Memory Stick ကို ပိုထည့်ရအောင်

ကိုယ်က ကိုယ့် USB Memory Stick ကို အမြဲတမ်းလိုလို မလုံလောက်ဘူး ဖြစ်နေတယ်ဆိုရင် သူ့ရဲ့ သိုလှောင်မူ ပမာဏကို တိုးစေဖို့ အလွန် လွယ်ကူတဲ့ နည်းလမ်းလေး တစ်ခုတော့ ရှိနေပါသေးတယ်။

ကိုယ့် USB Memory Stick ထဲက ဖိုင်များကို သိမ်းထားချင်သေးတယ်ဆိုရင် သူ့ထဲက ဖိုင်များကို ကွန်ပျူတာရဲ့ တစ်နေရာရာကို ကူးထားလိုက်ပါ။ ပထမဦးဆုံး Start ကို ဖွင့်ပြီး Computer ကို ရွေးလိုက်ပါ။ ပြီးတော့ ကိုယ့် Memory Stick ပေါ်ကို ညာကလစ် တစ်ချက်နှိပ်လိုက်ပြီး Format ကို ရွေးပါ။ File System ရဲ့ ရွေးချယ်စရာထဲက NTFS  အမျိုးအစားကို ရွေးလိုက်ပြီးတော့ format ချဖို့အတွက် Start ခလုတ်လေးကို နှိပ်လိုက်ပါ။ format ချလို့ ပြီးသွားပြီး ဆိုရင် Computer window ထဲက ကိုယ့် Memory Stick ပေါ်ကို နောက်တစ်ကြိမ် ညာကလစ်နှိပ်လိုက်ပြီး Properties ကို ရွေးလိုက်ပါ။ General Tab ရဲ့ အောက်ခြေနားက “Compress this drive to save disk space” ဆိုတဲ့ Box လေးကို အမှန်ခြစ်လိုက်ပါ။ အခုဆိုရင် ကိုယ့်ရဲ့ USB Memory Stick ထဲကို ကူးထည့်တဲ့ ဘယ်ဖိုင်ကို မဆို အလိုအလျောက် ချုံ့သွားပါလိမ့်မယ်။ ဒါကြောင့် သိုလှောင်မူ အရွယ်အစားကို နေရာယူမူနည်းသွားပြီး Memory Stick ထဲကို ဖိုင်များ ပိုပြီး ထည့်နိုင်သွားပါပြီ။ ဒီနည်းလမ်းလေးက Memory Stick အရွယ်အစားကို ပိုပြီး ထည့်နိုင်သွားဖို့ အခမဲ့ နည်းလမ်းလေးတစ်ခု ဖြစ်ပါတယ်။