ပဲခူးတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ဆန့်ကျင်ကန် ့ကွက် ရန် စတင်

နွယ်ပင်January 19, 20111min726

ပဲခူးမြို့မှ ကျား/မလူငယ်များက စစ်မှုမထမ်းမနေရဥပဒေကို ဆန်ကျင်ရန် လူငယ်ထုအတွင်း စည်းရုံးပြောဆိုမှုများကို ယခုရက်ပိုင်းအတွင်းပြုလုပ်နေကြောင်း FREEDOM NEWS
GROUP မှ သိခဲ့ရှိရသည်။

အသက်(၂၀)အရွယ် ပဲခူးလူငယ်တစ်ဦးက “စစ်မှုမထမ်းရင်ထောင်(၅)နှစ်မကလို့(၁၀)နှစ် ချလဲခံမယ်၊ စစ်သားတော့လုံးဝမလုပ်နိုင်ဘူး” ဟုပြောပါသည်။

ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသူ စာရေးဆရာအယ်ဒီတာတစ်ဦးက မြန်မာနိုင်ငံအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကြောင့် “တစ်နိုင်ငံလုံးမှာ ဆန့်ကျင်မှုတွေဖြစ်လာနိုင်တယ်၊ ဒါကို နအဖ အနေနဲ့ဘယ်လိုဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်လို့”ဟု ဆိုသည်။

ပဲခူးမြို့မှ လူငယ်ကဘဲ “ပြည်ပရန်မရှိဘဲ လူငယ်တွေကို အတင်းစစ်မှုထမ်းခိုင်းတာဟာ တစ်နိုင်ငံလုုံးမှာရှိတဲ့လူငယ်တွေကို မုဒိန်းကျင့်တာဘဲ၊ လုံးဝလက်မခံဘူး၊ ပြည်ပရန်ရှိလို့ တိုင်းပြည်ကိုအသက်ပေးပြီးကာကွယ်မယ်၊ ပြောနေစရာတောင်မလိုဘူး၊ ကျနော်တို့တွေလဲထမင်းစာနေတဲ့လူတွေဘဲ နားလည်ပါတယ်” ဟုပြောသည်။

အခုပြဌာန်းတဲ့ဥပဒေကို နအဖအသိုင်းအဝန်းကလွဲရင် အားလုံးဆန်ကျင်ဘို့အတွက် အသင့်ဖြစ်နေကြတယ်လို့သိရသည်။

ပဲခူးမြို့မှ ကိုနေဝင်းကလည်း “ကျနော်တို့နိုင်ငံမှာ နိုင်ငံ၊ လူမှု၊ စီးပွါး၊ ပညာ၊ ကျန်းမာရေး အားလုံးဟာ နိုင်ငံတကာအလည်မှာ အနိမ့်ဆုံးဖြစ်နေတဲ့အချိန်မှာ ဒီလိုဥပဒေမျိုးကိုပြဌာန်း လိုက်တာကိုစဉ်းစားလို့ကိုမရနိုင်ဘူး၊ ကျနော့်အထင်ပြောရရင်တော့ လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပူးပေါင်းမိသွားမှာကို နအဖအနေနဲ့အလွန်စိုးရိမ်တဲ့အတွက် ဒီဥပဒေ ကိုပြဌာန်းလိုက်တာဘဲဖြစ်နိုင်တယ်၊ နောက်မျိုးဆက်သစ်တွေကို တစ်သွေးတစ်သံတစ်မိန့်နဲ့ ချုပ်ကိုင်ချင်လို့ဘဲဖြစ်တယ်၊
ပြည်သူလူထုက မပါဝင်ခဲ့ရင် ဘယ်လိုလုပ်ဆောင်မှုမျိုးမှ မအောင်မြင်နိုင်ဘူး” လို့ပြောသည်။

ပဲခူးမြို့တွင် ယခင်နှစ်စက်တင်ဘာလက ကျောင်းသားလူငယ်နှစ်ဦးကို စစ်တပ်မှပြစ်သတ်ခဲ့မှုကြောင့်မြို ့ခံများ က စစ်တပ် ကို ရွံ ့မုန်းလျှက် ရှိကြသည်။

Freedom News Group မှကူးယူဖော်ပြပါသည် ။

6 comments

  • LawMan

    January 19, 2011 at 6:29 am

    ပေါက်လွတ်ပဲစား..သတင်းတွေဗျ..အခြေအမြစ်မရှိဘူး..ဘယ်နှယ့်..
    ဦးနှောက်မရှိတဲ့..အတွေးတွေ..ဘုရင့်နောင်ခေတ်တုံးကလို..သတိ္တမရှိဘူးပြောလို့..
    ဗိုက်ခွဲ..အူထုတ်..ပြတဲ့သူလိုပဲ…စဉ်းစားကြည့်ပါအုံး.. “အသက်(၂၀)အရွယ် ပဲခူးလူငယ်တစ်ဦးက “စစ်မှုမထမ်းရင်ထောင်(၅)နှစ်မကလို့(၁၀)နှစ် ချလဲခံမယ်၊ စစ်သားတော့လုံးဝမလုပ်နိုင်ဘူး” ဟုပြောပါသည်။ “..
    တကယ်သာ..အဲ့ဥပဒေထွက်တယ်…အတည်ပြုတယ်ဆိုရင်..တင်းခံနေလို့မရဘူးလေ..ဝင်ဆိုဝင်ရမယ်..ပီးမှ..
    ဘယ်လို..ပူးသတ်လို့ရမလဲ..စဉ်းစားရမှာပေါ့..အဆိုးထဲက..အကောင်းရအောင်ရှာရမှာဗျ…အပြင်မှာပဲနေပီး
    နည်းလမ်းရှာမလား…ထောင်ထဲ..အချောင်..ငါးနှစ်ဆယ်နှစ်သွားနေမလား..အဲ့ကောင်တွေကို..တိုက်ချင်ရင်..မိုက်
    ရူးရဲဆန်လို့မရဘူးဗျ..စဉ်းစားကြည့်လေ..ရွေးကောက်ပွဲလဲ..တတိုင်းပြည်လုံးကော.တကမာ္ဘလုံးကော..အော်နေကြ
    တာပဲ..တကယ်လဲ..စစ်မှန်တာမှမဟုတ်တာ..ဒါပေမဲ့..ဘာတတ်နို်င်လဲ..လွှတ်တော်တောင်ခေါ်တော့မှာပဲမလား..
    ဒီကောင်တွေကို..ဖယ်ထုတ်ချင်ရင်..အဲ့..ရူးကြောင်ကြောင်သတင်းမီဒီယာတွေက..မြှောက်ပေးတာလဲ..နားယောင်
    လို့မဖစ်ဘူး..ဟိုကောင်တွေက..လေထဲက..အော်နေတာ.ခံနေရတာက.ပြည်တွင်းက..တနေ့တခြားစိတ်ပျက်တယ်..
    အဲ့..အရေမရ..အဖတ်မရ.တောင်အော်မြောက်အော်..မီဒီယာတွေ(အားလုံးကိုမဆိုလိုပါ).. ပိုးဟပ်

  • cobra

    January 19, 2011 at 6:56 am

    ကောင်းပါတယ်….
    ပဲခူးမှာတင်မဟုတ်ဘူး…တစ်နိုင်ငံလုံးလုပ်သင့်ပါတယ်..
    လူငယ်တွေကိုတသွေးတသံတမိန် ့နဲ ့အုပ်ချူပ်တော့မယ့်ကိစ္စကလူငယ်တိုင်းနဲ့ဆိုင်နေပါပီ…….
    ညီညွတ်ကြပါစို့……………။

  • nigimi77

    January 19, 2011 at 8:24 am

    မသင်ပဲနဲ ့လုပ်တတ်တာ ထမင်းစား ချီးပါနဲ ့ ကာမဆက်ဆံတဲ့ အလုပ်တွေဗျ။ ဘာမှ မတတ်၊ မသိနားမလည်ပဲ၊ ဘယ်လို တနိုင်ငံလုံးလုပ်သင့်တာလဲ။ တစ်နိုင်ငံလုံး လုပ်လို ့သာ ဖြစ်ကြေးဆိုရင် ၈၈ ကတည်းက ကျုပ်တို ့ လိုချင်တာ ရခဲ့ပြီပေါ့။ ခင်ဗျား စစ်လက်နက် ကိုင်ဆောင်ခွင့် မရခဲ့ဘူးဆိုရင်တောင် အနည်းဆုံးတော့ စစ်ပညာကိုသင်ခွင့် ရမယ် မဟုတ်လား။ အဆင့်ဆင့် အုပ်ချုပ်တဲ့ စနစ်တွေ၊ လူနည်းစုက လူများစုကို ဘယ်လို ချုပ်ကိုင်ကြသလဲဆိုတာ အနည်းဆုံးတော့ လေ့လာခွင့်ရမယ် မဟုတ်လား။ အဲဒီထဲက အကြောင်းတွေ ဘယ်သူ ဘာသိလဲ။ သေချာသိတဲ့လူ တစ်ယောက်မှ မရှိဘူး။ အိမ်ထဲ ဝင်ခွင့် မရသေးတောင်မှ ခင်ဗျားကို ခြံတံခါးဖွင့်ပေးပြီး ခြံရိပ်ကို နင်းခိုင်းနေပြီ။ အိမ်ရှင်ဖြစ်ဖို ့က တော့ ကျန်တာ ဆက်လုပ်ရမှာပေါ့။ ခြံထဲလဲ မဝင်ချင်ဘူး ဒီအိမ်က ငါ့အိမ် ငါ့ပြန်ပေးလို ့ အသားလွတ်အော်နေရင် ဘေးပတ်ဝန်းကျင်က ရူးနေလားလို ့သတ်မှတ်လိမ့်မယ်။ ချီးတောင်မှ ညှစ်ပေးမှ ထွက်တာပါဗျာ။ အဲဒီ ထောင် ၁ဝ နှစ်ပဲ အကျခံမယ်ဆိုတဲ့ ကောင်လေး အစိမ်းရောင်ကို သူ အရင်ဝတ်မှာ မြင်ယောင်သေးတယ်။

  • လက်နက်ကိုင်ရဖို့၊ စစ်ပညာသင်ရဖို့ထက် လူညွန့်ကျိုးဖို့၊ ဦးနှောက်အဆေးခံရဖို့က ပိုများပါတယ်။ အင်းလေ၊ ခုမှတော့ ဘယ်တတ်နိုင်တော့ မှာလဲ။ ပြည်သူတွေအားလုံး သူတို့ကျွန်ဖြစ်နေပြီပဲဟာ။ လုပ်ဆိုလည်းလုပ်ရတော့မှာပေါ့။ သေဆိုလည်းသေရတော့မှာပေါ့။ ခွေးလိုနေ ဆိုလည်း နေရတော့မှာပေါ့။ ဘယ်သူမှ မကန့်ကွက်ကြနဲ့။ ခိုင်းတဲ့အတိုင်းသာလုပ်ကြ။ ဒါမှ ဒီမိုကရေစီ။

  • OQ23

    May 27, 2011 at 3:44 pm

    အမှန်ဆိုဖြစ်သင့်တာကြာပြီ။မြန်မာနိူင်ငံကြီး ကောင်းစားဖို့ဆိုရင်
    ဘာပဲဖြစ်ဖြစ် ဖြစ်သင့်ပါတယ်၊လူငယ်တွေအတွက် မျိုးချစ်စိတ်ဓာတ်
    ပိုရှိလာစေပါတယ်။လူငယ်များသာမကလူကြီးများပါညီညွတ်သွားနိူင်ပါသည်။
    စည်းလုံးမှုရှိဖို့ပဲလိုပါတယ်။တစ်နိူင်ငံလုံးအတွက်ဆိုပိုကောင်းပါမည်။

  • maythakhin

    May 27, 2011 at 4:25 pm

    သူတို့တွေဘာပဲလုပ်လုပ် တို့တွေက အော်နေရုံအပြင် ဘာတတ်နိုင်ခဲ့ကြလို့လဲ။ တို့တွေထက် ဘုန်းကံကြီးမားတဲ့ သီလရှိတဲ့သူတွေတောင် ဘာတွေဖြစ်ခဲ့ကြလဲ။ ဆန့်ကျင်လို့ကော အကျိုးတွေထူးလာခဲ့ကြလား။ဘယ်သူတွေနစ်နာခဲ့ကြလဲ။ပူူးပေါင်းပြီးတည့်အောင် ပေါင်းတည့်သူတွေ ဘာဖြစ်နေကြလဲ။တွေးကြည့်ကြပါဦးလား။ ပြည်သူလူထုမှာကော တယောက်နဲ့တယောက် ညီညွတ်ကြလို့လား။လူနည်းစုပဲ ရှိတယ်။ကျန်တာတွေက ကိုယ့်စတိုလ်နဲ့ကိုယ်နေတွေဖြစ်နေကြပြီလေ။ ရန်ကုန်မြို့မှာ ကြည့်ပါလား။တိုက်တတိုက်တည်းမှာနေပြီး သူဘယ်သူ ကိုယ်ဘယ်သူဆိုတာကော သိကြလား။အကူအညီတောင်းလို့ကောရကြရဲ့လား။ ကိုယ့်အော်သံကြားရင်တောင် တံခါးပိတ်ပစ်လိုက်တဲ့ အခန်းတွေရှိတယ်။နယ်တွေမှာကော ဟိုတုန်းကလိုမဟုတ်တော့ဘူး တစ်ယောက်ဖြစ်ရင် တစ်ယောက်လိုက်ကန့်နေကြတာ။ သူ့ထက်ငါတိုးတက်အောင်ဘယ်လိုလုပ်မယ်ဆိုတဲ့ စိတ်မရှိကြဘူး ။စည်းလုံးညီညွတ်မှုဆိုတာဘာလဲဆိုတာကို ခုခေတ်ကလေးတွေကို မေးကြည့် ဘာမှမပြောတတ်ဘူး။တို့ငယ်ငယ်တုန်းက အာဇာနည်နေ့ဆို ဝမ်းနည်းရမှန်းသိတယ်။အလေးပြုရမှန်းသိတယ်။အခုခေတ်ကလေးတွေက အာဇာနည်နေ့ဆိုတာဘာလဲ မသိကြဘူး။ ဒီလိုခေတ်ဖြစ်နေကြတာ။လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းက ဘာတွေဖြစ်နေလဲတော့ မပြောတတ်တော့ဘူး။

Leave a Reply