အောင်မြင်တိုးတက်ရန်ထောက်ကူပြုမည့်အချက်များ

လင်းဝေJanuary 18, 20111min775

ဒီနေ့တော့ တက်ကျမ်းကောက်နှုတ်ချက်လေးတွေပဲ တင်ပေးပါရစေ။

အပျင်းလည်းပြေ စိတ်ဓါတ်အင်အားလည်းတိုးစေဖို့ ရည်ရွယ်ရင်းပါ။ ဒီအချက်ကလေးတွေက အထူးအဆန်းမဟုတ် ကြားနေကျ ဖန်တရာတေ တွေဖြစ်ပေမယ့်လည်း ပေါ့ပေါ့တွေးရင် ပေါ့ပေါ့လေးပါပဲ။ လေးနက်စွာ ဆင်ခြင်ရင်တော့ လည်း တကယ်ထူးခြားသောအချက်တွေဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။

ဘယ်သူမဆို သူ့နယ်ပယ်မှာ သူ့နည်းသူ့ဟန်နဲ့ အောင်မြင်လိုတာ ရှိစမြဲမို့ အောင်မြင်တိုးတက်ရန်ထောက်ကူပြုမယ့် အချက်များကို ဆင်ခြင်တွေးဆ မှတ်ယူကျင့်ကြံနိုင်စေဖို့ မျှဝေပါတယ်။

၁။ ကတိအပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။

၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။

၄။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။

၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။

၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။

၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။

၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။

၁၁။ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကို ဖြစ်စေသည်။

၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။

၁၃။ သင်၏ ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာ မူတည်ပါလိမ့်မယ်။

၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ် မပြုလုပ်သင့်။

၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။

၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။

၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။

၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအား မလိုက်စားသင့်။

၁၉။ သူတစ်ပါးတို့အား ကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကို ဂရုမစိုက်သင့်။

၂၀။ ကောင်းသောစိတ်ထားခြင်း၊ ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။

၂၁။ မှန်မှန်ကန်ကန်နှင့် ကြိုးစားမှုကြောင့် တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။

၂၂။ ညအိပ်ယာဝင်သည့်အခါ တစ်နေ့တာ လုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။

၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့် အကြောင်းမရှိနိင်။

၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှ အကောင်အထည်ဖော်ရာ၏။

၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွာမှုမဖြစ်စေပဲ လက်များကို အကျိုးရှိစွာ အသုံးချပါ။

၂၆။ ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုး မကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။

၂၇။ အကျင့်စရိုက် ကြမ်းတမ်းသူများနှင့် အတူတကွမနေသင့်။

၂၈။ ဩဇာအာဏာ ရှိသူသော်ငြားလည်း ယုတ်မာရက်စက် လူမဆန်သူများနှင့် ဝေးဝေးနေသင့်၏။

၂၉။ သူတော်မဟုတ် သူယုတ်တို့နှင့် ကင်းကင်းနေက ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရ၏။

၃၀။ ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတ ဆောင်ရွက်ငြားက မိတ်ကောင်းသဟာ ပေါကြွယ်ပါ၏။

___________________________________
သင့်အတွက်အရေးကြီးတဲ့အချက်များ
*************************************************

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်

၁။ ရေများများသောက်ပါ

၂။ မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။

၃။ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

၄။ ဘဝမှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

၅။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

၆။ အားကစား များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

၇။ ပြီးခဲ့တဲ့နှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

၈။ တစ်ရက်မှာ ၁ဝ မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

၉။ တစ်ရက်မှာ ရ နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

၁၀။ တစ်ရက်မှာ ၁ဝ မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော်။

ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်လို့

၁၁။ ကိုယ့်ဘဝကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

၁၂။ ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

၁၃။ အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. အချိန်အတိုင်းအတာ တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

၁၄။ ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

၁၅။ ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

၁၆။ အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

၁၇။ မနာလို ဝန်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

၁၈။ အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘဝရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

၁၉။ ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

၂၀။ ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

၂၁။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

၂၂။ ဘဝဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သချင်္ာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘဝတစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

၂၃။ များများပြုံးပါ၊ များများရီပါ။

၂၄။ အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

လူမှုရေးနဲ့ပတ်သက်လို့

၂၅။ သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

၂၆။ အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

၂၇။ လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။

၂၈။ အသက် ၇ဝ ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် ၆ နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

၂၉။ တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

၃၀။ တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

၃၁။ သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

ဘဝနဲ့ပတ်သက်လို့

၃၂။ မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

၃၃။ အသုံးမဝင်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

၃၄။ ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

၃၅။ အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

၃၆။ ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။

5 comments

  • unclegyi1974

    January 18, 2011 at 4:07 pm

    လင်းဝေကျော်ရေ ကောင်းတော့ကောင်းတယ်
    မျက်စိစပ်တယ်
    အခုခေတ်လူငယ်တွေဒီစာတဝက်လိုက်နာနိုင်ရင်

  • bigcat

    January 19, 2011 at 4:36 am

    ၁။ ကတိအပေးနည်းပါစေ။ (တပ်ချုပ်ကြီးကိုအတုယူကြ၊ သွားလေသူ ဦးစောမောင်လို မမိုက်ဘူး)

    ၂။ အမှန်ကို အမြဲပြောပါ။ (ဇာဂနာလို ဖြစ်ချင်တယ်ပေါ့)

    ၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။ (တလုပ်ကီးကိုပြောတာရား)

    ၄။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။ (ကိုယ်ကောင်းကြောင်းပဲပြောရမယ်ပေါ့)

    ၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ (အပေါင်ဆိုင်၊အကြွေးဝယ်ကတ်တွေပုံလို့)

    ၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။ (စစ်ဗိုလ်ဖြစ်ရင် ပြီးပါတယ်)

    ၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။ (အဲဒါတော့ ပုပုနဲ့ပြော)

    ၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။ (အနှိပ်မယ်လေးတွေ တန်ရာတန်ကြေးရမှ သွားကြဟေ့)

    ၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။ (သေချာပေါက်အောဂဏန်း ဆိုရင်ကောဗျာ)

    ၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။ (မပေါက်ကြားစေချင်ရင် လျှို့ဝှက်ချက် မရှိသင့်)

    ၁၁။ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကို ဖြစ်စေသည်။ (တကယ်ရား..မြန်မာပြည်အတွက် ပြောတာဟုတ်ဘူးနော်)
    ၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။ ( ကြိုတင်ကာကွယ်သည့် အနေနှင့် မိမိကစတင် ချေးဌားပါ)

    ၁၃။ သင်၏ ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာ မူတည်ပါလိမ့်မယ်။
    (နိုက်ကလပ်၊ အနှိပ်ခန်း စီးပွားရေးလုပ်လေ)

    ၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ် မပြုလုပ်သင့်။ (လက်ရှိငွေဖောင်းပွနှုန်းနဲ့ သဂြိုလ်စရိတ်က မနဲမနော)

    ၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။ (အချင်းချင်းဆိုရင်ကော)

    ၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။ (အို..ပေါမှပေါ)

    ၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။ (ကြွေးတင် ရှင်ဘုရင်ဆပ်)

    ၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအား မလိုက်စားသင့်။ (မီးကုန်ယမ်းကုန် ခံစားပါ)

    ၁၉။ သူတစ်ပါးအား ကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကို ဂရုမစိုက်သင့်။ (အဖမ်းအဆီးတော့သတိပြု)

    ၂၀။ ကောင်းသောစိတ်ထားခြင်း၊ ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။ (လက်တွေ့တော့ လုပ်ချင်တာလုပ်နိုင်တယ်ပေါ့)

    ၂၁။ မှန်မှန်ကန်ကန်နှင့် ကြိုးစားမှုကြောင့် တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။ (တိုးပြီးတက်ပေအုံးတော့ ဘတ်စ်ကား)

    ၂၂။ ညအိပ်ယာဝင်သည့်အခါ တစ်နေ့တာ လုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
    နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။ (သွားတိုက်ဖို့လည်းမမေ့နဲ့)

    ၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့် အကြောင်းမရှိနိင်။ (မြားဖာသာမြားနေတာကို သူလာပြုံးပြတာ)

    ၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှ အကောင်အထည်ဖော်ရာ၏။ (အဘကိုမေ့ထားတာကိုး)

    ၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွာမှုမဖြစ်စေပဲ လက်များကို အကျိုးရှိစွာ အသုံးချပါ။ (ဘတ်စ်ကားကြပ်တာတော့ လက်သွက်တာပေါ့)

    ၂၆။ ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုး မကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။ (သူနဲ့ပေါင်းလိုက်ရင် အတူတူဖြစ်သွားပြီလေ)

    ၂၇။ အကျင့်စရိုက် ကြမ်းတမ်းသူများနှင့် အတူတကွမနေသင့်။ (အိုး..သူကြမ်းကိုယ်ကြမ်းပေါ့)

    ၂၈။ ဩဇာအာဏာ ရှိသူသော်ငြားလည်း ယုတ်မာရက်စက် လူမဆန်သူများနှင့် ဝေးဝေးနေသင့်၏။ (သဂျီးကိုပြောတာ မဟုတ်လား။ ကဲသဂျီးရေ အပြောမခံရအောင် သက်သတ်လွတ်စား၊ ဝိပဿနာရှု)

    ၂၉။ သူတော်မဟုတ် သူယုတ်တို့နှင့် ကင်းကင်းနေက ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရ၏။ (တပ်ချုပ်ကြီး နေပြည်တော်ကို ထွက်ပြေးတာပဲကြည့်တော့)

    ၃၀။ ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတ ဆောင်ရွက်ငြားက မိတ်ကောင်းသဟာ ပေါကြွယ်ပါ၏။ (သမီးယောက်ဖ စကားပုံအတိုင်းပေါ့)

  • etone

    January 19, 2011 at 6:38 am

    ဦးလေး … ဘယ်နားက ကူးထားတာလဲ မြင်ဖူးသလိုပဲ ဟိဟိ 😀

  • လင်းဝေကျော်

    January 19, 2011 at 8:15 am

    မစ္စတာကြောင် အလွန်ကောင်းတဲ့ မှတ်ချက်များအတွက် ကျေးဇူးတင်ပါသည်။
    ဘာတဲ့… အိုး.. သူကြမ်းကိုယ်ကြမ်းပေါ့

    ကဲ မီးကုန်ယမ်းကုန်ခံစားလိုက်ကြပါစို့

  • manawphyulay

    January 20, 2011 at 3:32 am

    ၁။ ကတိအပေးနည်းပါစေ။ (ပေးကို မပေးတော့ဘူးနော်)

    ၂။ အမှန်ကို အမြဲပြောပါ။ (မှန်တိုင်းလည်း မကောင်းဘူး)

    ၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။ (မိတ်ဆွေကောင်းထားရှိဖို့ ကိုယ်တိုင်မိတ်ဆွေကောင်းပီသဖို့လိုပါတယ်)

    ၄။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။ (ပြောဖို့ အချိန်မရှိသေးအတွက် ခုထိတော့ မပြောရသေးပါဘူး။)

    ၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ (လောက်ငှအောင် သုံးချင်သော်လည်း ဝင်ငွေက မလောက်ငှပါ။)

    ၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။ (TTMY ဆိုတာ ပြောစရာ လိုမယ်မထင်။)

    ၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။ (ခုထိတော့ တည့်တည့်မတိုးသေးဘူး။)

    ၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။ (တရာ မရလို့ ၂၀ဝ ပေးစီးနေပါသည်။)

    ၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။ (လောင်းတာဆိုလို့ ရေတောင် မလောင်းပါ။)

    ၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။ (အလုံမှာ ပြောရင် ပေါက်ဘူးထင်တယ်နော်) 😛

Leave a Reply