ဖနွမ်းပင် မြို့တည်ရာ

ဆူးJanuary 17, 20111min1345


ဘုရားပေါ် အတက် လမ်းကလေး ဖြစ်ပါတယ်။

ကမော္ဘဒီးယား နိုင်ငံရဲ့ ဖနွမ်းပင် မြို့တော် ဖြစ်တည်လာပုံကတော့ အန်ကောဝပ် မြို့တော် ကျသွားတဲ့ အချိန်မှာ ဘုရင်က ကန်ကြီးထဲမှာ သင်္ဘောစီးပြီး ထွက်ပြေးလာရင်း နေရာတခုကို ရောက်ခဲ့တယ်။ ထိုရောက်ခဲ့တဲ့ နေရာကတော့ ယခု ဖနွမ်းပင် မြို့ ဖြစ်နေတယ်။ ထိုမြို့မှာ ပင် ဆိုတဲ့ အမျိုးသမီး.. lady Penh ဆိုသူ တည်ထားတဲ့ ဘုရားကို ရောက်ခဲ့ပါတယ်။ ဘုရားကို ရှိခိုး ဦးတိုက်ပြီး တာနဲ့ မြို့တော်နာမည် ဖနွမ်းပင် လို့ ပေးလိုက်ပါတယ်။ ဖနွမ်း ဆိုတာ တောင် ပင် ဆိုတကတော့ အမျိုးသမီး နာမည်ပါ။ ပင် ဆိုတဲ့ အမျိုးသမီးက ချမ်သာကြွယ်ဝ သူ တဦးဖြစ်ပြီး မြို့ပြင် ရွာကလေး တစ်ရွာမှာ နေပါတယ်။ မဲခေါင်မြစ်ရေ တက်ချိန်မှာ ရေထဲမှာ သစ်တုံးတစ်တုံး မျောပါလာတာပြီး ထိုသစ်တုံးက သူမရဲ့ ခြံဝင်း အတွင်းမှာ ရှိတဲ့ မြက်ခင်းပြင်ကြီးထဲမှာ သောင်တင်ပြီး ကျန်နေခဲ့တာ မြင်ခဲ့ပါတယ်။ သစ်တုံးကို အနားသွားကြည့်တော့ သစ်ခေါင်းပေါက်ကြီးတွေ့ပြီးတော့ သစ်ခေါင်းပေါက် အတွင်းမှာတော့ ဗုဒ္ဓ ကြေးဆင်းတု ရုပ် လေးရုပ် တွေ့ရှိခဲ့ပါတယ်။ သူမ စိတ်ထဲမှာတော့ ဘုရား တည်ဖို့ အချိန်ကျလို့ အတိတ်နမိတ်ပေးတာ ဖြစ်လိမ့်မယ် လို့ မှတ်ယူပြီးတော့ ဘုရားကျောင်းတခု တည်ဆောက်လိုက်ပါတယ်။ ထိုဘုရားကို လာရောက်ဖူးတဲ့ ဘုရင်က ဘုရားကို ရှိခိုးပြီးနောက်ပိုင်း မြို့တော် နာမည်ကို ဖနွမ်းပင်လို့ ပေးပြီး အမည် တွင် သွားတာ ယနေ့ ထက်တိုင် ပါဘဲ။


ဘုရား တည်တဲ့ အမျိုးသမီး ပင် ဖြစ်ပါတယ်။


အောက်ကနေ လှမ်းကြည့်တဲ့ မြင်ကွင်းဖြစ်ပါတယ်။

အပေါ်စီးကနေ လှမ်းကြည့်ရင် မြင်ရတဲ့ မြင်ကွင်း ဖြစ်ပါတယ်။

အတွင်းဘက်မှာ ဓါတ်ပုံ မရိုက်ရတဲ့ အတွက် ရှိခိုးပြီး ပြန်ထွက်လာခဲ့ပါတယ်။ ပြစရာ အတွင်းဘက်က ဘုရားပုံ မရှိပါဘူး။

5 comments

  • zippo

    January 17, 2011 at 5:00 pm

    သားနားတယ်။။။။။သန့်ရှင်းတယ်။။။။မြင်ကွင်းတွေက မြင်ရသူအဖို့ကြည်နူးစေပါတယ်..။။။

  • saund

    January 17, 2011 at 7:44 pm

    ပို ့အတွက် ကျေးဇူးပါ

  • ဆူး

    January 18, 2011 at 1:37 pm

    သားနား သန့်ရှင်းတာတော့ ဟုတ်တယ်။ ဒါပေမဲ့ မြို့နေလူတန်းစားပုံစံနဲ့.. သွားတဲ့ လမ်းတွေက မြန်မာပြည် အထက်ပိုင်းကို ခရီးထွက်နေရသလိုပါဘဲ။ လယ်ကွင်းတွေ သစ်ပင်တွေ တဲအိမ်တွေ အကုန် တူတူဘဲ။ တရေး လောက် ငိုက်ပြီး နိုးလာလို့ မျက်စိဖွင့်ကြည့်ရင် မြန်မာပြည်ထဲ သွား နေသလားလို့ စိတ်ထဲတောင် ထင်မိတယ်။

  • mandalarthu

    February 3, 2012 at 10:35 pm

    ဆူးေ၇
    တော်တော်လေ ့လာခဲ ့တာဘဲနော်..။အခုလို စေတနာ အပြည ့်နဲ ့တင်ပြပေးလို ့ကျေးဇူးပါနော်..။
    အောက် ဆုံးက မြင် ကွင်းကျယ်ကျယ် ပုံ ကို အကြိုက် ဆုံးဘဲ။

    • ဆူး

      February 5, 2012 at 11:39 am

      ဆူး လည်း သိပ်မအားတာနဲ့ ပိုစ်သိပ်မရေးဖြစ်တော့တာပါ။
      ရေးမယ်ဆိုရင်တော့ ရေးစရာတွေ အများကြီး ရှိပါသေးတယ်။
      ဆူး ရဲ့ တိမ်မြုပ်နေတဲ့ ပိုစ်အဟောင်းတွေ ဖတ်ပြီးတော့ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply