နေပြည်တော် လွှတ်တော်အဆောက်အဦးထဲမှာ လှပစွာ မီးထွန်းပြသထားတဲ့ ဆွမ်းအုပ်ကြီးကလည်း အစီအမံတွေနဲ့ပါပဲတဲ့ ..

နွယ်ပင်January 17, 20111min1049

နေပြည်တော် လွှတ်တော်အဆောက်အဦးထဲမှာ လှပစွာ မီးထွန်းပြသထားတဲ့ ဆွမ်းအုပ်ကြီးကို သာမန်အနေနဲ ့ ကြည့်ရင်တော့ မျက်စိပသာဒဖြစ်မယ့် ဆွမ်းအုပ်ကြီးဆိုပြီုး သဘောကျကြမှာပါ။ နအဖတို ့ရဲ ့ လွှတ်တော်အဆောက်အဦးတွေ တည်ဆောက်ခဲ့ကြရသူတွေထဲက ပြောပြချက်အရတော့ နအဖသန်းရွှေတို ့က ဆွမ်းအုပ်ကြီးကိုလဲ ထုံးစံအတိုင်း အစီအမံတွေနဲ ့ စီရင်ပြုလုပ်ထားတာလို ့ ဆိုပါတယ်။ဆွမ်းအုပ် (စွမ်း – အုပ် = အစွမ်းအစရှိသူတွေကို အုပ်လွှမ်းထားနိုင်ဖို ့) ရည်ရွယ်ပြီး နအဖသန်းရွှေက ပြုလုပ်ထားတာလို ့ ဆိုပါတယ်။ ဒီ ဆွမ်းအုပ်ကြီးကို မီးစလောင်းအောက်တည့်တည့်မှာ နီးကပ်ဆက်စပ်နေလုနီးနီး ထားထားပါတယ်။ အစွမ်းအစရှိသူတွေကို အုပ်ထားမယ့် စီမံမှုနဲ ့ အုပ်တဲ့သဘောရှိတဲ့ စလောင်းနဲ ့ စွမ်းအုပ်ကြီးကို ပြုလုပ်ထားတာ ဖြစ်ပါတော့တယ်။

9 comments

  • လင်းဝေကျော်

    January 17, 2011 at 5:05 am

    တော်တော်ကောင်းတဲ့အဆောက်အဦ။
    ဘယ်လောက်ကုန်လို့ ဘယ်သူတွေ ဘယ်လောက်ရသွားကြပါလိမ့်။

  • etone

    January 17, 2011 at 5:09 am

    အခုထိ ယတြာကောင်းနေပုံရတယ်နော် ။

  • bigcat

    January 17, 2011 at 6:47 am

    လူထုအာဏာသိမ်းလို့ သူတို့မိသားစုပြေးစရာမြေမရှိရင် အဲဒီထဲမှာ ဝင်ပုန်းနေနိုင်အောင် အကြီးကြီးလုပ်ထားတာ။

  • cobra

    January 17, 2011 at 8:34 am

    သူ ့တို့ဆရာကဘယ်သူလဲသိချင်လိုက်တာ..
    တော်တော်ကိုစွမ်းနေတာနော်..။

  • phantom

    January 17, 2011 at 9:13 am

    ရူးပါ့ ဒါဆိုနောက် 2012 မှာကမာ္ဘပျက်မယ်ဆိုရင် မပျက်အောင် လေးဖြူရဲ့ ကမာ္ဘသစ်တေး သီချင်းကို ဆိုပြီး ကရမယ်ဆိုရင်လည်း လိုက်လုပ်ကြမှာပဲထင်တယ် နိုင်ငံခေါင်းဆောင်လုပ်နေပြီး ချိန်းဗရီးနဲ့ တိုးတက်ဦးမယ် နိုင်ငံကတော့

  • naywoonni

    January 17, 2011 at 12:49 pm

    ရှေးအစဉ်အလာမပျက်လေ ရှေးတုန်းကမင်းတွေလည်း ပုရောဟိတ် ဆိုတာထားတာပဲ သူတို့လည်း…….. 😛

  • winkyawaung

    January 17, 2011 at 3:56 pm

    ဘာတွေ ပဲ ရှုးကြောင်ကြောင်လုပ်နေပါစေ..။ မရဏ သေမင်းလက်ကတော့ မလွတ်ကြပါဘူး

  • unclegyi1974

    January 17, 2011 at 4:31 pm

    အဲဒီရူးကြောင်ကြောင်အစီအမံတွေနဲ့ပဲ
    ဒီနေ့အထိရောက်လာပြီနော်

  • လင်းငယ်

    January 17, 2011 at 6:54 pm

    တစ်ခါတစ်လေကျတော့လည်း တွေးမိတယ်။ အဲဒီလို နေရာမဟုတ်တာတွေကို နေရာလုပ်ပြီး လူတွေကို ပလက်ဖောင်းပေါ်တင်နေတာကို တွေ့တော့…အင်း..

Leave a Reply