နာရေးကူညီမှုအသင်း အတွက် တေးရေး/ဆိုဆောင်းဦးလှိုင် ရဲ့ “ပျံသန်းသွား” သီချင်းရိုက်ကူး

နွယ်ပင်January 20, 20111min691

ဂီတပညာရှင်များ သီဆိုပေးထားသောလူမှုရေး၊ ငြိမ်းချမ်းရေးသီချင်းများကို အလှူရှင်များအတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိနာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအသစ်ပေါ်တွင် တေးရေး/ဆိုဆောင်းဦးလှိုင် သီဆိုတီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိ တေးသီချင်းအား ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။

“ပျံသန်းသွား”
ရေး/ဆို/တီး – ဆောင်းဦးလှိုင်
“ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲလူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်းxxx ခရီးဆက်လာ/နေမယ်
အမှန်တရားဘက်ကရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန်ခဏ လူ့ဘဝရဲ့နေ့ရက်များ xxx စာနာစိတ်ထားအများအတွက်ကူမယ်
(ငါ့လက်ကိုတွဲခွန်အားပေးမယ့် xxx လိုနေတာဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုးတစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာပျံသန်းသွားစို့ လက်တွေတွဲလို့) ”

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကိုလက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာ အားဆေးတစ်ခွက်ပင် ဖြစ်တော့သည်။ ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း လူမှုရေးသမားများ လက်ချင်းတွဲကာ အများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမကူညီပေး ကြရန် လိုအပ်ပေတော့သည်။

http://www.ngunngemoe.net/feeds/posts/default

One comment

  • bigbird

    January 20, 2011 at 8:08 am

    ရန်ကုန်နာရေးကူညီမှ ုအသင်းအား အစဉ်ထာဝရ အားပေးလျှက်……..

Leave a Reply