ဘာသာရေးဖျက်ဆီးသူများ ရဲ့ NO 1 စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းက ဖွင့်ပြပြီး ကခုန်ခိုင်းတဲ့ တရုတ်သီချင်းက အဝတ်အစားတွေ ချွတ်ပြစ်လိုက်တဲ့။

နွယ်ပင်January 17, 20111min21917

ဘားအံမြို ့၊ ဇွဲကပင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၁ဝ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ ့က စပြီး ကျင်းပခဲ့တဲ့ နံပါတ် (၁) စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမှာ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက သီချင်းဖွင့်ပြပြီး မော်ဒယ်တွေကနေတာကို ပြကာ လိုက်ကခုံခိုင်းခဲ့တဲ့ပွဲမှာ အဲ့ဒီ သီချင်းက တရုတ်သီချင်းဖြစ်ပြီး Alex Du 杜德伟 သီဆိုထားတဲ့ “脫掉” “ချွတ်ပြစ်လိုက်” လို့အမည်ရတဲ့ သီချင်းဖြစ်ကြောင်း သိရှိရပါတယ်။

စာသားတွေထဲက တစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ရရင်တော့ “စည်းကမ်းတွေများနေတယ် ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက် ” နောက်ဆုံး “အပေါ်အဝတ်တွေ အောက်ခံတွေပါ ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက်” လို့ ဆိုနေတာ ဖြစ်ကြောင်းပါ။

ဒီသီချင်းရဲ့ မူရင်းသီချင်းကတော့ ဂျပန်သီချင်း アゲアゲEvery ဆိုတဲ့ DJ OZMA အဖွဲ့ရဲ့သီချင်းဖြစ်ပြီး ၂၀၀၆မှာ အင်မတန် ရေပန်းစားခဲ့ပါတယ်..။ နှစ်စဉ် ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးညတိုင်း မှာ ထုတ်လွှင့်ပြီး ဂျပန်တနိုင်ငံလုံးက ကြည့်ရှု့အားပေးကြတဲ့ NHK CHANNEL ရုပ်သံလိုင်းရဲ့ ၂၀၀၆ နှစ်သစ်ကူး နယူးရီးယား အကြိုညမှာ တခြားနာမည်ကြီး အဆိုတော်အဖွဲ့များနဲ့အတူ NHK က Live Show ထုတ်လွှင့် ပြသခဲ့ပါတယ်။ DJ OZMAအဖွဲ့မှ အဆိုပါ アゲアゲEvery သီချင်းနဲ့ သီဆိုကပြရင်း နောက်ဆုံး သီချင်းအပိတ်မှာ ယင်းအဖွဲ့ရဲ့ အမျိုးသားရော အမျိုးသမီးတွေပါမကျန် အပေါ်အဝတ်အစားတွေ အကုန်ချွတ်လိုက်လို့ နောက်တစ်နေ့ ၂၀၀ရခုနှစ် နှစ်သစ်ကူးမနက် ဂျပန် သတင်းစာတွေမှာ အဆိုပါနေ့က သတင်းဓာတ်ပုံများ အကြီးအကျယ် ဖော်ပြပါရှိခဲ့ပါတယ်။ သတင်းနဲ့ ဝတ်စားဆင်ယင်မှုမှာ တခြား Channel များနဲ့မတူ အင်မတန်မှ စည်းကမ်းကြီးတဲ့ ဂျပန်အစိုးရရဲ့ NHK ရုပ်သံဋ္ဌာနနဲ့ အဆိုပါနေ့က DJ OZMAအဖွဲ့ အဆိုတော်များရဲ့ လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး တော်တော် ပြသနာတက်ခဲ့ရပါတယ်။ အဆိုပါ DJ OZMA အဖွဲ့မှလည်း ပြန်လည် ဖြေရှင်းမှုတွေ တော်တော် လုပ်လိုက်ရပါတယ် ။

အဆိုပါ ချွတ်ပစ်လိုက်လို့ အဓိပ္ပါယ်ရတဲ့ ဂျပန်/တရုတ်သီချင်းအား ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်မှာ နအဖက လူကြီးဆိုတဲ့သူတွေ တက်ရောက်ပြီး ကြီးကြပ်ဖွင့်လှစ်ပေးတဲ့ နေရာက အရေခြုံ ရဟန်းတစ်ပါးရဲ့ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်း မှာ သက်ကြီးရွယ်အိုတွေပါမကျန် မရှက်မကြောက် ကခုန်နေတာ မြင်တွေ့ကြရမှာပါ။
တိုင်းပြည်ရဲ့ သာသနာတော်ကတော့ အားလုံးသိပြီးတဲ့ အတိုင်း အင်မတန်မှ ကြောက်မက်ဖွယ်ရာ ဓမ္မန္တရာယ်နဲ့ ကြုံတွေ့နေရပါပြီ။ အခုလဲ သာသနာ့ အရေခြုံ အတုအယောင်က စိတ်ဓာတ်မြှင့်တင်ရေးဆိုပြီး သာသနာတော်ကို ဖျက်ဆီးနေပြန်ပါပြီ။

http://www.ngunngemoe.net/feeds/posts/default

17 comments

  • maungmoenyo

    January 17, 2011 at 3:50 am

    အံ့ဩပါရဲ့…။

  • လင်းဝေကျော်

    January 17, 2011 at 5:09 am

    ချွတ်ခိုင်းတာမှန်းသိရင်တော်တော်စိတ်ဆိုးကြမှာ။
    သူတို့က ချွတ်ချင်တာမဟုတ်ဘူးလေ

  • darkoosky

    January 17, 2011 at 7:38 am

    နံပါတ်ဝမ်းကို ဖွင့်လှစ်ဦးဆောင်နေတဲ့ ရဟန်းဟာ အတုအယောင်မဟုတ်ပါဘူး.. တရားကိုတကယ်အားထုတ်ခဲ့တဲ့ရဟန်းပါ ပျဉ်းမနားကပါ သဲအင်းဂူဆရာတော်ဘုရားရဲ့တရားတော်တွေကို သင်ကြားပြသပေးတဲ့သူပါ.. ဒီသင်တန်းကိုဖွင့်တဲ့သူရဲ့ရည်ရွယ်ချက်က ဘုရားတစ်ဆူတည်ဆောက်နိုင်ဖို့ကြိုးစားနေတဲ့ ရဟန်းတပါးဖြစ်ပါတယ်။ သင်တန်းမှာကနေကြတဲ့အချိန်ဟာ သင်တန်းသားတွေ စိတ်ဓါတ်အားပြန်လည်ဖြည့်တင်းပေးတာဖြစ်ပါတယ်..ဘုရားရဲ့တရားတော်တိုင်းဆိုရင် တော့ မကိုက်ညီပါဘူး.. ဆရာတော်ရဲ့သင်တန်းတစတစအောင်မြင်လာတဲ့အခါမှာတော့ ဆရာတော်ရဲ့ဘေးမှာ နေကြတဲ့ သူတွေက လောဘတက်လာတယ် ..ငွေတွေဖြောင်လာတယ်.. ကျနော်သိထားတာက တော့ ယခုဆရာတော်ဟာ သာမညတော့ မဟုတ်ပါဘူး.. ဝိပသာနာတရားတော်ကို ကောင်းကောင်းနားလည်သူပါ.. ဒီနေရာမှာ တစ်ခုခုတော့မှားနေပြီလိုကျနော် ထင်ပါတယ်.. ဒီသင်တန်းဖွင့်နေတာကြာပါပြီး အခုမှာ သတင်းတွေ ဖြစ်နေပါတယ်.. ပြထားတဲ့ ဗီဒီယိုကလည်း လိုချင်တာကို ဖြတ်ပြီးပြထားသလို.. ရိုက်ထားတဲ့သူကလည်း သူတို့ထဲကတစ်ဦးဖြစ်နိုင်ပါတယ်..ဆရာတော်ကသာသနာတော်ပြန်ပွားရေးအတွက် သူနည်းသူဟန်နဲလုပ်ပုံရပါတယ်.. ဒါကျနော်သိသလောက် မျှဝေတာပါ..

    • etone

      January 17, 2011 at 8:54 am

      ဟေ့… အဲ့ဒီသံဃာတော်မှာ တရားအားထုတ်ဖို့ရော အချိန်ရှိရဲ့လား။

    • bigcat

      January 18, 2011 at 1:51 am

      အခုလို ဝေမျှတာကို ကျေးဇူးတင်ပါတယ်။ ဆရာတော်က သဲအင်းဂူတပည့်ဆိုလို့ ပိုပြီးစိတ်ဝင်စားပါတယ်။ သူ့အကြောင်းသိရင် ပို့စ်ဖြစ်ဖြစ် အင်တာဗျူးဖြစ်ဖြစ် တင်ပေးပါလား။ ကျနော်က လက်လှမ်းမမှီတဲ့ နေရာကို ရောက်နေလို့ပါ။

  • phantom

    January 17, 2011 at 9:14 am

    ရဟန်းနဲ့ မဆိုင် ဘာတွေ လျှောက်လုပ်နေမှန်းကို မသိဘူး

  • kai

    January 17, 2011 at 9:33 am

    အောက်ကစာတွေကို .. ကိုမိုးသီးဇွန်ဘလော့ကကူးယူပါတယ်..။
    ရွာသားတွေ အသိအမြင်တခုရစေလိုရင်း ဆန္ဒသာဖြစ်ပါကြောင်းနဲ့.. မှန်၏မမှန်၏ လက်ခံမခံ ကိုယ်တိုင်အတွေးအမြင်နဲ့ .. သုံးသတ်ကြရန်သာဖြစ်ပါကြောင်း..။

    =========================================
    မကောင်း ဗြဲမခေါင်းချ

    မိတ်ဆွေများ

    ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီးဆိုပြီး ဆွေနိုင်ဘလော့ဂ်မှာ စပါလာပြီးတဲ့နောက် ဒီမိုကရေစီ ဖက်တော်သား အချို့တွေရဲ့ ဆွေးနွေးချက်တွေ၊ အမြင်တွေကို အကဲခတ်နေခဲ့ပါတယ်။

    ကျနော်တို့မှာ မသိဖါသာဖြစ်ဖြစ် တမင်ဖြစ်ဖြစ် စွဲသိမ်းထားတဲ့ လူမျိုးရေး၊ ဘာသာရေး အစွန်းစိတ်လေးတွေကို မှန်မှန် ကန်ကန်ဖြစ်အောင် မပြုပြင်နိုင်ဘူးဆိုရင် ၂၁ရာစုမှာ ခေတ်မှီတိုးတက် တန်းတူညီမျှ တရားမျှတတဲ့ ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးဆိုတာ ကျနော်တို့အတွက် ဘုန်းကြီးနှင့် ဘီးလို ဝေးနေအုန်းမယ်လို့ ထင်ပါတယ်။

    ဗီဒီယိုသတင်းက ၂၀၁ဝ ဒီဇင်္ဘာ(၇)ရက်နေ့ ဘားအံမြို့ ဇွဲကပင်ခမ်းမမှာ တပ်မမှူး အပါအဝင် အာဏာပိုင်တွေ တက်တဲ့ ဆရာတော်အရှင် Eiddidpala ဦးစီးတဲ့ နံပါတ်(၁) စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းဆင်းပွဲပါ။ (http://swenaing.blogspot.com/2011/01/blog-post_6331.html)မှာ ကြည့်နိုင်ပါတယ်။ အဲဒီဘုန်းကြီးကို ကုလားဘုန်းကြီးလို့ ဆွေနိုင်ဘလော့ဂ်က စတင်အမည်တပ်လိုက်ပြီးနောက် မွတ်စလင်ကုလားတွေ မဟာဗျူဟာအရ ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့လုပ်နေတာ ကာကွယ်ရမယ်စသဖြင့် လူမျိုးချင်း မုန်းတီးစိတ်တွေကို နှိုးဆွပေးတာမျိုးကိုလည်း တွေ့လာရတယ်။ ကုလားဖြစ်တယ် ဆိုရင်လည်း ခြေမ မကောင်း၊ ခြေမပေါ့။ ကုလားဘုန်းကြီးတစ်ယောက် မကောင်းတာကြောင့် ကုလားတွေအားလုံးကို ရောကြိတ်လိုက်မဟေ့ဆိုတဲ့ လူမျိုးချင်း ခွဲခြားနှိမ့်ချလိုစိတ်(Racial Discriminatory Stereotyping)နှင့် မသိချင်ယောင်ဆောင် ရေးကြ၊ ဖြန့်ကြတာဆိုရင် လိပ်ပြာသန့်ကြပါရဲ့လားလို့ မေးရပါမယ်။ ကျင့်ဝတ်သိက္ခာကြီး၊ တန်ခိုးကြီး၊ သာသနာပြု ထိပ်ထိပ်ကြဲ ကုလားဆရာတော်တွေလည်း ရှိနေ ကိုးကွယ်နေကြတာဘဲ မဟုတ်လား။ ဗုဒ္ဓဘာသာသည် လူမျိုးတိုင်း လူသားတိုင်းအတွက် မဟုတ်ဘူးလား။

    မိတ်ဆွေများ

    ဒီနေရာမှာ မထိတထိနှင့် ဝေ့ဝိုက်မနေတော့ဘဲ၊ တည့်တည့် ဆွေးနွေးလိုက်ချင်ပါတယ်။ လူကြီးလူကောင်းစိတ်ဓါတ်နှင့် ယဉ်ကျေးစွာ(Civilised Manner)နှင့် ပြန်လှန်ဆွေးနွေးမှုတွေကို လေးစားစွာ ကြိုဆိုပါတယ်။

    ကိုလိုနီစနစ် ဆိုးမွေကြောင့် ကျနော်တို့ အဖွါးတွေ၊ ဘေးမကြီးတွေက တိုင်းတပါးက ဝင်လာသူတွေနှင့် အိမ်ထောင်ကြပြီး ကျနော်တို့ကို မွေးလာတာ ကျနော်၊ ကျမတို့ အပြစ်လားလို့ ပထမဦးစွာ မေးချင်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ကျုပ်တို့ရဲ့ ဖွားအေတွေ၊ ဘေးမကြီးတွေကို တိုင်းတပါးသားတွေနှင့် လက်ထပ်ရကောင်းလားလို့ အပြစ်တင်ချင် တင်နိုင်တယ် ဆိုအုန်းတော့ ဘာမသိ၊ ညာမသိနှင့် သူတို့ မွေးလာလို့ လူဖြစ်လာတဲ့ ကျုပ်တို့ကို ဘာပုဒ်မနှင့် အပြစ်တင်နိုင်ပါသလဲ။ ဘယ်လူ့ကျင့်ဝတ်ဆိုင်ရာ ဥပဒေ(Civilized Laws)တွေနှင့် နှိမ့်ချခွဲခြား ဆက်ဆံနိုင်ပါသလဲ။ တစ်ကယ်တော့ စောစော ကျွန်ဖြစ်တဲ့ အိန္ဒိယက ခိုင်းကောင်းအောင် ကျင့်ထားတဲ့ အိန္ဒိယတိုက်နယ်သား အလုပ်သမားတွေ၊ လယ်သမားတွေကို နောက်ကျကျွန်ဖြစ်တဲ့ မြန်မာပြည်ထဲ အလုံးအရင်းနှင့် သွင်းခဲ့တဲ့ ကိုလိုနီစနစ်ကို အဓိက တရားခံအဖြစ် မမြင်နိုင်ဘဲ ကိုလိုနီစနစ်ရဲ့ ခွဲခြားအုပ်ချုပ်ခြင်း(Divide and Rule)ကို အခုလို ၂၁ရာစုမှာ တခြိုက်မက်မက် ဖက်တွယ်ထားပြီး အချင်းချင်း ပြန်ချနေခြင်းကို သာယာနေခြင်းကလည်း မောဟတစ်မျိုးပါဘဲ။

    ကုလားဆိုပြီး အမုန်းခံ၊ အနှိမ်ခံနေရတဲ့ မြန်မာမွတ်စလင်တွေဟာ တိုင်းရင်းသား မိတ်ဆွေများနှင့် သွေးသားတော်စပ်သူ မောင်နှမ ဝမ်းကွဲများဖြစ်တာကို ဘယ်သူများ ငြင်းနိုင်ပါသလဲ။ သွေးမစပ်ပါဘူးလို့ ငြင်းချင်သူများအနေနှင့် မိမိခန္ဓာကိုယ်က သွေးတွေကို ကုန်အောင် ဖေါက်ထုပ်လိုက်ကြဖို့ တစ်နည်းဘဲ ရှိတာကိုလည်း သိစေချင်ပါတယ်။ သူတို့တွေကို မနေ့တစ်နေ့ကမှ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားများလို ဆက်ဆံသင့်ပါရဲ့လား။ ဆက်ဆံခွင့်ကော ရှိပါသလား။ မျက်စေ့ စုန်မှိတ်ငြင်းရင် ဘာမှ မမြင်နိုင်တာမို့ အကန်းနှင့် အတူတူပါဘဲ။ အမြင်ကျယ်ကြဖို့ လိုပါပြီ။

    ကရင်ကိုလည်း ကရင်မို့နှိမ်၊ ရခိုင်၊ ချင်း၊ ရှမ်း၊ မွန်၊ ကယား၊ ကချင်ဆိုလည်း နည်းမျိုးစုံနှင့် နှိမ်၊ ဒီကြားထဲက ကိုယ့်ဆွေမျိုး သွေးသားတော်စပ်တွေကိုလည်း ကပြားဖြစ်လို့နှိမ်၊ အနှိမ်ခံရသူတွေကလည်း အနှိမ်မခံရအောင် ပြန်ချကြနှင့် လွတ်လပ်ရေးသာ ရလိုက်တယ်။ ဘယ်တုန်းကမှ တိုင်းပြည် တည်ငြိမ် တိုးတက် အေးချမ်းအောင်လုပ်ဖို့ အချိန်မရှိခဲ့ပါဘူး။ ဒီလိုပုံမျိုးနှင့်ဆိုရင် လောကပါလတရားတွေ ကြီးစိုးပြီး သမမျှတ တိုးတက်တဲ့ ပြည်ထောင်စု နိုင်ငံတော်တည်ထောင်ဖို့က ရွှေပြည်တော် မျှော်တိုင်းဝေးနှင့် ဒုံရင်း ဒုံရင်း ဖြစ်နေအုန်းမှာပါ။

    အနှစ်ငါးဆယ်ကျော် ကျုပ်တို့ အချင်းချင်းချနေတာကြောင့် တတိုင်းပြည်လုံး စုတ်ပြတ်နေပြီး တစ်ချိန်က ကိုယ့်ထက်နိမ့်ကျခဲ့တဲ့ အိမ်နီးနားချင်း နိုင်ငံဟူသမျှမှာ ကျုပ်တို့ရဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ လူညွန့်တုန်း၊ ဘဝပျက်၊ ကျွန်ခံနေရတာကို သင်ခန်းစာ မယူနိုင်သေးဘဲ၊ နအဖအလိုကျ အချင်းချင်း ချလို့ကို မဝနိုင်တဲ့ လူတစ်ချို့ ဒီမိုကရေစီအုပ်စုတွေထဲမှာ ရှင်သန်နေတာ အံ့ဩစရာပေဘဲ။

    တစ်ယောက်ခြေ တစ်ယောက်ဆွဲ၊ တစ်ယောက်လမ်း တစ်ယောက်ပိတ်နှင့် အပြုထက် အဖျက်ကများ၊ တိုင်းပြည်အရင်းအမြစ်(Recourses)တွေ အဟောသိကံအဖြစ်ခံပြီး စစ်အာဏာရှင် သက်ဆိုးရှည်ရေးနှင့် ပြည်ထောင်စု အကျိုးစီးပွါး ပျက်စီးရေးကိုဘဲ ဆက်သွားကြမလား။

    ကိုယ့်နိုင်ငံသားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းကြားမှာ တန်းတူရေး၊ တရားမျှတရေးနှင့် လွတ်လပ်စွာပြိုင်ဆိုင်မှုကို အားပေးခြင်းဖြင့် အိမ်နီးချင်း နိုင်ငံတွေသာမက ကမ္ဘာနှင့် ယှဉ်နိုင်အောင် ကြိုးစားကြမလား။

    အောင်တင်
    ဇန္နဝါရီ ၁၅၊ ၂၀၁၀

  • saund

    January 17, 2011 at 7:54 pm

    ရဟန်းဆိုတာ သီလယူရပါတယ်။ သီလထဲမှာ ကခုန် တီးမှုတ် အပျော်အပါး ရှောင်ပါမယ် ဆိုတဲ့ သီလ ပါပါတယ်။

    အခု ဦးဆောင်နေတာ ရဟန်း ဘုရားသားတော် ဗုဒ္ဒဘာသာစစ်စစ် ဟုတ်ရင် ဒါမျိုးမလုပ်ပါဘူး။

  • saund

    January 17, 2011 at 7:55 pm

    စိတ်ဓါတ်မြှင့်တင်ပေးဖို ့တရားထိုင်မယ်။ လုပ်အားပေးမယ် စာသင်ပေးမယ် ဆိုရင် ကြည်ညို ကြမှာပါ။ အခုတော့အကသင်တန်းကို ဦးစီးရတယ် လို ့ဒါ ဗုဒဘာသာဝင်ရဟန်းအလုပ်မဟုတ်ပါ

  • အောင်တင်သို့။
    မထိတထိနှင့် ဝေ့ဝိုက်ပြီး မပြောပါဘူး။ တစ်ယောက်လမ်း တစ်ယောက်မပိတ် ပါဘူး။ ကုလားဘုန်းကြီး ဆိုတဲ့အပြောတစ်ခုကိုသာ ခင်ဗျားတို့ ဇာချဲ့ပြီး လူမျိုးရေးတွေဘာတွေ ပေါက်ကရ လေးဆယ်လျှောက်ပြောနေတာ။ လူတွေ ဝေဖန်တာက ဘုန်းကြီးရဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဘာနဲ့တူသလဲဆိုတော့ လမ်းလယ်ခေါင် ရှူးရှူးပေါက်သလိုဖြစ်နေလို့ပါ။

  • bigcat

    January 18, 2011 at 1:58 am

    ကိုခိုင် ကိုမိုးသီးဘလော့ကနေ တဆင့်ကူးရေးလိုက်တာကို အရမ်းသဘောတူပါတယ်။ ကျနော်လည်း စစ်တပ်ကိုမုန်းပါတယ်။ သင်တန်းရဲ့ စစ်တပ်နဲ့ နီးစပ်မှုကိုလည်း မနှစ်သက်ပါ။ ဒါပေမဲ့ ဒါအတွက်နဲ့တော့ အရမ်းကာရော ဝေဖန်နေတာတွေကို ကန့်ကွက်ပါတယ်။ အပေါ်မှာ ဒါကူးစကီးဆိုသူ ပြောသလို သင်တန်းဖွင့်လာတာ ကြာနေပြီ အခုမှ သတင်းဖြစ်တာကို မမေ့ကြပါနဲ့။ ကျနော်ရှေ့နေလိုက်နေခြင်း မဟုတ်ပါ၊ ပြည့်ပြည့်စုံစုံ မသိသေးခင်မှာ အရမ်းကာရော စွပ်စွဲပုတ်ခတ်ကြမယ်ဆိုရင် အကျိုးထက် အပြစ်ဖြစ်ဖို့များပါတယ်။ ဗုဒ္ဓမြတ်စွာ ကုလားပြည်မှာ ပွင့်ခဲ့တာကို မမေ့ကြပါနဲ့။

  • darkoosky

    January 18, 2011 at 7:57 am

    ဟာ..ဘာတွေဖြစ်ကုန်ပြီလဲ ရှုပ်ကုန်ပြီ

  • etone

    January 18, 2011 at 8:12 am

    ဖတ်ပြီး ဘဝင်မကျတာကလည်း အမြင်မတော်လုပ်ရပ်တွေကြောင့်ဖြစ်ရတာပါ … အဲ့ဒီလို လုပ်ရပ်တွေအပေါ် ဝေဖန်တဲ့အခါမှာတော့ လူမျိုးရေးတွေပါ ဆွဲတွေးကုန်ကြတာပါ …။ ကိုယ့်လုပ်ရပ်က ဘယ်လို အကျိုးသွားတွေဖြစ်ထွန်းစေတယ်ဆိုတာ ကာယကံရှင် ပြုလုပ်သူက သတိထားမိရင် သိပ်ကောင်းမှာပါပဲ ။
    ( ဘယ်လိုမှ နားမလည်နိုင်တဲ့ အနေထားမျိုးမို့ ဝင်ရေးသွားသည် )

  • နွယ်ပင်

    January 18, 2011 at 8:24 am

    အမှန်က ဒီပို့စ်ကိုတင်တာက လူမျိုးရေးတွေဘာတွေမပါသလို ကုလားဘုန်းကြီးဆိုပြီးလဲ မသုံးနုန်းထားပါဘူး ဘုန်းကြီး တစ်ပါးဖြစ်ရဲ့သားနဲ့ ဒီလိုလုပ်ရပ်လုပ်တာကို သိပ်ပြီးဘဝင်မကျလို့ပါ . သာသနာတော်ပြန်ပွားရေးအတွက် ဆရာတော်က သူနည်းသူ့ဟန်နဲ့ လုပ်တယ်ဆိုရင်လဲ ဒီလို အကသင်တန်းကိုတော့ မလုပ်ခိုင်းသင့်ဘူးလို့ထင်ပါတယ် .ဆရာတော်ကိုယ်တိုင် ဝင်မကတာကတော့မှန်ပါရဲ့ ဒါပေမဲ့ ဒီသင်တန်းကိုသင်ပေးတာက ဆရာတော် တစ်ပါးဖြစ်နေတယ်လေ ။ ဒါပေမင့် လူတစ်ကိုယ် အမြင်တစ်မျိုးမို့ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ် ….

  • R Ga

    January 18, 2011 at 11:22 am

    လူထွက်ပြီးတော့ လုပ်ချင်တာလုပ် ဘာမှ မပြောဘူးဟေ့………..။ သင်္ကန်းဝတ်ပြီးတော့ ဘာမှ မဟုတ်တာမလုပ်နဲ့…။ ကုန်ကုန်ပြောမယ် သင်္ကန်ဝတ်ပြီး ဗေဒင်ဟောတဲ့ ဘုန်းကြီး ၊ သင်္ကန်းဝတ်ပြီး ပိုက်ဆံတောင်းတဲ့ ဘုန်းကြီး၊ သင်္ကန်ဝတ်ပြီး..ချဲဂဏန်းပေးတဲ့ ဘုန်းကြီး…။ သင်္ကန်းဝတ်ပြီး..ညစာစားတဲ့ဘုန်းကြီး ဘယ်ဘုန်းကြီး မှ ဘုန်းကြီးလို့ မသတ်မှတ်ပါဘူး။..ဒီလူတွေကို သာသနာဖျက်လို့ပဲ သတ်မှတ်တယ်။ တစ်ခြားဘာသာတွေ ဗုဒ္ဓ ဘာသာကို လက်ညိုးထိုး အပြစ်ပြောခံရမယ် လုပ်ရပ်မျိုးလုပ်တဲ့ မည်သည့် အယောင်ဆောင်ကိုမှ လက်မခံပါ။ နောက်တစ်ယောက်ရှိသေးတယ်။ မင်းသားကျော်ဟိန်း… သူရဲ့ မတတ်တခေါက် အသိစိတ်ကူးတွေနဲ့ တရားတွေဟောပြီး..ဘာသာကိုအယူလွဲအောင်လုပ်နေတာတွေ၊ နာမည်ကြီးအောင်လုပ်နေတာတွေအားလုံး ဆန်ကျင်တယ်။

  • ဆူး

    January 18, 2011 at 1:09 pm

    ဦးအာဂ လို ရဲရဲတောင် သာသနာ ပေါ် တွေးတဲ့ စိတ်မျိုးကို လေးစားပါတယ်။ ကောက်ညှင်းထဲ ကြွက်ချေး ရောသလိုမျိုးတွေက ဖယ်ထုတ်လည်းခက်.. မဖယ်ဘဲ ကြည်ကြည်ဖြူဖြူ လက်ခံ ကြည့်နေတဲ့ သူတွေက များလား.. ဦးအာဂ လို စိတ်မျိုး ရှိတဲ့ လူတွေ များလာရင်တော့.. ပိုပြီး အရောင်လက်လာလိမ့်မယ်။

  • koyinmaung

    January 19, 2011 at 4:44 am

    မှန်လိုက်တာကိုအာဂရယ် အကလေ့ကျင့်ခန်းပါတဲ့ဒီသင်တန်းကိုသာမန်လူကပေးယင်ဘာမှပြောစရာမရှိပါဘူး ခုတော့ဗျာဘုန်းကြီးဝတ်ကြီးနဲ့ ………

Leave a Reply