လုံခြုံရေး ဝန်ဆောင်မှူ အေဂျင်စီများကြောင့် ယခင်လုံခြုံရေးဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်

etoneJanuary 18, 20111min746

လုံခြုံရေး ဝန်ဆောင်မှူ အေဂျင်စီများကြောင့် ယခင်လုံခြုံရေးဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်

ပီးခဲ့သည့် 2009/ 2010 ကတည်းက ခေတ်စားလာသော ဝန်ဆောင်မှူလုပ်ငန်းများအနက် လုံခြုံရေး ဝန်ဆောင်မှူ လုပ်ငန်းသည် ယခုလတ်တလော ကာလအတွင်း တွင်တွင်ကျယ်ကျယ်ပြန့်နှံ့လာကြောင်းသိရသည် ။ စက်ရုံ၊ အလုပ်ရုံများ အတွက် လုံခြုံရေး ဝန်ထမ်းများကို နေ့ဆိုင်း၊ ညဆိုင်းအနေဖြင့်  ယခင်က ခန့်အပ်ထားသော်လည်း ယခုအခါတွင် ထို လုံခြုံရေးဝန်ဆောင်မှူအေဂျင်စီများမှ ဝင်ရောက်လုပ်ကိုင်နေခြင်းကြောင့် စက်ရုံ ၊ အလုပ်ရုံ လုံခြုံရေးဝန်ထမ်းများ အ လုပ်လက်မဲ့ဖြစ်ကုန်ကြရသည် ။  လုံခြုံရေး အေဂျင်စီမှ ချထားပေးသော လုံခြုံရေး ဝန်ထမ်းများမှာ ၎င်းကုမ္ပဏီမှ ရွေးခြယ်ထားသူများဖြစ်ပြီး အများစုမှာ လူငယ်များနှင့် လူလတ်ပိုင်းများသာဖြစ်ကြသည် ။ အမျိုးသား ၊ အမျိုးသမီး မျှတစွာ ချထားပေးသော်လည်း လုပ်ရိုးလုပ်စဉ် ကားအဝင်၊အထွက်နှင့် ပစ္စည်းစာရင်း များကိုပင် အလျှင်မီအောင် လုပ်နိုင်အား နည်းပါးကြောင်းတွေ့ရသည် ။

လှိုင်သာယာရှိ စက်မှူဖုံများအတွင်း အေဂျင်စီများမှ လုံခြုံရေးဝန်ထမ်းများ ငှားရမ်းချထားခြင်းကြောင့် အလုပ်မှ ရပ်နားခြင်းခံရသော စက်ရုံ၊ အလုပ်ရုံ လုံခြုံရေး ဟောင်းများ စားဝတ်နေရေး အခက်တွေ့နေရကြောင်းကို လှိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံတစ်ခုမှ လတ်တလော အလုပ် ရပ်နားခံခဲ့ရသော လုံခြုံရေးဟောင်းတစ်ယောက်က ဤသို့ပြောပြခဲ့သည် ။

” ဦးတို့ ဒီxxxစက်ရုံမှာ အလုပ်လုပ်တာ xxx နှစ်ရှိပါပြီ ။ နေတာကလည်း စက်ရုံနားမှာပါပဲ …။ ဦးတို့ကို ပြောင်းရမယ်ပဲပြောတာ .. ဘယ်တော့ပြောင်းရမလဲမပြောတော့ အလုပ်ရပ်ဆိုင်းခံရတော့  စားဝတ်နေရေးအတွက် ပူပန်ရတာပေါ့ ။ ဦးတို့ အသက်ရွယ်နဲ့ တခြား အလုပ်ကလည်း လျှောက်လို့မရဘူးလေ ။ စက်ရုံတွေမှာကလည်း အစောင့်ကို တစ်ယောက်၊ နှစ်ယောက်ထက်ပိုမထားတတ်တော့ အလုပ်သစ်ရဖို့မလွယ်ပါဘူး။ ရက်အတိကျမပြောပဲ အခုလို လုပ်လိုက်တော့ စိတ်တောင်မကောင်းဘူး ” ဟု အသက် ငါးဆယ်ဝန်းကျင်ခန့် လတ်တလော အလုပ်မှရပ်နားခံလိုက်ရသူ လုံခြုံရေးဝန်ထမ်းတစ်ဦး ရင်ဖွင့်သွားပါသည် ။

လုံခြုံရေးအေဂျင်စီများမှ လုပ်သားလစာများကို အေဂျင်စီမှ ထုတ်ပေးသော်လည်း ဌားရမ်းသော ကုမ္ပဏီ နှင့် လုံခြုံရေးဝန်ဆောင်မှူပေးသော အေဂျင်စီတု့ိ ချုပ်ဆိုသော အလုပ်သမား ငှားရမ်းခ တန်ဖိုးမှာ လုံခြုံရေးဝန်ထမ်းဟောင်း (တာဝန်မှ ရပ်နားခံရ) များထက် နှစ်ဆကျော်ခန့် မြင့်တက်နေကြောင်းသိရသည် ။ အေဂျင်စီမှ ချမှတ်ပေးသော လုံခြုံရေးများ တာဝန်ယူစဉ် ကာလအတွင်း ပစ္စည်း ဆုံးရှုံး ပျောက်ပြယ်ခြင်းများ ဖြစ်ပေါ်ပါက အေဂျင်စီဘက်မှ လျှော်ပေးရမည်ဖြစ်ကြောင်းလည်း သိရသည် ။ စာချုပ်သက်တမ်းမှာ အနည်းဆုံးခြောက်လချုပ်ရမည် ဟုလည်း သိရသည် ။

6 comments

  • လင်းဝေကျော်

    January 18, 2011 at 10:26 am

    တစ်ချို့ကျတော့ လုံခြုံရေးဝန်ထမ်းဟောင်းတွေကိုမကြိုက်တာ။
    အနေကြာတော့ အပြစ်ကလေး အနည်းအများရှိတာနဲ့
    လုံခြုံရေးဝန်ဆောင်မှုတွေက လာပြောတော့ စိတ်ပါသွားကြတယ်။
    နောက် အဲဒီက ဝန်ထမ်းတွေကို အလှည့်ကျ ပြောင်းပေးမယ်ဆိုတော့
    အနေကြာပြီး သူ့စက်ရုံဝန်ထမ်းတွေနဲ့ ရင်နှီးပြီး ပေါင်းရိုက်မှာကို မပူရဘူးဆိုပြီးလုပ်ကြတာ။
    ဘာပဲဖြစ်ဖြစ် အလုပ်လက်မဲ့ဖြစ်မသွားအောင်တော့ စီစဉ်ပေးသင့်တာပေါ့။

  • kai

    January 18, 2011 at 10:36 am

    အဲဒါက ကမ္ဘာမှာဖြစ်နေတဲ့ပုံစံပဲ..။
    ပိုပြီးပရောဖက်ရှင်နယ်ဆန်လာတာပေါ့..။
    အလုပ်လက်မဲ့မဖြစ်ကြအောင် .. လုံခြုံရေးဝန်ထမ်းဖြစ်မဲ့သူတွေကို .. အစိုးရက .. လိုင်စင်စံနစ်နဲ့ လုပ်ပေးလိုက်ဖို့လိုတယ်..။
    လိုင်စင်ကို .. ဆာတီဖကိတ် သင်တန်း တခုခုနဲ့ ပြန်ချိပ်ရတာပဲ..။
    အဲဒီလိုနဲ့.. တုတ်ကိုင်တဲ့အဆင့်..။ လျှပ်စစ်တုတ်ကိုင်အဆင့်..။ လက်ထိပ်ကိုင်အဆင့်။ သေနတ်ကိုင်အဆင့် ..တွေခွဲချလိုက်မယ်ပေါ့..။
    သင်တန်းတွေမှာလည်း … တပ်မတော်သားဟောင်းတွေ။ ရဲဟောင်းတွေ။ ကိုယ်ခံပညာရှင်ဟောင်းတွေ သင်တန်းဆရာ၊ တပည့်တွေအဖြစ်… အလုပ်အကိုင်ရကြတယ်ပေါ့..။

    အိမ်ဖေါ်တွေ။ စားပွဲထိုးတွေ.. စသဖြင့် ..အေဂျင်စီတွေဖွဲ ့ဖို့လိုနေပြီ။
    အေဂျင်စီအပေါ်က.. ယူနီယံတွေ ထပ်အုပ်ရှိရသေးတယ်..။
    ဒါက ..ဒီမိုကရေစီစံနစ်လမ်းကြောင်းအတိုင်းပဲ..။

  • ဆူး

    January 18, 2011 at 1:19 pm

    လုံခြုံရေး ဝန်ထမ်း ပြုတ်တာ တယောက် မြင်ဘူးတယ် အိမ်နားက အိမ်ယာဝင်းထဲမှာ လုံခြုံရေး လုပ်တဲ့ ဝန်ထမ်း အသက်ကတော့ ၅ဝ မပြည့်သေးဘူး မျက်စိက မမြင်ဘူး အလင်း မှုန်မှုန်လေးဘဲ မြင်တယ် ညည ကားဟွန်းတီးရင် ထဖွင့်ပေးတယ်။ သေချာ မမြင်တော့ မိန်းမနဲ့ သားက အလှည့်ကျ လိုက်စောင့် အိပ်ပေးပြီး ဂိတ်တံခါးဖွင့်ပေးတယ်။ ကြာတော့ အိမ်ယာဝင်းထဲက လူတွေက သဘောမကျတော့ ဖြုတ်လိုက်ကော.. အလုပ်ပြုတ်တော့ ငတ်တာပေါ့.. မိန်းမက ဟင်းရွက်ရောင်းရတယ်။ အိမ်မှာ အငြိမ်းစား ထိုင်နေရတော့တာဘဲ.. ဒီလို လူမျိုးကို အလုပ်ဖြုတ်တာ မှန်ပေမဲ့.. အလုပ်က ရမဲ့ ဝင်ငွေ မရှိတော့ ကျပ်တည်းမှု အတွက် ခံစားရတာ အတွက် စိတ်မကောင်း ဖြစ်ပြန်ကော.. အဲဒီ လူကြီး မျက်စိမမြင်တာ.. သူဇနီး ပြောတာကတော့.. အရင်က ကားစပါယ်ယာ လုပ်တယ်.. အခြောက်မ လက်သည်းနဲ့ မျက်စိ ထိုးမိပြီး မျက်စိ ကန်းသလောက် နီးပါး မမြင်တော့တာတဲ့။ ဆေးလည်း သေချာ ကုပုံ မရပါဘူး။ ဒါကြောင့် ဖြစ်သင့်တာထက် ပိုဆိုးသွားတာ ဖြစ်လိမ့်မယ်။

  • etone

    January 19, 2011 at 4:07 am

    လုပ်ငန်းရှင်တွေ အလုပ်လုပ်တာ အတ္တစိတ်တွေပိုပြီးများလာသလိုပဲ ။ လူစိတ်တွေ ပျောက်ကွယ်ကုန်ပြီ ထင်ပါရဲ့ ..။
    မရှိလို့ ရိုးရိုးသားသား ရှာစားနေရတဲ့ နှစ်ရှည်သက်တမ်းရင့်ဝန်ထမ်းတွေ၊ လက်အောက်ငယ်သားတွေအတွက် ဘာမှ ငှဲ့ ညှာ စဉ်းစားခြင်းမရှိပဲ ဒါမျိုးလုပ်ရက်တယ် …။ ကိုယ်ကလည်း မြင်တော့ မနေနိုင် ၊ စိတ်အချဉ်ပေါက်ပေါက်နဲ့ ပို့စ်တင်ပြီး ဖွမိပြန်ရောပဲ ။
    အလုပ်ကရပ်ဆိုင်းခံရတဲ့ လူတွေနဲ့ စကားပြောရင်း ကိုယ်တောင် အတော် စိတ်မကောင်းဖြစ်ရတယ်… ။ အသစ်ခန့်တဲ့ အေဂျင်စီက လူတွေက အခုထိ အမြီးမှောက်မတည့်သေးပါဘူး ။ လုပ်ငန်းအထာမသိသေးဘူးဆိုပါတော့ …

    လောလောလတ်လတ်တင် မြန်မာလို ပြောတာ မြန်မာစကား ကို နားမလည်သယောင် ငါးခါလောက်ပြန်မေးနေလို့ ဟောက်ပစ်လိုက်ရသေးတယ် … အဟီး 😀 အေဂျင်စီတွေပေါ်မကျေနပ်တာ သူတို့ ဓါးစာခံဖြစ်သွားရတယ် 😀 😀

  • naywoonni

    January 19, 2011 at 5:38 am

    အေဂျင်စီ ဝန်တမ်းက ဘာလူမျိုးတွေမို့လဲ အီးတုန်းရဲ့ မြန်မာတွေပဲမဟုတ်ဘူးလား မြန်မာစကားနားမလည်ရအောင်က တစ်ခြားလူမျိုးတွေခေါ်သွင်းနေပြီလား

    • etone

      January 19, 2011 at 7:47 am

      မြန်မာလူမျိုးပါ အဘနီရဲ့ ။
      သူတို့က တံခါးပိတ်ဖွင့် ၊ ဝင်လာရင် ဘာပါလဲ ၊ ပြန်ထွက်ရင် ဘာယူလဲ ဒါပဲ လုပ်တတ်တာ … တခြား ဘာမှ မှာလို့မရဘူး… အရင်က ဂိတ်ကလူတွေလုပ်နေကြအလုပ် … ဥပမာ ဘာကားရှိလဲ မေးရင် … ဟမ်ဟမ်နဲ့ … ဘားကားရှိလဲဆိုတာ သူတို့စာအုပ်မှာ ကားအဝင်ထွက်စာရင်းရှိနေတာကို … xxxxxx တော့ရှိတယ်ပေါ့ … ဘာညာပြောရမှာ တဟမ်ဟမ်နဲ့ဆိုတော့ စိတ်တိုတာပေါ့ ။ နောက်ရှိသေးတယ်… driver ကားနားရှိလား သိချင်လို့ မေးတာ … ဒရိုင်ဘာကို ဖုန်းပြောမယ်ဆိုပြီးသွားခေါ်လာတယ်…ဒီက ကိုင်ထားတာ အကြာကြီး ။ ဒရိုင်ဘာရှိလားဆိုတာ ကားနားမှာ မရှိပဲ အပြင် လ္ဘက်ရည်ဆိုင်ရောက်နေမှာစိုးလို့ မေးတာ … တော်တော် ဒုံးဝေးတဲ့ကောင်တွေ … ။ (သူတို့က ပိုက်ဆံကို ဒေါ်လှနဲ့ရတယ်ကြားတယ်)

Leave a Reply