ကိုယ်ပိုင် Proxy Sever တစ်ခု တည်ဆောက်ပြီး ပိတ်ထားတဲ့ ဝက်ဆိုက်များကို လည်ပတ်ရအောင်

ဒီ ပို့စ်လေးကို ရေးမိတာက ကိုယ်ချင်းစာမိလို့ပါ။ တစ်ခါတစ်လေ အင်တာနက် လှိုင်းစီးနေတဲ့ အချိန်ဆို ကိုယ် လည်ပတ်ချင်တဲ့ ဝက်ဆိုက်များကို ပိတ်ထားရင် စိတ်က တိုမိပါတယ်။ အဲဒီအချိန်မှာ ပေါ်လာတဲ့ Access Denied ဆိုတဲ့ စာကြောင်းကြီးကို မမြင်ချင်ကြတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ ဒီလိုမျိုးဖြစ်ဖူးကြတဲ့ လူမဆို အဲဒီစိတ်လေး ရှိကြမှာပါ။ ဥပမာ ဘလော့ ရေးနေတဲ့ သူတွေအတွက် www.blogger.com ဆိုတဲ့ ဝက်ဆိုက်မျိုး၊ www.wordpress.com ဆိုတဲ့ ဝက်ဆိုက်မျိုး၊ အင်တာနက် လှိုင်းစီးတတ်တဲ့ လူတွေအတွက် www.youtube.com ဆိုတဲ့ ဝက်ဆိုက်မျိုး၊ စတဲ့ ကိုယ် ကြည့်ချင်းတဲ့ ဝက်ဆိုက်တွေကို မလည်ပတ်ရတာက တော်တော်လေး စိတ်မကြည်ရာ ကောင်းပါတယ်။ ပြီးတော့ အဲဒီလို ပိတ်ထားတဲ့ ဝက်ဆိုက်များကို Proxy website နဲ့ လည်ပတ်ရတာလည်း မပြည့်စုံ မလုံလောက်ပါဘူး။ ဝက်ဆိုက်ကို  ကြည့်ရရုံလေးပါပဲ။ ကျန်တာ ဘာမှ လုပ်လို့ မရပါဘူး။ ပြီးတော့ စောစောရက်တုန်းက သတင်းတစ်ခု ကြားမိလိုက်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ Proxy website ကိုသုံးပြီး အကောင့် လုပ်တာတွေ၊ အကောင့် sign in လုပ်တာတွေမှာ စကားဝှက်တွေ ပျောက်ဆုံးတာတွေ စတဲ့ သတင်းများကို ကြားမိပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကို အမှတ်တရနဲ့ ရေးလိုက်ပါတယ်။ ဒီလို လုပ်ဆောင်တာက အခမဲ့ နည်းလမ်းလေး တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဂျီးမေး အကောင့် တစ်ခုတော့ ရှိမှ ရမှာနော်…။

v  ပထမဆုံး Python 2.6.4 ကို http://www.python.org/download/releases/2.6.4/#download ဆိုတဲ့ လင့်ခ်လေးကနေ ဒေါင်းလုပ် လုပ်လိုက်ပါ။ ပြီးတော့ Installation လုပ်ပါ။ ဘာကြောင့် လဲဆိုတော့ ဒီနည်းလမ်းလေးကို သုံးတာက Google Apps ကို သုံးထားတာပါ။ Google Apps က ပလက်ဖောင် တစ်ခုအနေနဲ့ Python ကို သုံးဖို့ လိုအပ်လို့ပါ။ (မှတ်ချက်။     ။ ဝင်းဒိုးစ် သုံးနေသူများက Windows x86 MSI Installer (2.6.4) ကို နှိပ်ပေးရမှာပါ။)

v  သင့် ကွန်ပျူတာပေါ်မှာ Python 2.6.4 ကို တင်ပြီး ပြီး ဆိုရင် နောက်တစ်ဆင့်က Python အတွက် Google apps engine SDK ကို ဒေါင်းလုပ် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ http://code.google.com/appengine/downloads.html ဆိုတဲ့ လင့်ခ်လေးကနေ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

v  အခုဆိုရင် Google apps engine SDK ကို ကွန်ပျူတာပေါ်တွင် Installation လုပ်ပြီး ဖွင့်လိုက်ပါ။

v  ပြီးတော့ http://hacker9.com/downloads/hacker9_proxy.zip ဆိုတဲ့ လင့်ခ်အတိုင်း Python proxy Script လေးကို ဒေါင်းလုပ် လုပ်ပါ။ ဒေါင်းလုပ် လုပ်ပြီးသွားရင် အဲဒီ Zip ဖိုင်ကို Desktop ပေါ်မှာ Extract လုပ်ပါ။

v  အပေါ်က အဆင့်လေး ပြီးသွားရင်တော့ http://appengine.google.com ဆိုတဲ့ လိပ်စာကို သွားပြီး သင့် ဂျီးမေး အကောင့်နဲ့ Sign in လုပ်လိုက်ပါ။

v  ပြီးတော့ Create an application ကို ကလစ်နှိပ်လိုက်ပြီး ကိုယ်နှစ်သက်ရာ နာမည်တစ်ခု ပေးပါ။ ပြီးရင် သိမ်းထားလိုက်ပါ။

v  အခုဆို သင် ဖွင့်ထားတဲ့ Google apps engine SDK ဆီကို သွားပြီး File ထဲက Add existing application ကို ကလစ်နှိပ်လိုက်ပါ။ ပေါ်လာတဲ့ ဝင်းဒိုးစ်ထဲမှာ သင် Extract လုပ်ထားတဲ့ Python proxy Script ကို ရွေးပြီး Add ကို ကလစ်နှိပ်ပါ။

v  Add ကို ကလစ်နှိပ်ပြီး သွားရင်တော့ your_app_id ကို ရွေးပြီး Edit ကို ကလစ်နှိပ်ပါ။ ပြီးရင် Application field ထဲမှာ your_app_id ကို သင် နှစ်သက်ရာ နာမည်နဲ့ သိမ်းထားတဲ့ app နာမည်နဲ့ အစားထိုးလိုက်ပါ။

v  အဲဒီလို လုပ်ပြီး သွားရင် Edit ဝင်းဒိုးစ်ကို ပိတ်ပါ။ Diploy ဆိုတဲ့ သင်္ကေတလေးကို ကလစ်နှိပ်ပါ။ ပြီးတော့ သင့် ဂျီးမေး အကောင့် ကို ထည့်လိုက်ပြိး OK ကို ကလစ်နှိပ်ပါ။

v  ဒါတွေ ပြီးသွားရင်တော့ သင့် ဝက်ဘ် ဘရောက်ဇာကို သွားပြီး လိပ်စာထည့်တဲ့ နေရာမှာ သင့် apps လိပ်စာကို ထည့်လိုက်ပါ။ ဥပမာ ပြောရရင် nethackerpro.appspot.com ဆိုတဲ့ ပုံစံမျိုး။ ဒါဆိုရင် သင့် Proxy sever ကို မြင်ရပါလိမ့်မယ်။

(မှတ်ချက်။    ။သင် Proxy sever ကို လျှိုဝှက်ထားပါ။ သင့်  proxy လိပ်စာကို ဘယ်သူကိုမှ မပြောပါနဲ့။ မတော်လို့ တာဝန်ရှိသူတွေက သိသွားရင် သင့် proxy လိပ်စာကို ပိတ်သွားနိုင်ပါတယ်။)

4 comments

  • naywoonni

    January 17, 2011 at 3:20 pm

    လုပ်ကြည့်တာပေါ့

  • kai

    January 17, 2011 at 9:41 pm

    Google apps engine သုံးတယ်ဆိုတော့.. တော်တော်တန်ဖိုးရှိမဲ့ပုံပဲ..။ လုပ်ကြည့်ပါမယ်..။ အဆင်ပြေရင် ပြန်ပြောပါ့မယ်..။

  • etone

    January 18, 2011 at 8:52 am

    စမ်းလုပ်ကြည့်ဦးမယ် … ။ အခု ကြည့်ချင်တာတွေက ပိတ်နေတော့ ကျော်ကျော်ကြည့်ရတာ စိတ်မရှည်ဘူး ။ မြန်မာဝီကီလိခ်လည်း ဒီဇင်ဘာ တစ်ရက်နေ့က တင်တုန်းက ကြည့်လို့ရတယ် … လကုန်လောက်ထိဝင်ကြည့်လို့ရတယ်…အခုကျတော့ပိတ်ထားတယ် …။ 🙁

  • manawphyulay

    January 18, 2011 at 11:54 am

    သုံးတဲ့နေရာက မတူတော့ သုံးတဲ့စက်တိုင်း လိုက်လုပ်ရမှာလား ဟင်……

Leave a Reply