မိုးသက်လေပြင်း

ဆူးJanuary 17, 20111min8115

ယမန်နေ့မြန်မာစံတော်ချိန် .. ည ၁၁ ဝန်းကျင် ..
နေရာ … ဗန်းမော်မြို့ ..
မိုးသက်လေပြင်းများကျရောက်ပြီး .. နာဂစ်အလားမွှေနှောက်သွားပါသည် ..
၁၅ မိနစ်ခန့်သည်းထန်စွာ အိမ်အမိုးသွပ်များ ဗလန်းဗလန်း အုန်းအုန်းဗြုန်းဗြုန်းပြီးသကာလ ..
ရပ်တန့်သွားသဖြင့် .. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြည့်ရာ ..
ဂေါ်လီလုံးခန်ရှိသော မိုးသီးများအား တွေ့ရှိရသဖြင့် မှတ်တမ်းထားရှိပါသည်

15 comments

  • ဆူး

    January 17, 2011 at 4:02 pm

    ရန်ကုန်မှာ မိုးကလည်း အရူးကျနေတာဘဲ.. အခု စာတင်တဲ့ အချိန်မှာ မိုးတွေ သည်းကြီး မဲကြီး ရွာတယ် တင်ပြီးချိန်မှာ မိုးမရွာတော့ဘူး သူမဟုတ်သလိုဘဲ.. အခုရွာ အခုတိတ်..

  • unclegyi1974

    January 17, 2011 at 4:03 pm

    အဟုတ်ကြီးလားဆူးရေ
    သတင်းပုံလေးပါတင်ပေးပါလား
    ရွှေပြည်နန်း ကတော့ဘာမှအပြောပါလား

  • ဆူး

    January 17, 2011 at 4:05 pm

    သူငယ်ချင်း တယောက် မှတ်တမ်း ဆိုပြီး ဝင်ရေးပေးသွားတာ ကို ကူးပြီး တင်ပေးတာ။ ပုံတော့ မရှိဘူး အန်ကယ်ကြီးရေ..

  • weiwei

    January 17, 2011 at 4:06 pm

    ဂေါ်လီလုံးခန့် မိုးသီးကို တစ်ခါမြင်ဖူးတယ် .. မန်းလေးသွားလည်တုန်းက အဲဒီမှာ မိုးရွာတုန်းက …
    ရန်ကုန်မှာတော့ တစ်ခါမှ မတွေ့ဖူးဘူး ..

  • ဆူး

    January 17, 2011 at 4:08 pm

    မိုးသီးတွေ ခေါင်းပေါ်ကျရင် ခေါင်းပေါက်နိုင်တယ်နော်.. အဲလောက် ကြီးတာတွေ ဆိုတော့.. တွေးမိရင် လန့်စရာကြီး..

  • unclegyi1974

    January 17, 2011 at 4:16 pm

    ခေါင်းပေါက်တယ်ဆိုတော်သေးတာပ
    တကယ်ကျရင်နွားတောင်သေတယ်ဆူး ရေ

  • ဆူး

    January 17, 2011 at 4:23 pm

    အမလေး သေရချည်ရဲ့ အန်ကယ်ကြီးရယ်.. တကယ်ကြီးလား.. ဒါဆို အမိုးအကာအောက် အမြန်ပြေးရမှာပေါ့နော်.. ကြောက်စရာကြီး.. ကျည်ဆံ တွေ ကြားထဲမှာ ပြေးသလို တောင် မျက်စိထဲမှာ မြင်မိတယ်။

  • etone

    January 18, 2011 at 7:11 am

    အဲ့ဒီလေပြင်းက ဗန်းမော်မှာ မတိုက်ရပဲ ဟိုမှာသွားတိုက်ရမှာ ။
    မိုးသီးကလည်း အဲ့ဒီ အကောင်ထိပ် တည့်တည် ကျရမှာ ။

  • darkoosky

    January 18, 2011 at 8:07 am

    ဘယ်မှာလဲ တိတိကျကျပြောဗျာ

  • လင်းဝေကျော်

    January 18, 2011 at 8:37 am

    ရန်ကုန်မှာမနေ့ညက မိုးသည်းသည်းကြီးကိုရွာပါတယ်။
    အီးတုံးရေ ဘယ်အကောင်ရဲ့ ငယ်ထိပ်ပေါ်တည့်တည့်ကျပြီး မာလကီးယားစေချင်တာတုန်း?

  • နီလေး

    January 18, 2011 at 9:19 am

    ယမာန်နေ့ည ၁၂နာရီရဲ့မိုးလေဝသတိုင်းထွာချက်အရ မြန်မာတစ်နိုင်ငံလုံး မိုးသက်လေပြင်းကျရောက်နိုင်ပါသဖြင့် ဘေးလွတ်ရာသို့အမြန်ပိုးခိုနိုင်ပါရန် ကြိုတင်သတိပေးအပ်သည်ခင်ဗျားးးးးးးးးးးးးးးးးး ဟမ်းဟမ်း (ချောင်းဟန့်သံ)

  • kai

    January 18, 2011 at 9:29 am

    ရန်ကုန်မှာ မိုးရွာတယ်ဆိုပေမဲ့.. ကယ်လီဖိုးနီးယား-လော့စ်အိန်ဂျလိစ်ကတော့ … ဆောင်းခေါင်ခေါင်.. နွေလောက်ပူနေပြန်သဗျို ့..။
    အကုန် တီရှပ်တွေနဲ့ ဟော့နေကြရပြန်ပြီ..။

    တပြိုင်ထဲပဲ.. အရှေ ့မြောက်ပိုင်း..ပြည်နယ်တွေမှာတော့ ..နှင်းမုန်တိုင်းထဲ.. ၄ပေလောက်နှင်းနစ်နေကြလေရဲ့..။

    ဪ..အသင်လောက..။

  • weiwei

    January 18, 2011 at 11:07 am

    ဒီနှစ် ဆောင်းရာသီ တရုတ်ပြည်မှာ အအေးပိုနေတယ် … နှင်းကျလိုက် မိုးရွာလိုက်နဲ့ သုညအောက်မှာချည်းပဲ …
    ကမ္ဘာကြီး ဖောက်ပြန်နေပြီနဲ့တူတယ် ..

  • nyimalay

    January 18, 2011 at 12:33 pm

    အီးတုံး ပြောတဲ့ဟိုနေရာဆိုတာ နာမည် သုံးလုံးနဲ့မြို့ကိုပြောတာ……….
    ဟိုအကောင်ဆိုတာ နာမည်နှစ်လုံးနဲ့သောကြာသားကိုပြောတာ……….ကိုလင်းဝေကျော်ရဲ့
    နာမည်နှစ်လုံးနဲ့သောကြာသားဆိုတာက သဂျီး တဲ့………….. နာမည် သုံးလုံးနဲ့မြို့ဆိုတာက တော့ သဂျီးနေတဲ့မြို့ပေါ့…………..

    မှတ်ချက်။ ။သဂျီး = အကြီးဆုံးပုဂ္ဂိုလ် 😛

  • ဆူး

    January 18, 2011 at 1:55 pm

    မနေ့ညက မိုးရွာလိုက်ပေမဲ့ ဒီနေ့ အချမ်းမပိုတဲ့ အပြင် အအေးတောင် လျော့သွားတယ်။ ဟိုရက်က မိုးရွာပြီး အေးလာတယ် ဒီရက်ပိုင်းတော့ ဘယ်လိုနေမလဲ မသိဘူး ဒီနေ့တော့ မအေးဘူး

Leave a Reply