်
    တတ်လည်းတတ်နို်င်ကြပါတယ်…
    နောက်ဆက်တွဲ ကိုပေါက်ရေးဖို့ချန်ခဲ့ပါတယ်

  • လင်းငယ်

    January 17, 2011 at 6:40 pm

    နောက်ဆုံးပုံက ဦးဦးဗိုက်ပူကလည်း အလုပ်များနေတယ်နော်…

  • kopauk mandalay

    January 18, 2011 at 3:55 pm

    မနေ့က သတင်းထဲမှာဖတ်လိုက်ရတယ်။
    သူများပုံကို မသိအောင်ရိုက်ပြီးအင်တာနက်ကနေဖြန့်ချိလို့ ကာယကံရှင်က မကျေနပ်ရင်
    ဒဏ်ငွေတစ်သိန်းတဲ့။
    တော်ပြီသူကြီးပေးတဲ့ တစ်သိန်းရဘို့မလွယ်ဘူး။
    ဆူးမမ ဆိုတဲ့နှမလေးရေ ကျေးအေးမလား တရားရုံးမှာ ရင်ဆိုင်မလား
    ကြိုက်တာရွေးပေတော့

    ဒိန် ဒိန် ဒိန်………………………………………………………………………..

  • ဆူး

    January 18, 2011 at 4:02 pm

    ကိုပေါက် မန်း အတွက် ရော့ အင့် တစ်သိန်း.. နှုတ်ပိတ်ခ.. ဒါပေမဲ့ ဒီလောက် ပိတ်လိုက် ဖွင့်လိုက် လုပ်နေတာ တော်ယုံနဲ့တော့ နှုတ်ပိတ်လို့ ရမယ် မထင်ဘူး။
    ပေးတုန်း ယူထားလိုက်နော်.. တစ်သိန်း.. တစ်သိန်းကို ၃ခါတောင် ရေးထားတယ်။ အများကြီး ရသွားပြီ လေးပေါက်ကြိးတော့..

  • nanmyat

    January 19, 2011 at 4:30 am

    သမီးလည်းရွာအကြောင်းကိုကောင်းကောင်းသိချင်တယ်။ရွာသူ။ ရွာသားတွေနဲ့လည်းရင်းနှီးချင်ပါတယ်။မိတ်ဆက်ပေးပါ။သမီးကဒီရွာထဲကိုစဝင်တာမကြာသေးလို့လေ။ သမီးကိုလည်းခင်ပေးပါနော်။ရွာသားတွေကိုလည်းခင်အောင်ပြောပေးပါနော်။ကျေးဇူးတင်ပါတယ်။

    • bigcat

      January 19, 2011 at 4:50 am

      အပေါ်ဆုံးပုံက ကိုကြောင်ကြီးပုံလေ။ သမီးကအသစ်ဆိုတော့ မသိတာရှိမေးနိုင်တယ်။ ဒါထက် သမီးအသက် ဘယ်လောက်ရှိပြီတုန်း၊ ဓါတ်ပုံကရော သမီးပုံလား၊ ကြည့်လိုက်တာနဲ့ လူလွတ်ဆိုတာ တန်းသိတယ်။ တမျိုးမထင်နဲ့နော် ရွာသူရွာသားအချင်းချင်း ချစ်တဲ့စိတ်နဲ့မေးတာ။ ကိုကြောင်က အသက်၂ဝကျော်ပဲရှိသေးတယ်၊ ဒါပေမဲ့ ရွာထဲမှာ အာကြမ်းရှာကြမ်း ဘိန်းကစော် လူလိမ်လူရှုပ်တွေ များလွန်းလို့ အရိုအသေတန်အောင် အသက်နဲနဲကြီးပြထားရတယ်။ မဟုတ်ရင် ခင်သလိုလိုနဲ့ နောက်မှပိုက်ဆံချေးလိမ့်မယ်။ ဘယ်သူဘာလာပြောပြော ကိုကြောင်ကို အရင်အသိပေးနော်။ မတော်တရော်တွေနဲ့ တွေ့သွားမှာစိုးလို့။ မိန်းခလေးဆိုတိုင်းလည်းမယုံနဲ့ အတုတွေ၊ အခြောက်တွေ၊ ယောက်ျားလျှာတွေရှိတယ်။

    • weiwei

      January 19, 2011 at 6:41 pm

      ရွာအကြောင်း ကောင်းကောင်းသိချင်ရင် တစ်လလောက်ပို့စ်တွေ ကွန်မန့်တွေ အကုန်ဖတ်ကြည့်ရင် သိသွားပါလိမ့်မယ်ကွယ် …

    • char too lan

      January 20, 2011 at 6:32 am

      အနော်တိနေဒယ် ဒီမမ မန်းပီးရင်တော့ ဦးကြောင်ကြီးဂွပ်ခနဲလာ မန်းတော့မယ်လို့…… ကြိုဆိုပါတယ်ဂျာ

  • အာဖျံ ကွီး

    January 20, 2011 at 6:53 am

    ဟဟဟ … ကိုကြောင်ကြီး@ကိုကြီးကြောင်တို.ကတော့ ကြောင်ပီပီ လျှင်တရ်ဗျာ။ ဟီးးးးးးး

  • ဆူး

    January 20, 2011 at 8:23 am

    နားလည်ပေးလိုက်ပါ ကြောင်ဆိုတာ လူခင်တယ်.. အိမ်မှာ ဧည့်သည်လာရင် အရင်ဆုံး ကြောင်က သွားပြီး ပွတ်တော့တာဘဲ.. ကြောင်မချစ်တဲ့ ဆူးကတော့ သူများ အိမ်သာ သွားလည်တာ ကြောင်လာပြီး ပွတ်သပ်ပြီး လာနေလို့ကတော့.. အိမ်ရှင်မသိအောင် မသိမသာလေး ကြောင် နှာခေါင်းကို တောက်လိုက်တယ်။ နာသွားတော့ လစ်ကော နောက်ထပ် မလာတော့ဘူး။ မဟုတ်ရင် ကြောင်က အိမ်ရှင်က သွားဆိုပြီး ဘယ်လောက် အော်အော် အတင်းလိုက်ကပ်တတ်တယ်။
    အားလုံး ခွင့်လွတ်နားလည်ပေးလိုက်ကြပါ။

  • nanmyat

    January 21, 2011 at 4:45 am

    မမဆူးကိုရောဦးဦးကြောင်ကြီးကိုရောကျေးဇူးတင်ပါတယ်။ နန်းမြတ်ကိုခင်ပေးလို့လေ။ဦးဦးကြောင်သမီးအသက်က၂ဝပါ။ ပြင်ဦးလွင်မှာနေပါတယ်။ရွာသားအားလုံးကကြိုဆိုတဲ့အတွက်ဝမ်းသာပါတယ်

  • bigcat

    January 21, 2011 at 6:34 am

    နန်းမြတ်လေး ကိုကြောင်နဲ့ရောပြီး ဘယ်သူ့ကိုကျေးဇူးတင်နေတာလဲ။ ကြိုပြောထားတယ်နော် ရွာထဲမှာ ဂျပိုးသူခိုးတွေ ပေါပါဘိနဲ့။ ဟိုအီးတုံးဆိုတာနဲ့လည်း သွားမရောနဲ့ သူကအရုပ်ဆိုးဆိုး အဖိုးကြီး။ ကိုကြောင်နဲ့နန်း (နန်းလို့ရင်းရင်းနှီးနှီးခေါ်မယ်နော်၊ ကို လို့ပြန်ခေါ်ပေါ့) အသက်မကွာဘူး ရှေ့နောက်ပဲ။ ရွာထဲမှာ ကွီး၊ လန် ဆိုသူတွေလဲ ရှိသေးတယ်။ သူတို့ကို နိုင်ငံတကာရဲအဖွဲ့က လိုက်ရှာနေတယ်၊ အင်တာနက်ကနေ လူတွေကို မိတ်ဆွေဖွဲ့ပြီး တဖက်နိုင်ငံကို ရောင်းစားလို့တဲ့။ နန်းသတိထားရအောင်ပြောတာ။ သဂျီးကလည်း မောင်းထုတ်တာပဲ မရဘူး။ သဂျီးဆိုတာ ဆိုက်ပိုင်ရှင်လေ။ ကိုကြောင်တို့ တခြားသွားနေစရာမရှိလို့ မြောက်ပင့် နာမည ်ပေးထားတာ။ သူကလည်းကတာပဲ အခုထိတော မကျသေးဘူး စိတ်ဓါတ်။ ရွာဦးကျောင်း ဆရာတော်အောင်ပုဆိုတာလဲ သတိထားအုံး။ သူထိုင်းမှာ ရှုပ်ခဲ့တာတွေ အခုရွာထဲတောင် သတင်းရောက်နေပြီ။

  • အာဖျံ ကွီး

    January 21, 2011 at 7:42 am

    နန်းရဲ. ဦးဦးကြောင်ကြီးကတော့ လက်လန်တရ်ဗျာ ….
    ကိုယ့်ရွာသားအချင်းချင်း ဒီလိုတွေမြှောက်ပင့်ပြောနေတော့ …. ရွာသူအသစ်လေးရှေ.မှာ … မနေတတ်တော့ဘူး … ဟီးးး

  • ဆူး

    January 21, 2011 at 1:19 pm

    ဦးကြောင်ကြီးတော့ အစ နည်းနည်း ဆွဲထုတ်တာနဲ့ ဇတ်လမ်းက စပြီ.. နှာနုကို လက်နဲ့ တောက်မိလို့လား မသိဘူး နှာခေါင်းကြီးတောင် နီလို့.. တနားပါတယ်လေ..

  • nanmyat

    January 22, 2011 at 8:02 am

    မမဆူး
    ဦးကြောင်ကဘာလို့ရွာသားတွေမကောင်းကြောင်းပဲပြောနေတာလဲ။
    သူကတော့အရမ်းတော်တယ်ထင်တယ်နော်။ဒီလိုပြောလို့ဦးကြောင်စိတ်မဆိုးနဲ့နော်။ခင်လို့မေးကြည့်တာပါ။မမဆူးကိုလည်းအရမ်းခင်တယ်။မမဆူးညီမလေးမေးတာပြောပြပေးနော်။

  • meelay

    January 22, 2011 at 10:21 am

    ဦးကြောင်ကြီးက သူများမကောင်းကြောင်း ပြောရတာ အကျင့်ပါနေလို့ပါ … သူ့အကျင့်ကို ရွာသူ/ရွာသားတွေကလဲ သိပြီးသားဆိုတော့ ခွင့်လွှတ်ပေးထားကြတယ်လေ …. ဦးကြောင်ကြီး စိတ်ချမ်းသာရင် ရွာကြီးကလဲ သာယာတယ်ဆိုတော့…. 😀 😀

  • kopauk mandalay

    January 22, 2011 at 11:43 am

    အောင်မယ်လေးဆိုတဲ့
    ရွာသူ အသစ်လေးရေ
    သူတော်ကြောင်ကို တလွဲမထင်ပါနဲ့ကွယ်။
    သူက မန်းရတာ ဝါသနာပါလို့ပါ။
    သူတော်ကြောင်က လူကောင်းလေးပါ ။
    လေးပေါက် တောင် သူကို တူတော်မလို့ ဦးစားပေးအဆင့်တစ်နဲ့စဉ်းစားနေပါတယ်.။
    ဒါပေမယ့်သူ့မှာ အကျင့်လေးတစ်ခုတော့ရှိတယ်။
    အဲဒါက………………………………..
    အဲဒါက………………………………..
    အဲဒါက………………………………..
    အဲဒါက………………………………..

  • ဆူး

    January 22, 2011 at 2:10 pm

    ဒီရွာမှာ သဘော အကောင်းဆုံးကတော့ သဂျီးပေါ့ကွယ်.. သူကို ဘယ်လို နိပ်ကွပ် နိပ်ကွက် လုံးဝ အပြုံးမပျက်ဘူး။ တခါတလေ ဗိုက်နိပ်ပြီးတောင် ထရီတယ်။ နောက်ထပ် သဘော ကောင်းတာ ဦးကြောင်ကြီး.. သူကတော့ သတ်သတ်လွတ် စားတယ်။ ကြွက်တော့ အရှေ့က ဖြတ်မပြေးမိစေနဲ့လို့ အဓိဠာန်ထားတယ်။ သဘောပေါက်ပေါ့နော်။ ဦးကြောင်ကြီးကို မနိုင်တာ သဂျီး ဘာလို့လဲ ဆိုတော့ သဂျီး တင်ထားတဲ့ အရုပ်က ကြွက်စုပ် ရုပ်ကလေး ဖြစ်နေတော့ နာမ်နိမ်သလို ဖြစ်ပြီး သဂျီး ခမျှာ ဗိုက်နိပ် ရီယုံမှ တပါး ဒုတ်အပ် ဒုတ်တဲ ဆိုပြီး သတိပေး ရတာမျိုးတောင် ရှိတယ်။ မယုံမရှိနဲ့နော်.. ရွာမှာ လူစွာ လုပ်ချင်ရင်တော့ ဦးကြောင်ကြီး ကို ချော့ပေါင်းပေါ့။ တခြားလူများ လျှို့ဝှက်ချက်ကိုတော့ နောက်မှ ဖြေးဖြေး ပြောပြမယ် ညီမ ရေ..

  • monmon

    January 23, 2011 at 3:49 am

    ရွာသားတွေအကြောင်းကို အခုမှပဲ သိရတော့တယ်… ကိုကြီးကြောင်က 20 ကျော်လို့ မထင်ရဘူးနော်…. း)

    ရွာလေးက ပျော်စရာကောင်းတယ်နော်… မွန်ကတော့ အားတိုင်းဝင်ဖတ်ဖြစ်ပါတယ်… ဒါပေမယ့် အားတဲ့အချိန်က နည်းနေတော့ စိတ်ညစ်တယ်… း(

  • naywoonni

    January 23, 2011 at 10:20 am

    အင်း ……….
    ကြောင်က အသက်နှစ်ဆယ်ကျော်ပြီလား မတွေ့ဖူးသေးဘူး
    ဒီလိုအသက်ကြီးတဲ့ ကြောင်
    တို့ဆီမှာဆို လေးငါးနှစ်သားလောက်ဆိုရင် သွားပြီ ဒယ်အိုးထဲ …..

  • ဆူး

    January 23, 2011 at 12:45 pm

    အဘနီ ပြောတဲ့ ဒယ်အိုးက ဥူးသုမင်္ဂလ ဒယ်အိုးလား။
    ဝါးတီး ဒယ်အိုးလား ရှင်းရှင်း လင်းလင်း လုပ်ပါ။
    ကြောင် နှုတ်ခမ်းမွှေးတောင် ထောင်သွားပြီ..

Leave a Reply