အချိုသင်္ကြန် အတိုသင်္ကြန် အငိုသင်္ကြန်

ကျနော်တို.ငယ်ငယ်က မန်းလေးသင်္ကြန်ဆိုတာ မရောက်ခင် တစ်လလောက်ကတည်းက ကြိုလို.ပျော်ရတာပါ။
မတ်လ ကုန်ခါနီးရင် ကျနော်တို. ကျောင်းသားတွေရဲ. အတန်းတင်စာမေးပွဲကြီးကလဲပြီးပြီလေ။
ရပ်ကွက်တိုင်းရပ်ကွက်တိုင်းမှာလဲ သင်္ကြန်ယိမ်းကဘို. အတွက် အရပ်ထဲက ကျယ်ကျယ်လွင်.လွင်.လဲရှိ
များလှတဲ.ကရိကထတွေ ပြသနာတွေကိုလည်း သည်းညည်းခံနိုင်
သင်္ကြန်ပိုးကလဲ.အပြည်.ရှိနေတဲ.
ဝါသနာရှင်တစ်ဦးဦးရဲ.အိမ်မှာ စုလို.အကတိုက်ကြပါတယ်။
ဒီအချိန်ဆိုရင် အရပ်ထဲက တီးတတ်မူတ်တတ်သူတို. အကနည်းပြမာမီတို.ခေါင်းလေးမော.လို.မျက်နှာပွင်.ကြတဲ.အချိန်လဲဖြစ်ပါတယ်။
ဘာလို.လဲဆိုတော.
တစ်ချို.ငွေကြေးတတ်နိုင်တဲ.ရပ်ကွက်တွေကတော. အပြင်မှာနာမယ်ရတဲ.နာမယ်ကြီးတဲ.အနုပညာရှင်တွေကို သင်.တင်.သော ငွေကြေးပူဇော်လို. အရပ်ထဲက ကချင်ဆိုချင်တဲ.ကလေးမလေးတွေကို ခေါ်ပြီးသင်ပေးကြ
အကတိုက်ကြပေမဲ.
ငွေစိုက်ထုတ်မဲ. ဒကာတော် မရှိတဲ.ရပ်ကွက် အများစုကတော.ကို်ယ်.ရပ်ကွက်မျက်နှာမငယ်အောင် သင်္ကြန်အဖွဲ.ထွက်ကြရတာလေ။
ဒီတော. ဖိုးတီးချင် ဖိုးဆိုချင် တို.နဲ.အတူ အက သင်ပေးမယ်. ကတတ်တဲ.မာမီတို.ကိုအပူကပ်ရတော.တာပေါ.။
ည ညဆိုအကတိုက်ပြီဆိုတာနဲ. ရပ်ကွက်ထဲက ကလေးလူကြီးမကျန်အကတိုက်တဲ.အိမ်မှာ စုုလို.ဝိုင်းအုံပြီးအားပေးကြတာကို က ပွဲကလေးတစ်ခုပါဘဲ။
ကြည်.ရုံနဲ.တင်ပြီးတယ်မမှတ်ပါနဲ. ဘယ်သူက ဘယ်လို ဘာညာသာရကာတွေဝိုင်းပြီးဝေဖန်လိုက်ကြရတာလဲ အမောပါဘဲ။
ကျနော်တို.လူပျိုပေါက်တွေကတော. ကိုယ်အရပ်ကလွဲလို.ကျန်တဲ.ရပ်ကွက်မှန်သမျှကိုလိုက်အားပေးပြီး
အလှမယ်ကို ကြိုတင်လို.ရွေးထားပါတယ်။
ဒါတောင် တစ်ချို.အရပ်ခံတွေက ကျနော်တို.လိုလှည်.အားပေးတဲ.သူကိုလက်မခံချင်ပါဘူး သူတို.ဘယ်လိုကတယ် ဘယ်သီချင်းတွေဆိုတယ ်စတာတွေကိုလာပြီး သတင်းထောက်လှမ်းတယ်ထင်လို.ပါ။
ဒါက ငယ်ဘဝလေးကို ပြန်သတိရကြည်.တာပါ။
အခုခေတ်ကတော. သည်လိူယိမ်းတွေဆိုတာ ဌာနဆိုင်ရာတွေလောက်သာရှိတော.တာပါ။
ယိမ်းတိုက်လဲ အရပ်ထဲကလူတွေက မကြည်.အားပါဘူး လေ ကိုရီးယားဇာတ်လမ်းတွဲလေး ဇာတ်ရှိန်မြင်.နေတာလေး အဆက်ပြတ်သွားမှာစိုးလို.ပါနော်။
တကယ်တော.မြန်မာ.သင်္ကြန်ဆိုတာ မင်္ဂလာရှိတာတွေကိုသာ သယ်ဆောင်လာသော နေ.ထူးနေ.မြတ်ပါ။
သည်ရက်တွေဆိုရင် အားလုံးသော လူတွေသည် ကောင်းမူ.တွေကိုဆောင်ရွက်ဘို.သာစိတ်ထဲမှာရှိနေပါတယ်။
လူငယ်လူကြီးကျားမ မရွေး
တစ်ချို.က ဒုလ္လဘ ရဟန်းခံမယ် သီလရှင်ဝတ်မယ် တစ်ချို.ကတစ်ရားစခန်းဝင်မယ် တစ်ချိ.ကလဲအိမ်မှာနေပြီးဥပုသ်စောင်.မယ် အလှူအတန်းတွေလုပ်ကြမယ်ပေါ.။
လူကြီးမိဘ ဆရာသမားတွေကို ကန်.တော.မယ် ။
တစ်ချို.ကလဲ နှစ်ဟောင်းက အညစ်ပေါင်းစုံကို အတာရေနဲ.ဆေးဘို.အတွက် ပြင်ကြဆင်ကြဆောက်ကြပေါ.။
အားလုံးသောလူတွေရဲ.စိတ်ထဲမှာ စိတ်ချမ်းမြေ.စရာ ပျော်ရွင်စရာတွေကိုသာ ရင်ထဲ ထည်.ပြီးထားတယ်ဆိုတော.ဘယ်လိုဘဲပြောပြော အေးချမ်းပါတယ် ချိုမြပါတယ် ကျက်သရေရှိပါတယ်။
သင်္ကြန်သီချင်းလေးတွေကလဲ ချိုပါတယ် သင်္ကြန်ဒိုးသံလေးကလဲချိုပါတယ် လူတိုင်းရဲ.စိတ်ထဲမှာလဲ အချိုတွေဘဲ စုနေမှာကတော. အသေအချာပါဘဲ။
ကျနော်ကြုံခဲ.ရသော ကောင်းမြတ်တဲ.အချိုသင်္ကြန်ပါခင်ဗျာ။

သည်နှစ်2010 သင်္ကြန်မှာတော. မဏပ်မှာတာဝန်ကျပါတယ်။
ကျနော်တို. လုပ်ငန်းကဖြန်.ချိတဲ.စီးကရက်ကို ကြော်ငြာတဲ.အနေနဲ.ကြဲဘို. အလုပ်ကပေါ်လာပါတယ်။
သည်တော.မဏပ်ကို တာဝန်အရနေ.တိုင်းရောက်ရတာပေါ.။
ငယ်ငယ်ကဆိုရင် သင်္ကြန်ကို ကားနဲ.နေ.တိုင်းလည်ပါတယ် ကားငှားဘို. အဆင်မပြေရင်စက်ဘီးပေါ. ဘာဆန်းတာမှတ်လို.။
ခုနောက်ပို်င်း သင်္ကြန်မဏပ်တွေကို ကျုံးပါတ်ပါတ်လည်ကို ပြောင်းလိုက်ကတဲက တစ်နှစ်လည်ပြီးလန်.သွားတော. တာပါဘဲ။
ကျုံးတစ်ဖက်ကို တစ်ရက်ကြာတာကိုးဗျ။
ဘယ်မှလဲမရောက်ဘဲ သည်နေရာတစ်နေရာထဲမှာ အကြာကြီးရပ်ထားရတော.ပျင်းလိုက်တာဗျာ။
ဒါနဲ.ဘဲနောက်နှစ်တွေကြတော.လယ်ဘို.လာခေါ်ရင် ” ဟင်.အင်း”ပါဘဲ။
ကျနော်တို.လည်ကြတုံးက မန်းလေးမြို.လေးပြင်လေးရက်မှာ မဏပ်တွေချည်းဘဲလေ စိုနေတဲ.ရေလေးခြောက်ပြီဆိုရင်နောက်တစ်ခုရောက်ရော ပြန်စိုပြန်ရော။
မနက်ကတည်းက ထွက်လိုက်တာ နေ.လည်ဆိုအိမ်မပြန်ဘဲ တောင်သမန်အင်းတို. ကုသိုလ်တော်ဘုရားတို. အောင်ပင်လယ်ကန်ပေါင်ရိုးတို.မှာ ထမင်းစားကြနားကြ နေအေးရင်ပြန်ပြီူးရေပက်ခံထွက်
ညကျ ရင် အကအဖွဲ.တွေလိုက်ကြည်. အိမ်ပြန်ရောက်ရင် ညသန်းခေါင်ယံ။
နောက်နေ.မနက်တစ်ခါပြန်ထွက် သင်္ကြန်လဲပြီးရောပါးတွေကိုပါတ်ကြားအက်လို.။
အဲသည်တုန်းကတော. ဝတ်ကြစားကြတာယဉ်ကျေးပါတယ်။
လုံလုံကလေးပါဗျာ။
တစ်ခါတစ်ခါ ယိမ်းကနေ.တဲ. အလှမယ်လေးတွေ လက်မြောက်ကလိုက်ရင် ဘဲဖြစ်ဖြစ် ခြေကလေးယမ်းလို.ကလိုက်ရင်ဘဲဖြစ်ဖြစ် မမြင်သာမြင်သာပေါ်လာတတ်တဲ.
ဝင်းဝါနေတဲ. အသားလေးများကိုမြင်လိုက်ရင် ရင်တွေတောင်ခုန်လာတတ်ပါတယ်။
ုကိုယ်.တံတွေးကို ကိူယ်ပြန်ပြီးမျိုချလိုက်ပါတယ် ဂလု လို.ပေါ.။
အခုမဏပ်ပေါ်လဲရောက်ရော တက်လာကြတဲ. အဆိုတော်တွေ ခေတ်ပေါ်အကအဖွဲ.တွေက အားလုံးကတော. ပေါင်လည်ထိသာပါတဲ.ဘောင်းဘီတို စကပ်အတို အားလုံးဝတ်ထားတာ အတိုတွေနဲ.ချည်းပါဘဲ။
ပေါင်တံတို ပေါင်တံတို ပေါင်တံညို ပေါင်တံဖြူ အားလုံး အလန်းလေးတွေးချည်းပါဘဲ။
ဒါအောက်ပိုင်းပါ အပေါ်ပိုင်းကလည်း ကိုယ်.ရှေ.မှာ လာပြီးခါးမကုန်းပါစေနဲ.လို.ဆုတောင်းနေရပါတယ်။
ဒါလောက်ဆို ပေါက်ပါတယ်နော်။
အစကတော.ဒါ အနုပညာသည်တွေမို.လို.ထင်မိတာကိုး။
ရေပက်ခံကားပေါ်က မိန်းကလေးများကလည်း အားလုံး ဒါမျိုးလေးတွေဘဲများပါတယ် ။
ဆိုင်ကယ်တစ်စီးကိုသုံးယောက်စီးလို.လည်တဲ. ညကလေးတို. ညကြီးတို.ကလဲ အတိုစတိုင်နဲ.မြိုင်မြိုင်လေးပါဘဲ။
ဟိုအရင်တုံးကလို.များ တစ်ခါမြင်လို.တစ်ခါ ဂလုမိရင် အသက်တောင်ရူချိန်ရမယ်မထင်ပါဘူး။
ကိုယ်က သာ သူတို.ကြည်.ပြီး အတွေးတွေများနေတာပါ သူတို.လေးတွေကတော.အေးဆေးပါ ။
သူတို.ကိုကြည်.နေတယ်လို.တောင်မထင်ပါဘူး။
အားလုံးကိုတော.မဆိုလိုပါဘူး ။
ဘာဘဲဖြစ်ဖြစ်ကျနော်မြင်ခဲ.ရတာကတော.” အတိုသင်္ကြန်”ပါခင်ဗျာ။
အခုသည်ဘက်ခေတ်မှာ ကိုရီးယားလှိုင်းကြောင်. ခေတ်မှီကုန်တာလား
ယောမင်းကြီးဦးဖိုးလိုှင်ရဲ. ” ဘီယာသည် ဗျစ်နှင်.တူ၏”ဆိုတဲ.ရှေးလူကြီးစကားကိုနားထောင်လို..လား
ဒါမှ မဟုတ်သင်္ကြန်စူပါစတား ကိုနေအောင်ရဲ. ” ဘီယာဟာ အရက်တော.မဟုတ်ပါ”ဆိုတဲ.ကြော်ငြာကို သဘောကျလို.လားတော.မသိပါ မိန်းကလေးတော်တော်များများ ကဘီယာကို ယောက်ျားလေးတွေနဲ.ဆိုင်မှာ အတူထိုင်လို.သောက်ရဲတဲ.အထိသတ္တိတွေရှိလာတာကိုမြင်ရပါတယ်။
ဟိုအရင်တုန်းက ခေတ်မမှီဘူးဆိုရင်ဆိုပေါ.ဗျာ မိန်းကလေး အရက်သောက်တယ်ဆိုတာ သိပ်ကိုဘိုဆန်လွန်းတဲ.သူတွေရယ် သိပ်ကိုခေတ်မှီတယ်လို.သတ်မှတ်တဲ.မိန်းကလေးများရယ်
အကျင်.မကောင်းဘူးလို.သတ်မှတ်နိုင်တဲ.ခပ်ပျက်ပျက်မိန်းကလေးများမှာသာတွေ.ရပါတယ်။
ဘီယာဆိုင်ထဲမှာ ကားပေါ်မှာ ဆိုင်ကယ်ပေါ်မှာ လမ်းဘေးမှာ မိန်းကလေးများ ဘီယာမူး နေတဲ.မြင်ကွင်းတွေကိုတွေ.ရတော. သူတို.အတွက် မဆီမဆိုင် စိတ်ပူမိပါတယ်။
မူးနေမှတော.ဖြစ်ချင်ရာတွေဖြစ်ဘို.ကတော. ရာနုန်းပြည်.ပါခင်ဗျာ။
မူးနေတော.လဲ ကောင်လေးက “ဟေ. မိချိုသဲ ငါ.နောက်ကလိုက်ခဲ. “လို.ခေါ်ရင် အဆင်သင်.ပါခင်ဗျာ။
သည်တော.လဲ သည်လိုမိန်းကလေးများအတွက်နောက်ဆက်တွဲပြသနာတွေကလဲဝင်လာမစဲတသဲသဲကတော.အသေအချာပါဘဲ။
ယောက်ျားလေးတွေကရော မနက် မတည်းက သောက်လိုက်ကြတာ အလဲအကွဲပါ။
ဆိုင်ကယ်ကလဲ မောင်းလိုက်ကြတာ တဗြဲဗြဲပါ။
ကောင်းပြီးမောင်း တော.တိုက်ပေါ.။
လမ်းပေါ်မှာ ကွဲနေတဲ.မှန်ကွဲစတွေ တို.သွေးကွက်တွေတို.တွေ.လိုက် ရင် သွားပြန်ပေါ.တစ်ယောက်ပေါ.။
လမ်းဘေးမှာ ပုံထားတဲ. တိုက်ထားတဲ.ဆိုင်ကယ်အပျက်တွေ.လိုက်ရင်လဲ သွားပြန်ပြီနောက်တစ်ယောက်ပေါ.။
ဟိုနားမှာ တိုက်လို. ရန်ဖြစ်ပြီးရိုက်ကြလို.ဆိုတဲ. သတင်းတွေကတော. မဆန်းတဲ.သတင်းတွေပါ။
မနေ.ကကြားလိုက်ရတဲ.သတင်းကတော. ရန်ကုန်က အိပ်စ်တူးအို မဏပ်မှာ ဗုံးပေါက်လို. လူတွေသေကြဒဏ်ရာရကြတာကိုသတင်းမှာကြည်.လိုက်ရ ကြားလိုက်ရတော. စိတ်မကောင်းပါဘူး။
သူတို.ရဲ.ကျန်ခဲ.တဲ.မိသားစုကတော. သနားစရာပါ။
သင်္ကြန်မှာ အပျော်လွန်ကြတဲ.အတွက် နောင်တွေ.လာရမယ်.အကျိုးဆက်ကတော. ရလာမယ်.ဆိုးကျိုးတွေကိုဘဲမလိုချင်လည်းလက်ခံရမှာပါ။
နောက်ဆုံးတော.လဲ သင်္ကြန်ကလည်း “အငိုသင်္ကြန် “ဖြစ်သွားပါရော။
ဒါပေမဲ.လည်း ဘယ်လိုဘဲဖြစ်ဖြစ်နောင်နှစ်သည်အချိန်ရောက်တာနဲ.သင်္ကြန်ဆိုတာ ထပ်ပြီးလာအုံးမှာပါ။
နောင်နှစ်ကျတော.ရော ဘာသင်္ကြန်လို.များ နာမယ်ပေးရပါ.နော်။

One comment

  • susunosuki

    April 19, 2010 at 9:13 am

    ကိုယ့်လူမျိုးရဲ့ ရိုးရာကိုထိန်းသိမ်းတာကောင်းတယ်
    သင်္ကြန်ကို မူးရစ်ဆေးဝါးနဲ့ အရောင်းဆိုးတာမကောင်းဘူး
    နောက်ပြီးတော့ သင်္ကြန်မှာ သောက်တဲ့ မိန်းကလေး ယောကျင်္ားလေးတွေက
    အရက်သမား သိက္ခာချတဲ့ သူတွေပါ
    ကျွန်တော်ဆိုသောက်တတ်တယ်
    သင်္ကြန်မှာ မသောက်ဘူး သူတို့နဲ့ ရောသောက်တာ သိက္ခာကျလို့
    ဘာမှန်းမသိဘူး ထခါတလေ လောက်သောက်ပြီး လျှောက်သောင်းကျန်းတယ်
    ရန်ဖြစ်လို့ဖြစ် မူးမောင်းတာကလည်း တစ်မှု့
    မိန်းမတွေ ပိုဆိုး
    တစ်ခါလောက်သောက်ရင် ကို သူတို့ဘဝကြီး က နတ်ပြည်ရောက်သွားပြီလားမှတ်ရတယ်
    လွင့်နေတော့တာ

Leave a Reply