လိမ်ညာပြီး အီးမေးလ် စကားဝှက်တောင်းခြင်း

လင်းဝေJanuary 17, 20112min11711
ဒီစာကိုတွေ့တွေ့ချင်း ယုံမိတော့မလို့

from

Customer Service Dept. <gcustomerdpt@gmail.com>
to
date Mon, Jan 17, 2011 at 8:03 AM
subject Account Warning!
This is a Vital Update/Information coming from Google Control Unit Department.We will be upgrading our Security Control Unit for 2011.We are appealing to all our free and premium Account Users.We are deleting all inactive accountS to create more spaces for new account.Participate in the Verification process so that Our staff can upgrade your Account Automatically.

Email ID: ………………………….

Password: ……………………….

Country or Territory: ……………

Warning !!
Failure to participate in this Verification Process,We will not be held responsible incase you loose your vital Information due to Virus/Trojan Attack.

Sincerely,
Copyright © 2011 Google Inc.
All Rights Reserved.

11 comments

  • bigcat

    January 17, 2011 at 6:38 am

    ကျနော်ဆို တခါတုန်းက ကိုယ်အကောင့်ဖွင့်ထားတဲ့ bank of america ရဲ့အီးမေးလ်လိပ်စာ xxx@bankofmerica.com နဲ့ မေးထဲမှာ ဘဏ်ရဲ့လိုဂိုတပုံစံထဲနဲ့ password အတောင်းခံရဖူးတယ်။ ပေးမိတော့မလို့။ အရင်တုံးကလည်း ဒီလိုမျိုးတွေကြုံဖူးပေမဲ့ ဝင်လာတဲ့ အီးမေးလ်ရဲ့ ဒိုမိန်းလိပ်စာကို ကြည့်လိုက်တာနဲ့ အများသုံးဒိုမိန်းလိပ်စာမှန်းသိတယ်။ သတိပြုဖို့က password လိုမျိုး ကိုယ်ရေးကိုယ်တာ အချက်အလက်မျိုးကို ဘယ်လိုပုံစံမျိုးနဲ့ပဲလာလာ ယောင်ပြီးမပေးလိုက်ဖို့ပါ။ အဖမ်းခံရလို ရဲကတောင်းရင်တော့ တမျိုးပေါ့လေ။ မြန်မာပြည်မှာလည်း အွန်လိုင်းငွေချေတဲ့စနစ်တွေ လုပ်နေပြီဆိုတာ အခုလိုမျိုး အင်တာနက်ရာဇဝတ်မှုတွေ ကြီးထွားလာပါတော့မယ်။ ဒီတော့ ကိုယ့်ဘဏ်ကတ်၊ ခရက်ဒစ်ကတ်တွေမှာ ပေးထားတဲ့ security features တွေ ဥပမာ withdrawal alert, spending alert လိုမျိုးတွေကို အွန်လိုင်းအကောင့်ဖွင့်စဉ်မှာ on ထားလိုက်ကြပါ။

  • etone

    January 17, 2011 at 8:01 am

    ဟုတ်ပါတယ် … အလိမ်ညာနဲ့တောင်းတာ တစ်မျိုးစီပဲ မရိုးနိုင်အောင်ပါပဲ ။
    တစ်ခါတစ်လေ အလုပ်ရတယ် personal details တွေပေးပါ ဘာညာလည်း ပါသေး ။ ပိုက်ဆံလွဲမယ် လက်ခံဖို့ ဘာညာတွေပို့ပါလည်း ပါသေးတယ်.. လုံးဝကို မရိုးရဘူး ။ ယုံလွယ်ရင်တော့ ကိုယ့်ဆီက ပါသွားမှာပဲ ။

  • intro

    January 17, 2011 at 9:17 am

    သိတ်အယုံမလွယ်ကြနဲ့ဗျို့…. ဘာပဲပြောပြော password ဆိုတာလဲ အသက်လောက် အရေးကြီးနေတော့ လွယ်လွယ်ကူကူ မပေးလိုက်ဖို့ လိုတယ်ဗျ

  • kai

    January 17, 2011 at 9:25 am

    အဲဒီမှာပြောချင်တာက..
    တကယ်ဆိုဘဏ်ကဝက်ဘ်ဆိုက်ဖြစ်ဖြစ်.. ဈေးရောင်းဈေးဝယ်လုပ်တဲ့ဝက်ဘ်ဆိုက်ဖြစ်ဖြစ်… Hypertext Transfer Protocol Secure (HTTPS) ဆိုတာရှိရတယ်..။
    နောက်ပိုင်း ဘရောက်ဆာတွေ(ie, FireFox)ဟာ .. ဝက်ဘ်ဆိုက်လိပ်စာနဲ့ အာမခံဝယ်ထားတဲ့ Secure Sockets Layer (SSL) certificate မကိုက်ရင် .. အနီအမှတ်အသားပြပါတယ်..။ Warning ပေးပါတယ်..။
    သဘောက .. အဲဒီဝက်ဘ်ဆိုက်ကို ကြည့်ရင်.. ဒေတာပို ့ရင် အင်တာနက်ကတဆင့်ဖြတ်သန်းသွားမဲ့ဒေတာတွေ စိတ်မချရပါဘူးပေါ့..။
    အဲဒီလိုဖြစ်နေရင် .. အဲဒီဝက်ဘ်ဆိုက်ကို မဝင်ဖို့ပါပဲ..။

    ဗဟုသုတရအောင် .. https://www.bankofamerica.com/
    ကြည့်ပါ..။
    ဖိုင်းယားဖေါက်စ်ဆိုရင် ..ညာဖက်အောက်ထောင့်မှာ သော့ကလေးပေါ်လာပါလိမ့်မယ်..။
    အဲဒီသော့ကလေး ..ကလစ်လုပ်ပြီး .. ဆာတီဖကိတ်ကို ဘယ်သူ့ပေးထားသလဲ စစ်နိုင်ပါတယ်..။
    အဲဒီဆာတီဖကိတ်ဟာ ။ဒေတာတွေ .. Encrypt လုပ်ပြီးမှပို ့နေတာကိုလည်း ပြနေတာဖြစ်ပြီး.. တကယ်လို့ အဲတာတောင်ကြားထဲက ဒတောဖြတ်ယူအလိမ်ခံရရင်..အာမခံငွေ သိန်းချီလျှော်မယ်ဆိုတဲ့ ကတိစာချုပ်လည်းဖြစ်ပါတယ်..။

  • naywoonni

    January 17, 2011 at 10:28 am

    အဲဒိလို password တောင်တာမျိုးတော့ မတွေ့ဘူးသေးဘူးဗျို့ ။ ဘာမှလည်း ရမှာမဟုတ်ဘူးဆိုတာ သိနေလို့နဲ့တူရဲ့ 😛

  • Gipsy

    January 17, 2011 at 10:30 am

    မသိလို့ပါနော်….ခုပြောနေကြတဲ့..password..ကိစ္စက..ကျူပ်တို့..မြန်မာပြည်နဲ့များ
    ပတ်သက်မှုရှိနေပါသလား..?

  • phantom

    January 17, 2011 at 11:08 am

    password တောင်းတာမျိုးတော့ မကြုံဖူးပေမယ့် တစ်ခါက သူငယ်ချင်းတစ်ယောက် အွန်လိုင်းထီပေါက်လို့ဆိုပြီး မေးရောက်လာတယ် ပို့ပေးမယ့်ပိုက်ဆံက များပေမယ့် ပိုက်ဆံက မမြင်ရသေးဘူး ပိုက်ဆံထုတ်ဖို့ ဘဏ်အကောင့် လှမ်းတောင်းတာမျိုးကြုံဖူးတယ် သတိတော့ ထားမှရတယ် လူတွေရဲ့ လောဘကို အသုံးချပြီးလိမ်တာ ဖုန်းဆက်ပြီး ဒီဖုန်းနံပါတ်ပိုင်ရှင်က ထီပေါက်လို့ ပိုက်ဆံဘယ်လောက် သွင်းရမယ်ဆိုတာမျိုးပေါ့

  • ဆူး

    January 17, 2011 at 11:22 am

    ဘဏ် အကောင့် နံပါတ် လှမ်းတောင်းလို့ ပေးမိရင် ဘာဖြစ်နိုင်လဲဟင်.. ဘဏ်အကောင့်က ကိုယ်က ငွေပးငွေယူ စေခိုင်းရတာ မဟုတ်ဘူးလားဟင်.. အဲဒါတွေ သိပ်နားမလည်လို့.. ဆက်ရှင်းပါအုန်း

  • weiwei

    January 17, 2011 at 12:05 pm

    အဲဒီလို မေးလ်မျိုး ၂ ခါတိတိရဖူးတယ် … ဂျီမေးလ်အကောင့်ကလဲ လုပ်ထားတာ ၁ဝ နှစ်နီးပါးရှိပြီဆိုတော့ တကယ်များလားလို့ လန့်သွားသေးတယ် .. ဒါပေမယ့် မပေးလိုက်ပါဘူး … ပြီးခဲံတဲ့ တစ်ပတ်လောက်က တစ်ခါရသေးတယ် …
    ဘဏ်အကောင့်ဆိုတာက အွန်လိုင်းစနစ်ကိုပြောတာပါ … အွန်လိုင်းကနေဈေးဝယ်ရင် ဘဏ်ကတ်နဲ့ password နဲ့ သုံးပြီး ဝယ်တာဆိုတော့ .. password သိသွားရင် ခိုးသုံးလို့ရတာပေါ့ … credit card သုံးတဲ့သူတွေဆို ကိုယ်မသုံးဘဲ အကြွေးတွေ အများကြီး တင်သွားတာမျိုးတွေဖြစ်တတ်တယ် …

    လောလောဆယ်တော့ ဗမာပြည်မှာ စိတ်ပူစရာမလိုသေးဘူး …

  • လင်းငယ်

    January 17, 2011 at 6:46 pm

    ဒါက ဖြစ်တတ်နေပါပြီ။ အထူးသဖြင့် ပြောရရင် နည်းပညာတွေ မြင့်မားလာတော့ လိမ်လည်မူတွေက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဘယ်စကားဝှက်ကိုမဆို ဝေမျှဖို့ မသင့်တော်ပါဘူး။

Leave a Reply