နေပြည်တော်ကိုသွားဖို့ ကိစ္စတစ်ခုပေါ်လာတာနဲ့ ရန်ကုန် – နေပြည်တော် ကားလမ်းသစ်ကနေ သွားလိုက်တယ်။ ထောက်ကြံ့အလွန်မှာ နေပြည်တော်လမ်းစပြီး ဂိတ်ကြေးကောက်တဲ့ဂိတ်တစ်ခုရှိပါတယ်။ မိုင်တိုင် သုညကနေစပြီး ကွန်ကရစ် အချောလမ်းပါ။ လမ်းဖြတ်ခ ကားသေးတစ်စီးကို ၅၀၀၀ ကျပ်ပေးရပါတယ်။ မနက်စောစောထသွားဖြစ်လို့ ကားပေါ်မှာ အိပ်ရက်နဲ့လိုက်သွားလိုက်တယ်။ တစ်လမ်းလုံး ကားလဲရှင်း လူလဲရှင်း ပတ်ဝန်းကျင်မှာလဲ အပင်နဲနဲကလွဲပြီး ဘာမှမတွေ့ရဘူး။ ၁၁၅ မိုင်ကိုရောက်တော့မှ ဆိုင်အနဲငယ်တွေ့ရလို့ ခဏနားပြီး မနက်စားစားလိုက်တယ်။ ပြီးတော့ နေပြည်တော်ကို ဆက်ထွက်လာခဲ့တာ မိုင် ၂၁၀ လောက်မှ နေပြည်တော်ကို ရောက်ခဲ့ပါတယ်။ ကိစ္စ၀ိစ္စတွေကို နေ့ခင်းပိုင်းမှာ လုပ်ပြီးတာနဲ့ အချိန်ပိုနေလို့ နေပြည်တော်က ဘုရားကို သွားဖူးဖြစ်ခဲ့တယ်။ ဒီဘုရားကို နိုင်ငံခြားက ဗမာတွေသာမက ဗမာပြည်က ဗမာတွေပါ ရောက်ဖူးသူနဲမှာမို့လို့ ဓါတ်ပုံတချို့ ကြိုးစားပြီး တင်ပေးလိုက်ပါတယ် ….

ဘုရားအတွင်းပိုင်း

အတွင်းအပေါ်ပိုင်း

စကျင်ကျောက်နဲ့ရုပ်လုံးဖော်လက်ရာများ

အရမ်းနေပူနေတဲ့အချိန်ပေမယ့် အရမ်းပူမနေဘူး။ ဘုရားပေါ်ကို ဓါတ်လှေကားနဲ့တက်လိုက်တယ်။ ရွှေတိဂုံဘုရားအသေးစားတစ်ခုကိုရောက်သွားသလိုပါပဲ။ ထူးခြားတာကတော့ ဘုရားဖူးမရှိသလောက်နဲ့ အလွန်အေးချမ်း တိတ်ဆိတ်နေတယ်။ ဘုရားအတွင်းထဲကို ၀င်လိုက်တော့ အေးချမ်းမှု၊ သန့်ရှင်းမှုနဲ့ ကြီးကျယ်ခန်းနားမှုတွေကို ခံစားလိုက်ရပါတယ်။ စကျင်ကျောက်ရုပ်လုံးဖော်ပန်းချီတွေကို ဘေးပတ်ပတ်လည်မှာ ခန့်ခန့်ညားညားတွေ့ရတယ်။ အချိန်သိပ်မရလို့ ခဏပဲလှည့်ပတ်ကြည့်ပြီး ပြန်ဆင်းခဲ့တယ်။ ဆင်ဖြူတော်ကို သွားကြည့်မလို့ စုံစမ်းကြည့်တော့ နေ့ခင်းအချိန် ဆင်ကျောင်းချိန်မို့လို့ ညနေ ၅ နာရီမှ တွေ့လို့ရမယ်ဆိုတာနဲ့ ဆင်ဖြူတော်ကို မကြည့်လိုက်ရပဲ ပြန်ခဲ့ရပါတယ်။

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....