မောက်စ်အစား ကီးဘုတ်ကို အသုံးပြုရအောင်

Mouse Keys ဆိုတဲ့ နည်းပညာတစ်ခုကို အသုံးပြုပြီး ဝင်းဒိုးစ်ရဲ့ ဘယ်ဗားရှင်းမှာမဆို သင်ရဲ့ Mouse pointer ကို Keyboard Key များနဲ့ ထိန်းချူပ်နိုင်ပါတယ်။ သင်ရဲ့ မောက်စ်က အလုပ် မလုပ်တော့ဘူးဆိုရင်တော့ ကွန်ပျူတာကို မပိတ်ခင် ဖိုင်တွေကို သိမ်းတာမျိုး စတဲ့ အရေးကြီး လုပ်ငန်းစဉ်များကို ပြီးစီးစေဖို့ ဒီကီးဘုတ် နည်းပညာကို Enable လုပ်ထားနိုင်ပါတယ်။ ဒီနည်းပညာက သာမန် မောက်စ်တစ်လုံး လုပ်နိုင်သလောက် လုပ်ငန်းစဉ်အားလုံးကို လုပ်ဆောင်နိုင်ပါတယ်။

ဒီနည်းပညာကို သုံးနိုင်ဖို့အတွက် Alt+Shift+NumLock ခလုတ်များကို တပြိုက်နက် နှိပ်လိုက်ပါ။ ဒါဆိုရင် မောက်စ် ကီး box လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ ပြီးရင် Tab ဒါမှမဟုတ် Cursor ကီးများကို အသုံးပြုပြီး Mouse Keys ကို အသက်ဝင်စေဖို့ OK ကို နှိပ်လိုက်ပါ။ ဒါမှမဟုတ် အသေးစိတ် မောက်စ် Cursor setting များကို ညှိချင်သေးတယ် ဆိုရင်တော့ Settings ကို နှိပ်လိုက်ပါ။ Settings for Mouse Keys ဒါမှမဟုတ် Set up Mouse Keys ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်းဒိုးစ် အသစ်တစ်ခု ပေါ်လာပါမယ်။ အဲဒီနေရာတွင် Mouse Cursor Speed နဲ့ တခြား အရာများကို ထိန်းချူပ်နိုင်ပါတယ်။

ယခုဆိုရင် ကီးဘုတ် ခလုတ်တွေသုံးပြီး Mouse Pointer ကို ရွေ့လျားလို့ ရပါပြီ။ ထိန်းချူပ်ဖို့ ခလုတ်များကတော့ –

v  ၁ ၂ ၃ ၄ ၆ ရ ၈ နဲ့ ၉ ဆိုတဲ့ ကီးများက မောက်စ် Cursor ကို ရွေ့ပါတယ်။

v  ၅ ကီးကတော့ မောက်စ် ကလစ် ခလုတ် ဖြစ်ပါတယ်။

v  Insert ကီးက မောက်စ် ခလုတ်ကို ကိုင်ထား ပါတယ်။

v  Delete ခလုတ်က မောက်စ် ခလုတ်ကို လွှတ်လိုက် ပါတယ်။

v  + ကီးက ကလစ် နှစ်ခါ နှိပ်ဖို့ အသုံးပြုပါတယ်။

v  Num Lock ခလုတ်ကတော့ မောက်စ်ကီးများကို ပိတ်ထားဖို့ ဖြစ်ပါတယ်။